သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Tuesday, October 2, 2012

“ကံတရား၏ လက်ဆောင်ဆု”


Facebook မှာ စာရေးဆရာသက်နှင်းဆွေ(ပုပ္ပါး) ရေးထားတဲ့ ကဗျာလေးနဲ့ ပုံလေးကိုကြည့်ပြီးနောက် ဆရာ့ကဗျာကို ကာရန်ယူပြီး ကဗျာစပ်ကြည့်မိတယ်၊ မစပ်တတ် စပ်တတ်နဲ့ စပ်လိုက်တာမို့ လွန်တာရှိရင် ဝန်တာမိပါလို့။ ဆရာကတော့ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ဝေဒနာကို ရေးစပ်တာလို့ပြောပါတယ်။ ခရစ္စတလ်ကတော့ လွန်ခဲ့တဲ့လေးနှစ်က ဝေဒနာဖြစ်ပါတယ် ........  :)

စက်တင်ဘာလ တစ်လလုံး ဘလော့မှာ ဓာတ်ပုံတွေ မမြင်ရဖြစ်နေတာနဲ့ အလုပ်ဆိုဒ်ဘက်ရော ဘဝဆိုဒ်ဘက်မှာပါ ပိုစ့်ရေးဖို့ တော်တော်လေး စိတ်မပါဖြစ်နေရာက ဒီနေ့မှ ပုံလေးတွေ ပြန်မြင်ရပါတယ်။

ဖဘမှာ အတော်လေး လမ်းသလားတတ်နေပြီဆိုတော့ ဘလော့ဘက်လည်း နဲနဲလွတ်နေတာလည်းပါတယ်။ ဒါကြောင့် ဒီနေ့ ပုံလေးနဲ့ ကဗျာလေး စမ်းပြီးတင်ကြည့်မယ် ...မှန်းးးးး  မြင်ရလေမလားရယ်လို့ .........။

“ရွှင်လန်းချမ်းမြေ့ကြပါစေ”

ခင်မင်စွာဖြင့်
ခရစ္စတလ်

5 comments:

စံပယ်ချို said...

လွန်ခဲ့တဲ့ ၄နှစ်က ဘာတွေများဖြစ်ခဲ့လဲသူငယ်ချင်းရယ်
အလွမ်းတွေဆိုလဲ ကူလွမ်းပါ့မယ်
ကဗျာလဲကောင်းတယ်ပုံလေးကလဲမြန်မာဆန်ပြီးလှတယ်
ချစ်တဲ့ sis jasmine

ဘုန်း၂တောက် said...

ပုံရော ကဗျာလေးပါ အရမ်းမိုက်တယ်...
ခင်မင်တဲ့

mstint said...

Some thing is better than nothing ပေါ့ ခရစ္စတလ်ရေ။ ကဗျာလေးနဲ့ ပုံလေးကြောင့် အလွမ်းပြေသွားပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ကဗျာလေးကောင်းလိုက်တာ..
စိတ်ထဲတောင်ဝမ်းနည်းသွားရပါတယ်။
(မောင်တို့ယောက်ျားတွေများ
ကောင်းကိုမကောင်းတာပါလေ...)

ညိမ်းနိုင် said...

ပုံလည်းမြင်ရပါ့...စာလည်းဖတ်ရပါ့....၊လေးနှစ်ကျော်က
အဖြစ်ကို နောင်မှ တိုးတိုးတိတ်တိတ်မေးမယ်....:p