သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Sunday, March 25, 2012

“တွေးတွေး ငေးငေး၊ သွားသွား လာလာ”

ရိုးတံတွေကြဲ နေပူထဲ မှာ ငွါးငွါးစွင့်စွင့် ပွင့်နေတဲ့ ပန်းကလေးတွေ
ဓာတ်ပုံထဲမှာလည်း လှ၊ အပြင်မှာလည်း လှ
ပန်းလေးတွေကပြောတယ် နေရောင်ပြင်းပြင်းအောက်မှာလည်း ပွင့်ရဲပါတယ်တဲ့...။

ပိတောက်ပန်းတွေ.....
ဝါဝါလှုပ်အောင် ပွင့်ချိန်မှာ နေမကောင်းလို့ ထွက်မရိုက်နိုင်ဘူး၊ နဲနဲကြွေစမှာ ရိုက်ဖြစ်တယ်။

အသီးကို ကြည့်တော့ ပိန္နဲသီးထင်လို့၊ အပင်ကြည့်တော့ ဟုတ်ဘူး။ အဲဒါ ဘာပင်လဲဟင် သိတဲ့သူ ဖြေပေးပါ။


ဟဲ့ အစာအိမ်ယောင်တာ ရေခဲသုပ်တွေ စားနေရသလား၊ 
ဆရာဝန်က အေးတာလေးတွေ စားဆိုလို့ပါ :P


ရေကြီးပြီးနောက်ပိုင်း ကျောက်ဖရားမြစ်ထဲမှာ ငါးတွေ ပိုများလာတယ်နော်

ငါးတွေ ဘာကြောင့် ပိုများလာတာလဲဆိုတာ သုတေသနလုပ်မယ့်သူ မရှိကြဘူးလားမသိဘူး၊ သိချင်ထာာာာ

ခမာပြည်ရောက်နေတာ မဟုတ်ဘူး၊ ခမာပြည်က ပုံစံမျိုးလုပ်ထားတဲ့ ထိုင်းက စားသောက်ဆိုင်လေးပါ။

ခင်းကျင်းတဲ့ပုံစံလေး ကြိုက်တယ်။ နမူနာယူဖို့ ဓာတ်ပုံရိုက်လာတယ်

စိတ်ကူးထဲက ခြံလေးထဲမှာ အဲလိုကွပ်ပျစ်လေး တစ်ခုရှိတယ်။

စေတီကို လှမ်းရိုက်တာပဲ သူ့ဖာသာသူ မြင်ကွင်းထဲ ဝင်လာတယ်၊
 တော်တာ် မသွားနိုင်လို့ တမင်၇ိုက်ပလိုက်တယ်
သူ့ရိုက်မှန်းသိတော့ ရီပြတယ်တော့ ...

တနေ့လုံးမှာ အစာနဲ့တူတာဆိုလို့ ဒါလေးပဲ စားတယ်၊ နွားနို့ အိုဗာတင်းပဲ သောက်နေရတယ် :(

ဒီလိုပုံမျိုးလေးတွေ တအားကြိုက်တယ်၊ ကော်ဖီဆိုင်မှာ ခွင့်တောင်းပြီး ရိုက်လာတယ်။ 

ရေးလက်စ ပိုစ့်တွေက သေချာရေးနေလို့ မပြီးသေးခင်
 ကြားဖြတ်ရွေးကောက်ပွဲကို ဂုဏ်ပြုတဲ့အနေနဲ့ ကြားဖြတ်ပိုစ့်တင်ဆက်လိုက်ရပါတယ်။

ကျန်းမာ၊ ချမ်းသာကြပါစေ၊ ကျမ ခရစ္စတလ် ....ပါ။
 (ဒါရိုက်တာကြီး ဦးဝင်းဖေလေသံဖြင့်)

လေးစားစွာဖြင့်
ခရစ္စတလ်

7 comments:

mstint said...

ရိုက်ချက်တွေကတော့ရှယ်ပဲ ခရစ္စတလ်ရေ။
ရန်ကုန်မှာတစ်လောကပိတောက်ပင်တစ်ချို့
ပွင့်လိုက်သေးတယ်တီတင့်မရိုက်ဖြစ်ဘူး ရက်လွန်မှ
သွားကြည့်မိတော့ အပွင့်ကကုန်သလောက်ဖြစ်ပြီ။
ထိုင်းကိုအလည်ရောက်ခဲ့ရင်ပုန်းမနေနဲ့နော် :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညိမ်းနိုင် said...

ကျမ်းမာရေးကိုဂုစိုက်ပါ။ ဟိုအသီးက မျောက်ပေသီးဖြစ်
ပါတယ်...၊မှန်တယ်ဟုတ်.....:))))။
ကျွန်တော့်စိတ်ကူးထဲက ခြံလေးထဲမှာအဲဒီကွပ်ပျစ်လေး
ထက်ပိုကြီးတဲ့ ကွပ်ပျစ်ကြီးပါသဗျ...၊သယ်ရင်းစုပြီး
ထရည်သောက်ဖို့.....:D

စံပယ်ချို said...

ကျန်းမာရေးကိုအထူးဂရုစိုက်ပါ
အပြင်သိပ်မထွက်ပါနဲ့ အနားယူပါ
ပုံတွေအရမ်းလှတယ် ပိတောက်ပန်းပုံလေးယူထားတယ်နော်

ဘဝထဲ လှမ်းလျှောက်နေတဲ့ ခရစ္စတလ် :) said...

ထိုင်းကိုအလည်လာရင် ပုန်းမနေပါဘူး အန်တီတင့်ရေ :)

ကိုအိကု - ဘာသီးမှန်း မသိဘူးဆိုနေ...။

ဂျက်ရေ ကြိုက်တာသာယူပါတော့။ လိုချင်ရင် ပြောအုံးနော် အီးမေးက ပို့ပေးမယ် :)

Anonymous said...

ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်တာမို့
ကျန်းမာရေးကိုဂရုစိုက်ပါအမတော်း)
ဓာတ်ပုံတွေကတော့
အင်မတိအင်မတန်
စားလို့ကောင်း၊ကြည့်လို့အရမ်းကောင်းပါသည်။
ဘာပင်လဲတော့မသိပါ :D

ကျမ မိစံပါ :)

ခရစ္စတလ် said...

ကြည့်...သူလည်း မသိဘူးတဲ့ :)
စားလို့ကောင်း ကြည့်လို့ကောင်းတဲ့အတွက်...
ကျေးဇူးတင်ပါတယ်ရှင်
ကျေးဇူးတင်ပါတယ်ရှင် :)

ဟန်ကြည် said...

ဆရာဝန်က အေးတာတွေစားဖို့မှာထားလို့ ရေခဲသုပ်စားရင်လည်း အစပ်လျှော့ထည့်ခိုင်းကွယ်...း)