သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Sunday, March 4, 2012

ဓမ္မစေတီဆရာတော် ယနေ့ ဘန်ကောက်သို့ ကြွရောက်

ဆရာတော်သည် ထိုင်းနိုင်ငံ မဟာချိုင်အရပ်တွင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများကို နိဗ္ဗာန်ရောက်ကြောင်း တရားဒေသနာတော်များ ဟောကြားဖို့ရန်အတွက် ယနေ့ မတ်လ ၄-ရက်နေ့ နေ့လည်တွင် TG 304 လေယာဉ်ဖြင့် ထိုင်းနိုင်ငံသို့ ကြွရောက်တော်မူလာပါသည်။

ဆရာတော်သည် ထိုင်းနိုင်ငံတွင် တရားပွဲများ လေးညတိုင်တိုင် ဟောကြားပါမည့်အကြောင်းနှင့်
မတ်လ ၉-ရက်နေ့တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ကြွရောက်တော်မူမည့်အကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတို့အား နိဗ္ဗာန်အကျိုးမျှော်၍ နိုးဆော်တိုက်တွန်းအပ်ပါသည်။

ဓမ္မစေတီဆရာတော် အကြောင်း လေ့လာလိုသူများအတွက် လင့်ရှာပေးထားပါတယ်။


တရားပွဲနေရာနဲ့ အချိန်များ စုံစမ်းဆက်သွယ်မေးမြန်းလိုတယ်ဆိုရင် 

ကိုဇော် (Tel: 08 5404 4592)။
ကိုစည်သူ (Tel: 08 9771 9189)။

ခင်မင်လေးစားစွာဖြင့်
ခရစ္စတလ်

2 comments:

မဒမ်ကိုး said...

ရှေ့နှစ်ထဲလာရင် မမကိုပါလာတွေ့မယ်း))

ချစ်တဲ့

ဒိုးကန်

သများ said...

ဒီက စောင့်နေသူ :)