သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Sunday, April 22, 2012

“ကမ္ဘာကို အချစ်များနဲ့ ရေးခြယ်......”


တောင်တန်းတွေနဲ့ ပင်လယ်ဖြတ်ပြီး 
မိုးတိမ်တွေကို မော့ကြည့်လိုက် 
ကိုယ့်ရဲ့နေ့တွေ ဘယ်လောက်များများ
တစ်ခုသော ကောင်းကင် ကောင်းကင်ပြာကြီး
 ရွေ့လျားနေတဲ့ တိမ်တိုက်တွေလို ခရီးနှင်ကြ 

မိုးတိမ်များ မျောလွှင့်ဆဲ 
ဘယ်လိုပုံသဏ္ဌာန်တွေ ကွဲလွဲ 
တကယ့်တကယ်တမ်းတော့
ကောင်းကင်တစ်မိုးအောက် ခရီးသွားများပါကွယ် 

တို့လူသား ဘဝတွေလဲ 
ဘယ်လိုအခြေအနေတွေခြားလဲ
ငြင်းဆန်မရတဲ့ လောကဓံတရားရဲ့ ရုပ်သေးရုပ်များပါဘဲ 

အားလုံးဘဲ ဆန္ဒများနောက်လိုက်
မောဟနဲ့ လောင်မြိုက်ရင်း 
တကယ်ဆိုရင် ဘာမှ မကွဲပြားမှန်း ..........
သိရက်နဲ့ ..

ဘာကြောင့်များ မာန..တံတိုင်း ခြားနေချင်သလဲ.... 

အကျည်းတန်တဲ့ ရန်ပွဲတွေက ဘယ်လိုချိန်မှာ ရပ်သွားမလဲ 
အငြိုးတွေနဲ့ မာနတွေဖွဲ့ အမုန်းမီးတောက်များပါဘဲ 

အို.....လဲကျတဲ့သူ ထူဖေး“မ”လို့ 
အားနည်းတဲ့သူ ကူရင်း.... 
ဒဏ်ရာတွေ အပြန်အလှန် မပေးကြနဲ့
လောကထဲ........... 

တဒင်္ဂလေး ဆုံလာတဲ့ ဧည့်သည်တွေဘဲ 

ဒီကမ္ဘာကို အချစ်များနဲ့ ရေးခြယ် ဒဏ်ရာတွေ ကုစားကြပါစို့... 
အပြာရောင် မိုးသားများရဲ့ အောက် 
ချိုသော သီချင်းတွေကို ဆိုညည်းလို့ 
အတူသွားကြမယ်၊ နှလုံးသားတိုင်း...

ဒီကမ္ဘာကို အချစ်များနဲ့ ရေးခြယ် ဒဏ်ရာတွေ ကုစားပေးနိုင်ဖို့... 
အပြာရောင် မိုးသားများရဲ့ အောက် ချိုသော သီချင်းတွကို ဆိုညည်းလို့ 
အတူသွားကြမယ် လာသွားစို့.... 

ကျေးဇူးတရားများနဲ့ ချစ်သော ကမ္ဘာမြေကို..... 

အသိဥာဏ်မဲ့ ဘယ်လိုလုပ်ကြမလဲ
သူဟာ မြူမှုန်ငယ်တစ်ခုဘဲ 
သမုဒ္ဒရာထက်က ရေပွက်ငယ်လေးတစ်ခု 
ခုမြင်ခုပျောက် ခဏတာဘဲ 

တို့အချစ်ရဲ့ ခြေသံများနောက်လိုက်
မီးကအစ ကမ္ဘာငယ်အဆုံး
ဖြူစင်စွာ အတူလက်တွဲကြစို့
တစ်ယောက်နဲ့ တစ်ယောက် 

ဒီကမ္ဘာကို အချစ်များနဲ့ ရေးခြယ် ဒဏ်ရာတွေ ကုစားကြပါစို့... 
အပြာရောင် မိုးသားများရဲ့ အောက် ချိုသော သီချင်းတွကို ဆိုညည်းလို့ အတူသွားကြမယ်၊ နှလုံးသားတိုင်း.. 

ဒီကမ္ဘာကို အချစ်များနဲ့ ရေးခြယ် ဒဏ်ရာတွေ ကုစားပေးနိုင်ဖို့... 
အပြာရောင် မိုးသားများရဲ့ အောက် ချိုသော သီချင်းတွကို ဆိုညည်းလို့ 
အတူသွားကြမယ်၊ လာသွားစို့....... 

 ကျေးဇူးတရားများနဲ့ ချစ်သော ကမ္ဘာမြေကို..... 
 ကျေးဇူးတရားများနဲ့ ချစ်သော ကမ္ဘာမြေကို..... 



စိုင်းစိုင်းနဲ့ ချမ်းချမ်း

ချစ်ကြတဲ့ သူတို့တွေထဲ သူတို့လည်း ပါတယ်

ချိုပြုံးနဲ့ မျိုးကျော့မြိုင်

စွယ်စုံအနုပညာရှင် အကယ်ဒမီ ဝင်းဦး

သဘာဝပတ်ဝန်းကျင် အလှအပများကို ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်တဲ့အတွက် ...
ဧပြီ (၂၂)ရက်နေ့ အမှတ်တရ

ခင်မင်လေးစားစွာဖြင့် 
ခရစ္စတလ်
p.s - အလုပ်များနေလို့ စကားလုံးများ ပျောက်ဆုံးနေပါသည် :)

8 comments:

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးက ကောင်းလိုက်တာ။ လူသားတွေအပေါ်မှာထားတဲ့ အကြင်နာနဲ့ ကမ္ဘာကိုငြိမ်းချမ်းစေချင်တဲ့စေတနာလဲ ပေါ်လွင်ပါတယ်။

အားပေးလျက်
လွင်ပြင်လှိုင်းငယ်

ညိမ်းနိုင် said...

သီချင်းတွေကောင်းတယ်...အကုန်လုံးကြိုက်တဲ့သီချင်း
တွေအစ်မ.....

စံပယ်ချို said...

တောင်တန်းတွေနဲ့ ပင်လယ်ဖြတ်ပြီး
ခရစ္စတလ် မျက်နှာကို လာရောက်ခစားခဲ့တယ်ချစ်ဆုံးရေ
အပေါ်ဆုံး သီချင်းကိုပိုကြိုက်တယ် ရှမ်းတောင်တန်းကြီးရယ် အင်းလေးရယ်ပါလို့
အာဘွားးးးးးးးးးး

Anonymous said...

ဟမလေး။
ကဗျာမရေးတတ်ဘူးဆိုသူက ရေးမယ့်ရေးတော့လဲ
အကောင်းဟ..လို့ ချီးကျူးနေတုန်း...။

ခရစ္စတလ် said...

ဂျက်ရေ - အသဲလေးကို နှစ်သစ်မှာ အာဘွားလာပေးလို့ ကျေးကျေးးး :P

ကဗျာဆရာနှစ်ယောက်ဖြစ်တဲ့ “လွင်ပြင်လှိုင်းငယ်နဲ့ မောနေယျ” တို့ရေ စကားလုံးတွေ ပျောက်ဆုံးနေပါတယ်ဆိုမှ အားငယ်တွားပီ :(((

ကိုညိမ်းနိုင်ကြီး - သီချင်းတွေ ကြိုက်မယ်ဆိုတာ ကြိုသိပြီးသားးး :D

Anonymous said...

ဒီကမ္ဘာမြေပြင်ပေါ်တလွှားမယ်..သူငါအများတို့ရယ်
အလှနဲ့သစ္စာကိုကွယ်ဖွေရှာမောကြတယ်။
တကယ်မမောပန်းစေရန်ကိုကွယ်.ပြောကာပြောပြမယ်
ကိုယ့်ဌာနေ၀န်းကျင်မှာကွယ်တကယ်ပင်အလှရှိတယ်း)

ကိုယ်ကိုယ်တိုင်က..ချစ်တတ်လာရင်
သများကလည်း..ကိုယ့်ကိုယ်ချစ်လာမှာပေါ့နော်
သို့ပေငြား..
ချစ်တဲ့စိတ်လေး..မွေးမထားနိုင်တာခက်သကွယ် :P


စကားမစပ်
စကားလုံးတွေပျောက်ဆုံးနေတယ်ဆိုတော့
အသံဝင်နေလို့ထင်ရဲ့..။း)

Anonymous said...

Anonymous ရေ
ကိုယ်တိုင် ချစ်တတ်လို့ အစ်မ ခရစ္စတလ်က ယောက်ျားတောင် ယူထားတယ်လေ.....

စကားမစပ် အသံဝင်မှန်းသိရင် ဆေးနည်းလေး ပေးခဲ့ရောပေါ့ :P

ဧဒင်အချစ်ပုံပြင် said...

သီချင်းလေးတွေကဗျာလေးရောအစုံဖတ်/နားထောင်သွားတယ်ဗျာ တော်တော်စုံလို့ဗျာ...