သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Tuesday, March 6, 2012

ငါးထောင်တန် ဖုန်းနဲ့ ကျွန်ုပ်တို့နိုင်ငံ

၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။
တန်ဖိုးနည်းတာ များတာထက် ငွေနဲ့ အရည်အသွေး ကိုက်ညီအောင် လုပ်ပေးနိုင်ဖို့က အဓိကလို့မြင်ပါတယ်။

၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။
ပြည်သူတွေကို လူလိုမြင်တဲ့ အစိုးရဆိုရင် ဒီလိုတွေတောင် လုပ်ဖို့မလိုပါဘူး။

၃ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိ ပါသလဲ ။
လွှတ်တော်ထဲရောက်နေတဲ့ အမတ်တိုင်းမှာ လက်ကိုင်ဖုန်းတွေ ရှိပြီးသားမို့ သူတို့ စိတ်ဝင်စားကြပါ့မလား ?

၎ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။
စင်းကဒ်ဈေးနှုန်းက သက်သာပြီး ဟန်းဆက်တန်ဖိုးတွေ မြင့်နေအုံးမယ်ဆိုလည်း ပြည်သူအများ မဝယ်နိုင်ပါဘူးလေ....။ မြန်မာကျပ်ငွေ ငါးသောင်းနဲ့ တစ်သိန်းကြားဆိုရင်ပဲ ပြည်သူအတော်များများ ဝယ်နိုင်ကြမှာပါ။ ဖုန်းလိုင်းအရည်အသွေးလေး ကောင်းဖို့ မျှော်လင့် ကြိုဆိုပါတယ်။

၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။
http://blissofus.blogspot.com/2012/03/blog-post.html အလုပ်ဆိုက်ဘက်မှာ ထိုင်းနိုင်ငံက ဖုန်းဆက်သွယ်မှုတွေနဲ့ ပတ်သက်ပြီး တလက်စတည်းရေးလိုက်ပါတယ်။ ပြီးတော့ ကိုယ့်နိုင်ငံကို ယှဉ်တွဲပြီး တွေးမိပါတယ်။ တဂ်ပိုစ့်ကို ရေးရင်း အများအတွက်လည်း အကျိုးရှိစေဖို့ ဖတ်ကြည့်ပေးပါအုံးနော်။ 
စကားချပ်။   ။အမှန်ကို ဝန်ခံရရင် Tag ပိုစ့်တွေကို လိုက်မဖတ်ဖြစ်ပါဘူး၊ မတော်တဆများ ရေးတာတူနေတာရှိခဲ့ရင် ခရစ္စတလ်က နောက်ကျမှ ရေးတာဆိုတော့ ခွင့်လွှတ်ပါနော်။ မတော်တဆ တိုက်ဆိုင်တာလို့ ပြောပါရစေ။


ငါးထောင်တန်ဖုန်းနဲ့ ပတ်သက်ပြီး အန်တီတင့်နဲ့ သမီးစံတို့ကြောင့် ပိုစ့်ကို ရေးမယ်လို့ ဆုံးဖြတ်လိုက်ပေမယ့် ပိုစ့်ရေးဖို့ ကြာအုံးမယ်လို့ စိတ်ထဲ ထင်နေတာ မထင်မှတ်ပဲ ရေးလက်စ ပိုစ့်သုံးခုကို ကျော်ပြီး ရေးဖြစ်သွားပါတယ်။ စိတ်က အဲသလိုပဲ။ အခြားဘယ်သူတွေ တဂ်ထားသေးလဲ မသိပါဘူး။ မရှိတော့ဘူးထင်ပါတယ်။ အလုပ်များနေတော့ စာတွေကို သိပ်အသေးစိတ် မဖတ်နိုင်ဖြစ်နေပါတယ်။ ဒါကြောင့်ခရစ္စတလ်ကို တခုခု သိစေချင်တာရှိရင် စီဘုံးမှာ ရေးပေးခဲ့ပါနော်။ တခါတခါလည်း ခရီးတွေ ထွက်နေတော့ ပိုစ့်ကျော်သွားရင်လည်း မသိလိုက်မှာစိုးလို့ပါ။ 

အခုတလောတောင် ဟန်းဆက်ပြောင်းချင်သလိုလိုဖြစ်နေသေး :)
သူများတွေ ရှလွတ်တော့ ကိုယ်လည်း ရှလွတ်ချင်သားပဲ။ ဒါပေမယ့် အသုံးလိုမှ ပစ္စည်းဝယ်တတ်တဲ့ စိတ်ကြောင့် ကိုယ်တကယ်အသုံးလိုသလားလို့ မေးချိန်မှာ မရှိလဲ ဖြစ်ပါတယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့်ပေါ့လေ ခြေထောက်နာသက်သာစေတဲ့ ဒေါ်လာငါးဆယ်တန် ဖိနပ်ဝယ်ဖို့တော့ စိတ်ကူးနေပါတယ် :P

ဖုန်းနဲ့ ပတ်သက်ပြီး ပိုစ့်တစ်ပိုဒ်ရေးဖြစ်သွားလို့ တဂ်သူများကို အထူးကျေးဇူးတင်ပါတယ်ရှင်...။
လေးစားစွာဖြင့်
ခရစ္စတလ်

10 comments:

PhyoPhyo said...

ဖတ်သွားပါပြီ။ Bliss of us မှာလည်းဗဟုသုတဖတ်သွားပြီ။
လိုင်းကောင်းကောင်း ပိုက်ဆံသက်သက်သာသာ လူတိုင်းကိုင်နိုင်ပါစေပေါ့။

ခရစ္စတလ် said...

မြန်ကောင်းသက်သာတဲ့ ငါးထောင်တန် ဖုန်းလေးတစ်လုံးလောက် ဝယ်ချင်ပါတယ် သမ္မကြီးရှင့် :)

Anonymous said...

တို့များလည်းအားကျပါရဲ့..မင်းလိုပုံနှယ်း))




ချစ်ခင်လျှက်
မိစံ

ခရစ္စတလ် said...

ပြည်သူတွေလိုချင်တဲ့ ဖုန်းလေး ရနိုင်ရင်တော့ လိုချင်သားကွယ်......

မဒမ်ကိုး said...

မတူပါဘူး မတူပါဘူး သိပ်သိပ်ကိုသဘောကျတာပါနော်
တဂ်မလို့အဲနေ့က ကမန်းကတန်းရေးပြီး စဉ်းစားလို့ရတာချရေးနေတုန်းဘောစိလာတာနဲ့ ပဘလစ်လိုက်တာ ဟိဟိ
ဘာဘဲပြောပြောပါလေ အားလုံးရဲ့စေတနာကတော့ကိုယ်ဖုန်းကိုင်နိုင်နေပေမယ့် မကိုင်နိုင်သေးသူပြည်သူတွေအတွက်စေတနာမို့ လေးစားမိပါတယ်

ချစ်တဲ့

ဒိုးကန်

mstint said...

အားလုံးတူညီတဲ့ဆန္ဒလေးတွေကို တစ်ပြေးညီ
ထုတ်ဖော်ခဲ့ပြီးပြီမို့ ငါးထောင်တန်ဖုန်းလေး
အကောင်အထည်ပေါ်လာလိမ့်မယ်လို့မျှော်လင့်မိတယ်
ခရစ္စတလ်ရေ။ အားလုံးရဲ့တောင်းဆိုမှုတွေကို
သမ္မတကြီးကြားမှာပါ။
ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ခွင့်ရပါစေ။

မေတ္တာဖြင့်
အန်တီတင့်

mstint said...

အားလုံးတူညီတဲ့ဆန္ဒလေးတွေကို တစ်ပြေးညီ
ထုတ်ဖော်ခဲ့ပြီးပြီမို့ ငါးထောင်တန်ဖုန်းလေး
အကောင်အထည်ပေါ်လာလိမ့်မယ်လို့မျှော်လင့်မိတယ်
ခရစ္စတလ်ရေ။ အားလုံးရဲ့တောင်းဆိုမှုတွေကို
သမ္မတကြီးကြားမှာပါ။
ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ခွင့်ရပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခရစ္စတလ် said...

ဟိ ဟိ ရီချင်တယ် ဒမ်ဒမ်ရေ

သမ္မတကြီး ကြားရအောင် နဲနဲ ကျယ်ကျယ်လေး လိုင်းမကောင်းလို့ အော်ပြောလိုက်ပါတယ် အန်တီတင့်ရေ။
အန်တီတင့် ဆုတောင်းလေးတွေ သိပ်သဘောကျတာပဲ :)

မအိမ်သူ said...

အင်းနော်.. မြန်မာပြည်မှာ ထိုက်သင့်တဲ့ အဖိုးအခလေးနဲ့ အရေးကြီးတဲ့အခါမှာ လိုင်းကောင်းကောင်းလေးနဲ့ ပြောလို့ဆိုလို့ရနိုင်တဲ့ ဖုန်းမျိုးလေးရရင် တော်ပါပြီ။

ခရစ္စတလ် said...

quality နဲ့ ပေးရတာတန်ရင် ဘာမှ မပြောလိုပါဘူး အစ်မရယ်။ ရန်ကုန်က နိုင်ငံခြားထွက်လာတဲ့လူတွေများ ဖုန်းပြောရင် အကျင့်ကို ပါနေရော ဖုန်းလေး ကိုင်ပြီး အမိုးအောက်ကနေ ထွက်ထွက် အော်ပြောနေတာ
ကဲ အဲ့ဒါပဲ ကြည့်တော့ :P