သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Friday, June 7, 2013

တစ်ဖြောက် နှစ်ဖြောက်ရွာသော .. မိုး


လေပြေသယ်ဆောင်လာသော . မိုး

ပန်းကလေးအတွက် ရွာသော .. မိုး

တစ်ဖြောက် နှစ်ဖြောက် ရွာမိသော ... မိုး


ယူကျူ့က ရှာဖွေရင်း ကြည့်မိသော ဇာတ်ကားလေးပါ၊ ဇာတ်ကားထဲက စကားပြောတချို့ စာသားဆန်ဆန်ဖြစ်နေတာက လွဲရင် ဇာတ်လမ်းက ကောင်းပါတယ်။ 

ဒီဇာတ်ကားလေး ကြည့်ပြီး စာရေးဆရာတစ်ယောက်ပြောတာကို သတိရမိပါတယ် ..... တခါတလေတော့ အိမ်ထမင်း အိမ်ဟင်းစားနေရတာ ငြီးငွေ့တဲ့အခါ လမ်းဘေးက ဘဲဥချဉ်ရည်ဟင်းနဲ့ ထမင်းကြော်လေးလည်း စားချင်စိတ်ဖြစ်မိချိန် စားလိုက်တာလည်း ကောင်းပါတယ်တဲ့ :)

အသက်ကလေးရလာတော့ ဒီဇာတ်လမ်လေးကို ဖြစ်သင့်တာပဲလို့ နားလည်မိလိုက်တယ်။ သဘာဝတရားဆိုတာ လက်ခံဖို့ ခဲယဉ်းပေမယ့် လက်ခံထိုက်ပါတယ်။

အမျိုးသမီးတွေထက် အမျိုးသားတွေက စိတ်ဖိစီးမှုဒဏ် သိပ်မခံနိုင်တဲ့ အချိန်တွေ များပါတယ်။ ဒီလိုအချိန်မှာ အနီးအနားက လူတွေ ပြောတာ နားဝင်တာထက် လမ်းဘေးက ဟင်းလေးကို ရွေးချယ်စားခြင်းဖြင့် စိတ်သက်သာမှု ရနိုင်တာပါပဲ။ ဒါကြောင့် လွန်ခဲ့သော နှစ်များစွာကတည်းက ရန်ကုန်မြို့ပေါ်ရှိ အလှပြင်ဆိုင်၊ အနှိပ်ခန်းလိုနေရာမျိုးမှာ အမျိုးသားများ တရုန်းရုန်းဖြစ်နေတာကို တွေ့မြင်ကြတာဖြစ်ပါတယ်။ 

အမျိုးသားများအတွက် စိတ်၏ အဆာပြေနေရာလေးတွေ ရှိနေတယ်ဆိုရင် အမျိုးသမီးတွေအတွက်ရောလို့ စောကြော မေးခွန်းထုတ်မိပြန်တယ်။ အမျိုးသမီးတွေကတော့ မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာသဘာဝအရပါ အဆင်ပြေသလို နေဖို့ ရင်ဆိုင်ဖို့ သတ္တိခွန်အားတွေ ကြိုးစားမွေးမြူကြရတာပါ။ ဒီလိုဆိုတော့ ကျမက မိန်းမဝါဒီသမားကြီးများဖြစ်နေမလားးးးးးး :P

မရေးတာကြာပြီဖြစ်တဲ့ ဘလော့လေးကို ဖုန်ခါမိရုံသက်သက်ပါ ...။ 

ခင်မင်စွာဖြင့်
ခရစ္စတလ်

4 comments:

Anonymous said...

လက်ခံပါတယ် အမ :)

Anonymous said...

ချစ်ခြင်းမေတ္တာဆိုတာ ဖန်တီးယူလို့ မရဘူး။ စိတ်ဖိစီးမှုလွယ်တဲ့ ယောက်ျားတွေအနေနဲ့လည်း မိန်းမတစ်ယောက်ကို ငြီးငွေ့လွယ်တာ သဘာဝတရားပေါ့။
လူ့အသိုင်းအဝိုင်းဘောင်ကြီးကြောင့်တော့ ခရီးမဆက်သင့်ဘူး။
လောကဓံကို အံတုနိုင်ပါစေ အစ်မ။

Anonymous said...

ရုပ်ရှင်ပြပြီး ဖုန်ခါတယ်ပေါ့၊ အားတဲ့အခါ စာပြန်ရေးပါဗျ :D

Anonymous said...

မိန်းမ၀ါဒီသမားဖြစ်ချင်တာ.. :D