သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Thursday, May 24, 2012

သံယောဇဉ်ကြိုး

ဖဘမှာ ဖြိုးအိမ်က ခွေးလေးပုံတွေကြည့်ပြီး ကိုယ့်ရဲ့ ကြောင်လေးတွေ သတိရသွားလို့ ပုံလေးတွေ စုပြီး တင်လိုက်ပါတယ်၊ စာရေးဖို့ ဘယ်လိုမှ ဈာန်မဝင်စားနိုင်သေးတော့ အကောင့်ပိတ် ခပ်တိတ်တိတ်နေမယ်လုပ်ပြီးမှ ...............................သံယောဇဉ်ကြိုးတွေ ...

ချစ်ဖို့ကောင်းလွန်းတယ်

ဖဘမှာ ဒါမျိုးလေးတွေလည်း တွေ့ရတတ်သေး
တွေ့လိုက်တဲ့ချိန် print screen သာနှိပ်ထားလိုက်ပါ မိတ်ဆွေ၊
 လင့်တွေ ဖြုတ်သွားရင် အကျိုးအကြောင်းလေးတွေ ကိုယ့်သူငယ်ချင်းကို ပြန်ပြလို့ ရတာပေါ့း)

အမေ့ရဲ့ အတွေ့အထိမှာ ယုံကြည်နွေးထွေးမှု ငြိမ်းအေးမှုတွေရှိတယ်...

ကိုယ်တော်တွေက အဲလို ကိုက်ပြီး ဆော့ကြတာလေ
ဆော့စရာအဖေါ်ကလည်း ကြောင်ပဲ ရှိတော့.....

အလုပ်တွေနဲ့ ဖိစီးမှုဖြစ်တဲ့အခါ ...

တခါတလေ နေမကောင်းရင် ချောင်ကပ်ငြိမ်နေတဲ့ပုံ

ဘာမှမလုပ်ပဲ အိပ်နေတာပဲ ကောင်းတယ်...
.
ကြောင်လေးတွေ ဒီလိုအိပ်နေတာတွေ့ရင် သိပ်စချင်တာပဲ 

ဆော့တဲ့အရွယ်မှာ ဘာဖြစ်ဖြစ် ဆော့နေတာကိုက ချစ်စရာ... 

 ငယ်မ...ရေ လို့ ခေါ်လိုက်ရင် ကျမဆီ အပြေးလာလေ့ရှိတဲ့ ကြောင်မလေးနဲ့တူတဲ့ကြောင်လေးပုံ

ခရစ္စတလ် သုံးတန်းမှာ “ဇီးကွက်စိန်”အမည်ရတဲ့ ကြောင်မလေး နယ်က အိမ်မှာ မွေးပါတယ်။ 
သူလေးက ကျမရဲ့ ကလေးဘဝသက်တမ်းတစ်လျှောက်လုံး
 ဆော့ဖေါ် ဆော့ဖက်အဖြစ် ပါရမီဖြည့်သွားပါတယ်။ 
ကျမ ဆယ်တန်း ဖြေပြီးမှ သူ ဆုံးသွားတာပါ။ 
ချစ်စနိုးနဲ့ သူ့ကို “ငယ်ငယ်”လို့ခေါ်ပါတယ်။ 
သူ့အကြောင်း ပိုစ့်သပ်သပ်ရေးချင်သေးတယ်.....အားရင်ပေါ့လေး)

ကြောင်မမွေးနိုင်တဲ့ လက်ရှိအခြေအနေမှာ ဂူဂလ်ထဲက ကြောင်ပုံလေးတွေကို လင့်ယူထားပြီး
 နေ့စဉ်တစ်ပုံ တစ်ပုံကြည့်ဖြစ်ပါတယ်။ ငယ်မလေးရဲ့ ပုံတူ ကြောင်ပုံလေးလည်း ရှာရင်း
အဲဒီထဲက ကိုယ်ကြိုက်တဲ့ပုံလေးတွေကို ယူထားတာပါ။
 ကြောင်ချစ်ကြသော ရောင်းရင်းများ အားပေးကြမယ်ထင်ပါတယ်း)))

လေးစားစွာဖြင့်
ခရစ္စတလ်

18 comments:

စံပယ်ချို said...

ချစ်ဖို့ကောင်းလိုက်တာဟယ်
ကြောင်လေးတွေကိုပြောတာနော်----ဟီး
ခွေးလေးတွေကြောင်လေးတွေကိုကိုမြင်ရင်အရမ်းချစ်မိတာဘာကြောင့်မှန်းကိုမသိပါဘူးနော်
ခုလဲ ဒီကြောင်လေးတွေက တကယ်ကိုချစ်ဖို့ကောင်းတယ်

ခရစ္စတလ် said...

ချစ်ရင် ယူသွားပါ၊ ကြောင်ပုံတွေပြောတာနော် ဒီကလဲ ...း)

KKL said...

ခဲတံလေးကိုက်နေတာမိုက်တယ်။

လွင်ပြင်လှိုင်းငယ် said...

ဂျစ်ချာလေးတွေ

ခရစ္စတလ် said...

အိမ်ကကြောင်တွေနဲ့ ပတ်သက်ပြီး ရီစရာတွေ ရေးအုံးမယ် သိလားးးး)

ချော(အစိမ်းရောင်လွင်ပြင်) said...

ကြောင်တွေကြည့်ပြီး ပျော်လိုက်တာ..
ဘယ်လိုချစ်စရာကောင်းမှန်းမသိဘူး..
ကြောင်တွေ အများကြီးမွေးထားတယ်လား...
တစ်နေ့တစ်နေ့ မပျင်းရတော့ဘူးပေါ့
အဖော်တွေ အများကြီးပျော်စရာ..

ခရစ္စတလ် said...

အဟင့်... ဂူဂလဲက လင့်ယူထားပြီး ပုံလေးတွေ ကြည့်ပါတယ်ဆိုမှ .....
အပျိုကြီးက နောက်နေပြန်ပီး)

မြသွေးနီ said...

မီးညောင်ဆိုတဲ့ ကြောင်ကလေး ရက်စက်တာ ခံရပြီးထဲက ကြောင်လေးတွေကို ရှောင်နေမိခဲ့တာ အခုအချိန်ထိ။ ပုံလေးတွေ ကြည့်ပြီး ရုပ်ဆိုးလေး မီးညောင်ကို သတိတွေရလာတယ်...

ညီရဲ said...

ငယ်ငယ်ကနေ ဆယ်တန်းဖြေပြီးတဲ့ အထိဆိုတော့ တော်တော်လေး သံယောဇဉ် ဖြစ်ခဲ့မှာဘဲနော်... စိတ်မကောင်းဖြစ်နေမှာဘဲ...

ပထမဆုံး လာလည်ပြီး လင့်ပါ ယူသွားပါတယ် အစ်မ...

ခရစ္စတလ် said...

ကြောင်ပုံလေးတွေတွေ့တော့ အစ်မ မမြသွေးလည်း သူ့ကြောင်လေး သတိရသွားပြီထင်တယ်း)

ညီရဲရေ.....သံယောဇဉ်က ကြောင်ရော ကြောင်သခင်ရောပဲ။ ပိုစ့်ရေးမယ်လေ အဲတော့မှ ဖတ်တော့နော်း)

mstint said...

ကြောင်ချစ်တဲ့သူ နောက်တစ်ယောက် တွေ့ပြန်ပြီး)
တီတင့်က ငယ်ငယ်ထဲက ကြောင်အမွှေးကိုကြောက်တာ
အသက်ကြီးလာတော့ ကြောင်မွှေးနဲ့ထိရင် အသည်းယားလို့ ကြောင်ဆိုရင် အနားကပ်မခံဘူး :P
အခုလို ပုံလေးတွေတော့ ကြည့်ရှုအားပေးပါတယ် ခရစ္စတလ်ရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ခရစ္စတလ် said...

ကြောင်အနံ့ကြောက်တဲ့သူ၊ ကြောင်အမွှေးကြောင့် အသက်ရှုကြပ်တဲ့သူတွေက ကြောင်မမွေးသင့်ဘူး တီတင့်ရေ။ ခရစ္စတလ်ကတော့လေ ကစားဖေါ်မရှိတော့ ကြောင်လေးတွေနဲ့ ကစားရင်း သူတို့ဒဏ်ခံနိုင်သွားတယ် :)))

မြတ်မွန် said...

အဟမ်း အဟမ်း..
ခုမှတွေ့တယ်..:)

ခရစ္စတလ် said...

ဓာတ်ပုံရိုက်ထွက်နေတာကိုးးးး ဘယ်တွေ့မဲ ဟွန့်

Anonymous said...

အရင်တုန်းကကြောင်မြင်ရင်ဘယ်လိုဖြစ်မှန်းမသိဘူး
ကြည့်လို့ကိုမရလို့..
ဗိုက်ကနေပိတ်ပိတ်ကန်ပစ်တား)
ခုတလောသူတို့ကိုချစ်တတ်လာတယ်
တစ်ပတ်လောက်အနေနီးသွားတာလဲပါမပေါ့.. :D
အရမ်းသိတတ်တယ်၊အရိပ်သုံးပါးလဲနားလည်တယ်။
ခက်တာက..ကိုယ်ချစ်မိနေတာ
ကြောင်ထီးတွေချည်းရယ်..း)))

ဘယ်ဒူ့မှမပြောပါနဲ့နော်းP
(သိမှာစိုးလို့နာမည်တောင်မရေးခဲ့ပါဘူး)

ခရစ္စတလ် said...

ကြောင်တွေ တွေ့ရင် ပိတ်ကန်ပစ်တယ် ရက်စက်လိုက်တာတော်........... :P

မိုး said...

သမီးဖို.ပုံလေးတွေကူးသွားပြီ။ သမီးကပုံလှလှလေးတွေကို သိပ်ချစ်တယ်။.....။

မိုး said...

သမီးဖို.ပုံလေးတွေကူးသွားပြီ။ သမီးကပုံလှလှလေးတွေကို သိပ်ချစ်တယ်။.....။