ငှက်ဆိုးတွေ ညမှာ ထွက်တာ .. ရှိုက်သံတွေကို အဖေါ်ပြုဖို့တဲ့၊
စေတနာထားသူဆီက .. ဦးနှောက်ဖောက်စားနေတဲ့ခေတ်ပါလားနော်။
စာနာတတ်သူရင်ကို အတ္တက ဆောင့်ကန်ခံရတဲ့ မြို့ပြထဲ
ကိုယ့်ရင်ဘတ်တွေ အေးခဲကုန်တယ်။
ခံစားချက်တိုင်း နည်းပညာက လိုက်မမီနိုင်တဲ့ခေတ်မှာ
အချစ်ကဗျာတိုင်း ခံစားလို့ မရတော့တာ ကိုယ့်အပြစ်တွေပါ။
ကံဇာတ်ဆရာက ဘယ်သွားမလဲမေးတော့
လက်ထဲက ပေါက်မဲက ဗလာရယ်။
လမ်းမထက်မှာ ဂုဏ်သိက္ခာကြီး ထမ်းပိုးလို့
လိပ်လိုအသွားနှေးနေရင် နိဗ္ဗာန်ရောက်ဖို့တော့ ကြာနေအုံးမှာ။
ကံဆိုးမ ..မယ်ပဋာကို အရူးမမှန်း မသိတာ
တဆိတ်တော့ ညံ့လွန်းပြီထင်တယ်ကွာ။
ဒါနဲ့ပဲ သုဿန်ခေါင်းတိုင်ဝက အခိုးအငွေ့တွေကြား
2 comments:
စာနာတတ်သူရင်ကို အတ္တက ဆောင့်ကန်ခံရတဲ့မြို့ပြထဲ
ကိုယ့်ရင်ဘတ်တွေ အေးခဲကုန်တယ်။
ကံဇာတ်ဆရာက ဘယ်သွားမလဲမေးတော့
လက်ထဲက ပေါက်မဲက ဗလာရယ်။
ဒါနဲ့ပဲ သုဿန်ခေါင်းတိုင်ဝက အခိုးအငွေ့တွေကြား
လက်ပြနေတာ ဘယ်သူမှမမြင်ပါဘူး
သူငယ်ချင်းရေ။
(ကြိုက်တာလေးတွေ ရွေးမှတ်သွား..)
ဒါနဲ့
ပြုံးနေမှာကို ဘာလို့ကြိုသိနေရတာလဲ
ပန်းချီပုံလေးကြည့်ပြီး ပြုံးမိတယ်.. :D
ဘာမှန်းတော့ မသိဘူး၊ နင့်ကနဲတော့ ဖြစ်သွားတယ် :(
Post a Comment