သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Thursday, March 8, 2012

“တောင်းဆုတစ်ခုနဲ့ သုမိတ္တာ”

ဆုတောင်းလေးတစ်ခုကြောင့် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း
ကောက်ကောက်ပါအောင် ပါရမီတွေ ဖြည့်ပြီး
နောက်ဆုံးဘဝပုံရိပ်


မတ်လ (၈)ရက်နေ့က ကမ္ဘာ့အမျိုးသမီးများနေ့ဖြစ်ပါသတဲ့ ပိတ်သတ်ကြီးရေ...
အထိမ်းအမှတ်များနဲ့ ပွဲများ ကျင်းပကြသော်လည်း ကျမအနေနဲ့တော့ တယ်လည်း စိတ်ဝင်စားလှတယ် မဖြစ်မိပါဘူး။ သို့သော်လည်း ဒီလိုနေ့မှာ စံထားသော မိန်းမတွေ၊ စံပြမိန်းမတွေ၊ ရာဇဝင်ထဲက မိန်းမမြတ်တွေ စသည် စသည် အငြိမ်းမနေနိုင်တဲ့ စိတ်က တောင်မြောက် အပြေးအလွှားလေး တွေးမိပါရဲ့...။ 

သတင်းတစ်ခုမှာတော့ အမျိုးသမီးများနေ့ဖြစ်တဲ့အတွက် အိမ်ထောင်သည်အမျိုးသားများက ကိုယ့်ဇနီးမယားကို အမှတ်တရလက်ဆောင်တွေ ပေးကြလို့ ဈေးတွေ ပန်းခြံတွေမှာ စည်စည်ကားကားပြသသွားပါရဲ့။ ချစ်သူစုံတွဲတွေ မဟုတ်ပါဘူး။ ကာလံဒေသံအရ အယူတွေက များပြားလှတဲ့ လောကဖြစ်သကိုးလေ...။

အဲဒီသတင်းထဲမှာပဲ အမျိုးသားတစ်ဦးကို ဘာကြောင့် အိမ်ထောင်ဖက်အမျိုးသမီးအတွက် လက်ဆောင်ပေးရတဲ့ ရည်ရွယ်ချက်ကို အင်တာဗျူးပါတယ်။ အိမ်ထောင်သည်ဘဝမှာ သူ့ကျေးဇူး ကိုယ့်ကျေးဇူးဆိုတာ ရှိသတဲ့၊ ဇနီးရဲ့ မြတ်နိုးခြင်းတရားနဲ့ ကျေးဇူးတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အခုလိုနေ့မှာ အမှတ်တရလေး တစ်ခုခုလက်ဆောင်ပေးတာ တစ်နေရာကို သွားလည်တာ ဒါတွေ ပြုလုပ်ကြပါတယ်လို့ ဖြေသွားတယ်။ ဒီလိုလုပ်ဆောင်ခြင်းက သဘောထားကြီးမြတ်တဲ့ ခင်ပွန်းယောက်ျားတို့ ချစ်ခြင်းမေတ္တာကို ပြသရာ ရောက်ပါတယ်၊ အခုလိုမျိုး နှစ်တိုင်း အိမ်ထောင်သည်တိုင်း ပြုလုပ်သင့်ပါတယ်လို့ ဖြေသွားပါတယ် ......ရှင်။ ကိုင်း ဘယ့်နှယ်ရှိစ :)

ဒီလိုနဲ့ သတင်းနားထောင်ပြီး ကြုံရာ ကျရာ အတွေးစတွေက ရှေးရှေးသော ကမ္ဘာက သုမိတ္တာလေးရဲ့ ဆုတောင်း စာသားတွေကို အမှတ်ရတော့ ပြုံးမိတယ်။ ဆုတောင်းလေးတစ်ကြောင့် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကောက်ကောက်ပါအောင် ပါရမီတွေ ဖြည့်လိုက်ရတာ......။ 

ကိုယ်က ပါရမီရင့်သူကြီး မဟုတ်လေတော့ သုမိတ္တာလေး တောင်းဆုကို ထိတ်လန့်မိတယ်၊ အံ့သြမိတယ်၊ သူမ၏ အံ့မခန်း သတ္တိတွေကို ချီးကျူးမိတယ်။ ကိုယ်က ဒီလောက် သတ္တိမရှိသူပါ။ ဒါကြောင့် ပါရမီကုသိုလ်တော်တွေအပေါ် တွေးလိုက်တိုင်း သတိရလိုက်တိုင်းမှာ အကြိမ်ကြိမ် သာဓုခေါ်မိပါတယ်။ 

အတွေးဆိုတော့ မိုးမဆုံး မြေမဆုံးမဟုတ်လားးးး။ 
မြတ်စွာဗုဒ္ဓဟောကြားတော်မူသော မယားခုနှစ်မျိုးနဲ့ မှတ်မိနေသေးတဲ့ ဇာတ်တော် တရားတော်လေးကို အာရုံစိုက်ချိန်...... ယောက်ျားမိန်းမ၊ လင်နဲ့ မယား၊ ဇနီးခင်ပွန်းတို့နဲ့ ဆိုင်တာတွေ စဉ်းစားမိရင်း မကြာခဏ လက်လှမ်းမှီရာ ဇနီးမောင်နှံတွေ ကြား ဖြစ်တတ်လေ့ရှိတဲ့ အခက်အခဲ အဖုအထစ်လေးကို နှိုင်းယှဉ်ကြည့်မိတယ်။ 




သတ္တဝါအားလုံးတို့၏ ဆရာသခင်ဖြစ်တော်မူသော မြတ်စွာဘုရားသည် အခါတစ်ပါး၌ အနာထပိဏ်သူဋ္ဌေးကြီး၏ ချွေးမဖြစ်သော သုဇာတာကို ဆုံးမသည့် တရားတော်မှ ကောက်နုတ်ချက်။

မယားခုနှစ်မျိုး 
၁/ လင်ကို သတ်ဖြတ်ရန် လုံ့လပြုနေသဖြင့် `လူသတ်´နှင့် တူသော မယား၊
၂/ လင်၏ ပစ္စည်းကို ခိုးသဖြင့် `သူခိုး´နှင့် တူုသောမယား၊
၃/ လင်ကို အနိုင်ယူတတ်သဖြင့် `အရှင်´နှင့် တူသော မယား၊

 
၎/ လင်ကို မိခင်ကဲ့သို့ စောင့်ရှောက်တတ်သဖြင့် `အမိ´နှင့် တူသော မယား၊
၅/ လင်ကို နှမကဲ့သို့ ရိုသေသဖြင့် `နှမ´နှင့် တူသော မယား၊
၆/ လင်ကို အဆွေခင်ပွန်းကဲ့သို့ ချစ်ခင်သဖြင့် `အဆွေခင်ပွန်း´နှင့် တူသော မယား၊
၇/ လင်၏ အလိုသို့ အမြဲလိုက်ပြီး လင့်ဝေယျာဝစ္စတို့ကို ဆောင်ရွက်ပေးတတ်သောကြောင့် `ကျွန်မ´နှင့် တူသော မယား

ဟူ၍ မယား ခုနစ်ယောက်ရှိသည်။ 
http://jacbaburma.blogspot.com/2010/02/blog-post_2481.html မှ ကူးယူဖေါ်ပြပါသည်။

လောကမှာ ခုနှစ်မျိုးသော မယားတို့ရှိကြကုန်ပြီး၊ သုံးမျိုးသော မယားသည် ယုတ်၍ ကောင်းသော လေးမျိုးတွင် အဘယ်မယားကို ယောက်ျားတို့ နှစ်သက်ကုန်သနည်းးးးးး။ 
မကောင်းသော မယားသုံးမျိုးကို ပယ်လို့ မယားကောင်းလေးမျိုးကို ခွဲခြမ်းစိတ်ဖြာ လေ့လာကြည့်ရအောင်.....
၎/ လင်ကို မိခင်ကဲ့သို့ စောင့်ရှောက်တတ်သဖြင့် `အမိ´နှင့် တူသော မယား၊
မာတာမိခင်နှင့်တူသော မယားသည် လင်ယောက်ျား အားငယ်သောအခါတွင် အားပေးစကားပြောတတ်ပြီး၊ ခင်ပွန်းလင်ယောက်ျား မှားသမျှ အမိကဲ့သို့ အရာရာခွင့်လွှတ်နိုင်စွမ်းရှိလေသည်။ လိုအပ်လျှင် ဆုံးမလမ်းပြပေးကြသည်။

ထိုကဲ့သို့သော မယားကို ယောက်ျားတို့သည် လိုအပ်ကြကုန်၏။ အလေးအမြတ်ရှိကြ၏။ ရိုသေကြ၏။ အိမ်ရာထူထောင်လူ့ဘောင်တွင် ဖြစ်သောကြောင့် ထိုမယားမျိုးကို အလှ ထားကြကုန်လေ၏။ လက်တွေ့ဘဝတွင် မနှစ်သက်ကြပါ။
 
၅/ လင်ကို နှမကဲ့သို့ ရိုသေသဖြင့် `နှမ´နှင့် တူသော မယား၊

နှမနှင့် တူသော မယားသည် လင်ပြောသမျှ နာခံ၍ လင်ကို ရိုသေသော မယားဖြစ်၏။

ထိုကဲ့သို့သော မယားကို ယောက်ျားတို့သည် နှမကဲ့သို့ စာနာနေရ၏။ ငဲ့ညှာနေရ၏။ လူ့ဘောင်တွင်နေသော ယောက်ျားသည် သတ္တဝါတစ်ဦးဖြစ်သောကြောင့် နှမကဲ့သို့ စာနာနေရသော မိန်းမမျိုးကို အိမ်တွင်သာ ထား၍ စောင့်လျှောက်ကြကုန်၏။ လက်တွေ့ဘဝတွင် အသုံးမဝင်ပါ။
 
၆/ လင်ကို အဆွေခင်ပွန်းကဲ့သို့ ချစ်ခင်သဖြင့် `အဆွေခင်ပွန်း´နှင့် တူသော မယား၊

အဆွေခင်ပွန်းနှင့်တူသော မယားသည် လင်ယောက်ျားနှင့် ရဲဘော်ရဲဘက်စိတ်မွေးလို့ မောင်တစ်ထမ်း မယ်တစ်ရွက် ဝိုင်းကူ၏။ မိတ်ဆွေသူငယ်ချင်းသဖွယ် ရိုင်းပင်းစိတ်ကြကုန်၏။ 

ထိုကဲ့သို့သော မယားကို ယောက်ျားတို့သည် အတွင်းစည်းဝိုင်းအတွင်းသို့ ပါမလာတတ်သော မယားမျိုးအဖြစ်ယူဆကြ၏။ အဘယ်ကြောင့်ဆိုသော် မိတ်ဆွေသူငယ်ချင်းများသည် အိမ်အပြင်တွင် ပေါင်းဖေါ်ကြသောကြောင့်ပင်တည်း။ လက်တွေ့တွင် ဟာမိုနီဖြစ်မည်မဟုတ်။
 
၇/ လင်၏ အလိုသို့ အမြဲလိုက်ပြီး လင့်ဝေယျာဝစ္စတို့ကို ဆောင်ရွက်ပေးတတ်သောကြောင့် `ကျွန်မ´နှင့်တူသော မယား။ 

 `ကျွန်မ´နှင့်တူသော မယားသည် လင်ကို ကျိုးနွံ၏။ မာန်မာန မရှိ၊ အတ္တ နတ္ထိ။ လင့်သဘောအတိုင်း သစ္စာခံ၏။ 

ထိုကဲ့သို့သော မယားကို လင်ယောက်ျားတို့သည် နှစ်သက်ကြကုန်၏။ မြတ်နိုးကြကုန်၏။ အဘယ်ကြောင့်ဆိုသော် အမိနှင့် တူသော မယားလို ရိုသေနေဖို့ မလို၊ နှမကဲ့သို့ စာနာနေစရာမလို၊ သူငယ်ချင်းလို သိက္ခာပုဒ်တွေ စောင့်ထိန်းနေဖို့မလို။ မိမိအလိုသို့ လိုက်ပါသော သစ္စာရှိသော ကျိုးနွံသော မြတ်နိုးသော မာန အတ္တ ခဝါချနိုင်သော မယားမျိုးကို ယောက်ျားတို့သည်  လွန်စွာ နှစ်သက်ကုန်ကြ၏။ 

ရာဇဝင်ထဲမှာ မြတ်စွာဘုရားလောင်းအပါအဝင် သူတော်ကောင်းကြီးများကို ပါရမီဖြည့်ကြကုန်သော မြတ်သော မိန်းမသားတို့သည်ကားးးး
လင်ယောကျာ်းအပေါ်တွင် လိုအပ်လျှင် အမိကဲ့သို့ တမျိုး၊ နှမကဲ့သို့ တစ်ဖုံ၊ မိတ်ရင်းပမာ စောင့်ရှောက်လို့ တစ်သွယ်၊ ကျွန်ကဲ့သို့တစ်နည်း လောကတွင်းရှိ မျိုးစုံသော ကိစ္စတို့တွင် နည်းလမ်းအသွယ်သွယ်နှင့် ပါရမီဖြည့်ကြရလေသည်။

ထိုကဲ့သို့သော မိန်းမမြတ်တို့ကို ကျမသည် တွေးမိတိုင်း လေးစားမိပါသည်။ တည်ငြိမ်ရင့်ကျက်သော စိတ်ထားများသည်၎င်း မြင့်မြတ်သော လုပ်ရပ်များသည်၎င်း ထက်မြက်သော အတွေးအခေါ်များသည်၎င်း ထိုထိုသော ကောင်းမြတ်သော စိတ်ဓာတ်လုပ်ရပ်များကို ဒီနေ့မျိုးတွင် အထူး အထူး သတိရ လေးစားမိနေပါသည်။ 



ခရစ္စတလ်၏ ယောင်ချာချာအတွေးများဖြစ်ပါသည်။ အမှားပါခဲ့ရင် ခွင့်လွှတ်ကြပါကုန်.........။

လေးစားစွာဖြင့်
ခရစ္စတလ်

p.s - ဒီနေ့လို နေ့မျိုးတွင် ဘလော့လောကရှိ စာရေးသူအပေါင်းတို့သည် ဆိတ်ငြိမ်နေကြပါ၏။ တဂ်ပိုစ့်အနေနှင့် ရေးထိုက်သည် မဟုတ်ကုန်လော.... :)

12 comments:

Anonymous said...

တဂ်ပို့ရေးရန်ပင်မဆိုထားနှင့်
အမျိုးသမီးများနေ့ကိုပင်...
အစ်မခရစ္စတယ်ပြောမှသိပါသည်။း)
ကျွန်တော်မျိုးမ.."ရှင်"သင့်ပါသည်အမတော်. :P
ကောင်းသောမယားလေးမျိုးတွင်
တစ်မျိုးမျိုးနှင့်တူအောင်.နေထိုင်ချင်ပါသည်။
သို့သော်...
အနီရောင်စာတမ်းများကိုကား.နည်းနည်းမျှ
မကြိုက်ချင်ပါ။ :P

ဘဝထဲက ခရစ္စတလ် said...

အစ်မတော်လည်း နှစ်သက်သည်မဟုတ်၊ သို့ပါသော်လည်း လက်တွေ့ဘဝတွင် လက်မခံနိုင်သော လက်တွေ့ဆန်တဲ့ အမှန်တရားတို့သည် သဘာဝအတိုင်း ရှိကြကုန်ရာသတည်းးးးး ညီမတော် :)

mstint said...

ဖတ်ခဲ့ဘူးတဲ့မယားခုနှစ်မျိုးကိုပြန်ဖတ်သွားတယ်
ခရစ္စတလ်ရေ။ ဒီနေ့ဧည့်သည်နှစ်ကြိမ်လာလည်
သွားတာကြောင့် အိမ်ရှင်စိတ်ညစ်မှာစိုးမိတယ်း)
P.S နေရာအရောက်မှာမျက်ရည်ပူတွေကျလာလို့
ဆက်မဖတ်ဖြစ်တော့ဘူးကွယ် :P (စတာနော်)
ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ခွင့်ရပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခရစ္စတလ် said...

ဥုံဖွ ဥုံဖွ အန်တီတင့်ရေ
နှစ်ခါလာရလို့ အားတောင် နာပါတယ်။
မနက်ဖန် ဓမ္မစေတီဆရာတော်ကို လေဆိပ် လိုက်ပို့ဖို့ တာဝန်ကျတာမို့ ဒီနေ့ အပြီးတင်လိုက်တာပါရှင် :)

မအိမ်သူ said...

လောကကြီးမှာ တကယ်တမ်း စဉ်းစားကြည့်လိုက်ရင် ဇနီးမယားကောင်းဖြစ်ဖို့မှ မဟုတ်ပါဘူး။ လင်ယောက်ျားကောင်းဖြစ်ဖို့ သားသမီးကောင်းဖြစ်ဖို့ မိဘကောင်းဖြစ်ဖို့ ဆရာကောင်းဖြစ်ဖို့ မိတ်ဆွေကောင်းဖြစ်ဖို့ အကြီးအကဲကောင်းဖြစ်ဖို့ နောက်လိုက်ကောင်းဖြစ်ဖို့ .... တကယ်ကြိုးစားရင် ဘယ်အရာမှတော့ မလွယ်ပါဘူး..း))

ချော(အစိမ်းရောင်လွင်ပြင်) said...

ပါရမီဖြည့်ဖက် သုမိတ္တာရဲ့ မေတ္တာပါရမီက ကြီးလိုက်တာနော်
လူတိုင်းတော့ သူ့လို စိတ်ထားနိုင်ဖို့ မလွယ်ပါဘူး။
တကယ်ချီးကျုးလေးစားမိပါရဲ့

စံပယ်ချို said...

အမျိုးသမီးနေ့ကိုတောင် မသိလိုက်ပါဘူး မအားနေတာပါ
ခုတလောအလုပ်တွေရှုပ်နေလို့
ခင်မင်တဲ့ jasmine

လျှာအလွန်ရှည်သော ဒေါ်ခရစ္စတလ် said...

အစ်မ မအိမ်သူနဲ့ မယ်ချောတို့က မလွယ်ပါဘူးတဲ့ ကောက်ချက်ချကြတာပေါ့နော် :P

ဂျက်ကတော့ မအားလို့တဲ့ သေချာဖြေမတွားဘူး ဟိ :P

မဒမ်ကိုး said...

သိလိုက်ပေမယ့် အလုပ်လုပ်နေရသူမို့ ဘာမှရလိုက်ဖူးးးးးးးးးးးးးးးးးးး

ခရစ္စတလ် said...

အတိုးနဲ့တောင်း ဒမ်ဒမ် :P

Anonymous said...

စာရေးသူ.အမတော်ရော..
လေးမျိုးသောနံပါတ်တွင်
မည်သည့်နံပါတ်ပိုင်ရှင်နည်း :P

(အရေးကြီးတာ မေးဖို့မေ့သွားလို့ ခုမှပြန်လာရတယ်း)


ပုံ/
မိစံ

ခရစ္စတလ် said...

အစ်မတော်က ဟိုစပ်စပ် ဒီစပ်စပ်လေ....
ဒါကြောင့် ပရိုမဖြစ်တာပေါ့အေ့ :P