သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Thursday, October 13, 2011

ထိုင်းနိုင်ငံအတွင်း ရေလွှမ်းမှုသတင်းများ (၁၃-အောက်တိုဘာလ)

http://www.bangkokpost.com/news/local/261045/nation-floods-concern-the-kinghttp://www.nationmultimedia.com/national/Flood-victims-to-be-moved-from-critical-Nakhon-Saw-30167530.html
http://www.nationmultimedia.com/national/Experts-play-down-risk-to-Bangkok-30167531.html
http://www.bangkokpost.com/news/local/261044/evacuation-plan-readied
http://www.channelnewsasia.com/stories/afp_asiapacific/view/1158920/1/.html
http://www.thaitravelblogs.com/2011/10/map-of-flood-risk-areas-in-bangkok/

ဘန်ကောက်မြိ့တွင်း ရေမလွှမ်းဖို့ အစိုးရ လုပ်ဆောင်နေ (နေ့သစ် သတင်းစာမျက်နှာမှ ကူးယူဖေါ်ပြပါသည်။)
 
အတိုက်အခံခေါင်းဆောင် အဖိဆစ် ဝေ့ချာချီဝ (လက်ဝဲဖက်ဒုတိယလူ)နဲ့ ဘန်ကောက် ဒု အုပ်ချုပ်ရေးမှူး ပေါန်ထဲ့ပ် တက်ချာဖိုင်ဘူးလ် (လက်ဝဲဖက်) တို့ဟာ ၀န်ကြီးချုပ် ခွန်ယင်လပ်နဲ့အတူ ရေဘေးကာကွယ်ရေးအတွက် ဆွေးနွေးတိုင်ပင်နေကြစဉ်
မြောက်ဘက်ကစီးလာတဲ့ရေအဟုန်က ဘန်ကောက်ဆင်ခြေဖုံးရပ်ကွက်တွေမှာရှိတဲ့ အတားအဆီးတွေကို ဖယ်ရှားပစ် လိုက်တာကြောင့် ရပ်ကွက်အများအပြားရေမြုပ်ကုန်လို့ ဘန်ကောက်အတွင်းပိုင်း စီးပွားရေးဒေသတွေနဲ့ လူနေဒေသတွေ ကို ရေမမြုပ်အောင်ကာကွယ်ဖို့အတွက် ရနိုင်သမျှနည်းလမ်းတွေနဲ့ ဆောင်ရွက်ကြဖို့ အစိုးရက အမိန့်ထုတ်လိုက်ပါတယ်။
ပထုမ်ဌာနီပြည်နယ်ကလူတချို့ရေဘေးကကင်းလွတ်ရာနေရာရောက်အောင် 
ရေပေါ်အိမ်သာကို ဖောင်လိုလုပ်ပြီး ဆွဲခေါ်လာစဉ်
ပထုမ်ဌာနီ၊ နောင်ထာဘူရီ၊ နခုန်ပထုမ်၊ ဆမွတ်ဖရားခန်နဲ့ချချိုအန်ဆောင် ဒေသတွေမှာနေတဲ့သူတွေကို
နောက်ထပ် ရေကြီးလာမယ့် အခြေအနေကို စောင့်ကြည့်ဖို့ မနေ့က သတိပေးထားပါတယ်။
သောကြာနဲ့တနင်္လာနေ့တွေမှာ မြောက် ဖက်က တဟုန်ထိုးစီလာတဲ့ရေတွေဟာ ဘန်ကောက်ကို ရောက်လာနိုင်မယ်လို့ ခန့်မှန်းထားပြီး တနင်္လာနေ့မှာ ပင်လယ် ဒီရေလည်း တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။
ပတ်ဝန်းကျင်ပြည်နယ်တွေက အခြေအနေတွေနဲ့ပတ်သက်လို့လည်း အစိုးရရေဘေးကယ်ဆယ်ရေးဌာနကို ဦးဆောင် လုပ်ကိုင်နေတဲ့ တရားရေးဝန်ကြီး ဖရားချာဖရွမ်နော့က စိုးရိမ်ပူပန်နေပါတယ်။ ဒါပေမဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ကြလို့ အရေးပေါ်အခြေအနေ ကြေညာဖို့ မလုပ်ဘူးလို့ သူက ပြောပါတယ်။ ဘန်ကောက်မြို့ကြီး ရေမမြုပ်အောင် လုပ်ကိုင်နေချိန်မှာ မြို့တော်ကို ရေဘေးက ကာကွယ်နိုင်မလား ဆိုတာကိုတော့ သူ့ အနေနဲ့ အတည်ပြုပြောကြားနိုင်ခြင်းမရှိပါဘူး။ လို့ ၀န်ကြီးက ပြောပါတယ်။ အခြေအနေက မိုးမုန်းတိုင်းကျပြီး အယုဒ္ဓယ ကဖက်က ရေတွေ တဟုန်ထိုးစီးလာတဲ့အခြေအနေနဲ့ပင်လယ်ဒီရေမြင့်တက်လာတဲ့အခြေအနေတွေပေါ် မူတည်မှာ ဖြစ်ပါ တယ်။ ဘန်ကောက်ကို ရေဘေးကာကွယ်တားဆီးဆောင်ရွက်ရာမှာ လျှံတက်လာတဲ့ရေတွေကို ပင်လယ်ဖက်ဆီ လမ်း ကြောင်းလွှဲထွက် စီးဆင်းစေတာ မျိုးတွေပါဝင်ပါတယ်။
နောင်ကျောနဲ့ လတ်ခရာဘန်က တူးမြောင်း (၇) ခုကိုလည်း ရေများများစီးဝင်နိုင်ဖို့ ရွှံ့နှစ်တွေနဲ့နုံးတွေ ဆယ်ထားကြဖို့ မြို့တော်ဝန်တွေကို ညွှန်ကြားထားပါတယ်။ ဘန်ကောက်မြို့ထဲရေမလွှမ်းအောင် ကြည်းတပ်နဲ့ရေတပ်က လန်စစ်နဲ့ လန် စစ်တူးမြောင်း၊ ဆာလာယာနဲ့ တာလင်းချန် ပတ်လည်ဒေသတွေက လူနေတိုက်ခန်းတွေမှာ ရေတားတွေ ဆောက်နေကြ ပါတယ်။ ဘန်ကောက် အရှေ့ဖက်၊ အနောက်ဖက်နဲ့မြောက်ဘက် ဆင်ခြေဖုံးဒေသတွေမှာတော့ ရေလွှမ်းမယ်လို့ သိပ္ပံနဲ့ နည်းပညာဝန်ကြီးက ၀န်ခံပြောဆိုပါတယ်။
ခလုန်လန်စစ်ရက်ကွက် ၁ကနေ ၆အတွင်း တူးမြောင်းဘေးနေသူတွေကို တူးမြောင်းကမ်းပါးတွေ ရေတိုက်စားခဲ့ရင် ကုန်း မြင့်ပိုင်းကို ပြောင်းရွှေ့နေကြဖို့ အကြံပေးထားပါတယ်။ ဘန်ကောက်အရှေ့ပိုင်း၊ ဆုဝဏဖူးမ်လေဆိပ်ရှိတဲ့နေရာကို ကာ ကွယ်ဖို့ ရေတားတွေဆောက်ဖို့ စစ်သားတွေကို ညွှန်ကြားထားတယ်။ လို့ ကာကွယ်ရေးဝန်ကြီး ယုသာဆတ် ဆဆီဖရား ပါ က ပြောပါတယ်။ ဆုဝဏဖူးမ်လေဆိပ်ရေလွှမ်းတာကို ဖြေရှင်းဖို့အရေးပေါ်စီမံကိန်းတွေ ပြင်ထားပါတယ်လို့ လေဆိပ် ပြောရေးဆိုခွင့်ရှိသူ မစ္စ၀ိလိုင်ဝမ်နာ့ဒ်ဝိလိုင်က ပြောပါတယ်။ လေဆိပ်ရေလွှမ်းတာကာဖို့ လေဆိပ်ပတ်လည် မှာ ၂၃.၅ ကီလိုမီတာရှည်ပြီး ၃ မီတာအမြင့်ရှိတဲ့ အတားအဆီးတံတိုင်းတွေနဲ့ လုပ်ထားတယ်။ ဒီကနေလျှံကျလာတဲ့ ရေတွေကို ရေ ကုဗမီတာ ၄ သန်း ထိန်းထားနိုင်တဲ့ ရေထိန်းကန်တွေဆီ ဖောက်ထုတ်ဖို့ မြောင်းတွေလည်း လုပ်ထားတယ်။ ဒါ့ပြင် တ ရက်ကို ရေကုဗမီတာ ၁ သန်း စုပ်ထုတ်နိုင်တဲ့ ရေပန့် ၄ ခုလည်း လေဆိပ်မှာ ရှိတယ်လို့ သူမက ပြောပါတယ်။

 
မနေ့ကအယုဒ္ဓယ၊ ဖွတ်ထိုင်းဆ၀မ်ရက်ကွက်ကလူတွေ ဟယ်လီကော်ပတာက ချပေးတဲ့ စားစရာနဲ့သောက်ရေတွေ စောင့်ယူနေပုံ
 
မနေ့က ပထုမ်ဌာနီ၊ မူအန်းခရိုင်၊ ဘန့်ကလန်ရွာသားတွေ သူတို့ပစ္စည်းတွေကို ကုန်းမြင့်ပေါ်ကို ရွှေ့နေပုံ
 
ရေမြုပ်နေတဲ့ နခုန်ဆ၀မ်က စားသောက်ဆိုင်တဆိုင်
 
ရေကြီးတာတားဖို့ အယုဒ္ဓယ စက်မှုဇုန်မှာပုံထားတဲ့ သဲအိတ်တွေ

ပထုမ်ဌာနီက ကယ်ဆယ်ရေးလုပ်သားတွေနဲ့စေတနာ့ဝန်ထမ်းကူညီသူတွေ  ဟုံပထွမ်မ၀ပ် ဘုန်းကြီးကျောင်းရှေ့၊ ကျောက်ဖရားမြစ်ကမ်းပေါ်မှာ သဲအိတ်တံတိုင်းတွေ ပြင်နေပုံ
 
အယုဒ္ဓယပြည်နယ်၊ ဘန့်ပါဟန်းခရိုင်းနဲ့ ဖရားနခုန်ဆီအယုဒ္ဓယ ကိုဆက်သွယ်ထားတဲ့ နံပတ် ၃၄၇ လမ်းမကြီးပေါ်မှာ လဲနေတဲ့ လော်ရီကားတစီးပုံ
 
ပထုံဌာနီ နည်းပညာကောလိပ်ဝင်းထဲမှာ ကျောင်းသားတွေ ကျောင်းဝင်းထဲက ရေနက်ထဲမှာ သွားနေစဉ်
 
ဘန်ကောက်အရှေ့ပိုင်းခရိုင်က ကယ်ဆယ်ရေး စခန်းများနှင့် ဆက်သွယ်ရန်ဖုန်းနံပတ်များ

Wednesday, October 12, 2011

တရိပ်ရိပ်တက်လျှက်ရှိသော ထိုင်းနိုင်ငံ ရေလွှမ်းမိုးမှုများ

ထိုင်းနိုင်ငံတွင် စိုးရိမ်ဖွယ်ရာ ရေကြီးခြင်းများနဲ့ ပတ်သက်ပြီး ဖတ်နိုင်တဲ့ သတင်းလင့်များ

Essential Thai Flood Information for Foreign Tourists in Thailand

http://www.bangkokpost.com/news/local/260677/chao-phraya-fury-erupts 
http://www.voanews.com/burmese/news/Asia-floods-10-10-11-131450518.html
http://www.voanews.com/burmese/news/Bangkok-flood-10-09-11-131432003.html
http://www.channelnewsasia.com/stories/afp_asiapacific/view/1158425/1/.html
http://www.irrawaddyblog.com/2011/10/blog-post_9120.html
http://www.thaitravelblogs.com/2011/10/what-time-will-it-flood-in-bangkok-check-the-high-tide-charts-thaiflood/
http://www.thaitravelblogs.com/2011/10/map-of-flood-risk-areas-in-bangkok
http://burmese.dvb.no/archives/16295

ထိုင်းနိုင်ငံတွင်း သတင်းchannel များမှလည်း မြစ်ရေကြီးခြင်းသတင်းများနှင့် ပြည်သူများ လိုက်နာဆောင်ရွက်ရန်များကို အချိန်တိုင်းလိုလို ကြေညာပေးလျှက်ရှိနေပြီဖြစ်ပါသဖြင့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအနေဖြင့် မပေါ့ဆကြပဲ သတင်းများနဲ့ ပြတ်လတ်မှုမဖြစ်စေရန် ကြိုတင်တိုက်တွန်းနှိုးဆော်ပါရစေ။

 ဝပ်အာရုဏ်ဘုရားစေတီနားက မြစ်ကမ်းနားဖြစ်ပါတယ်။ ထိုင်းမြောက်ပိုင်းရေကြီးနေချိန်မှာ မြစ်ရေတက်နေပုံလေးပါ။ 
အခုဆိုရင် ဝပ်အာရုဏ်စေတီဝင်းထိ ရေတွေ ဝင်နေပါပြီ။ 

မုန်တိုင်းများ ဆက်တိုက်ဖြစ်ပေါ်မှုကြောင့် မြစ်ရေ အဆမတန်တိုးခြင်းတွေ အပြင် ဆည်များမှ ရေများ စိုးရိမ်ရေမှတ်ကျော်လွန်မှုတွေ ပေါင်းလိုက်တဲ့အခါ လွန်ခဲ့သော နှစ်များစွာက ထိုင်းမှာ ရေကြီးခြင်းများထက် အဆများစွာ ပိုမိုဆိုးရွားနေပြီဖြစ်ကြောင်း သတင်းမီဒီယာ အင်တာဗျူးတွေမှာ ဖြေကြားနေကြတာကို ကြားသိနေရပါတယ်။ အစိုးရကလည်း မမျှော်လင့်ထားတဲ့ သဘာဝဘေးအန္တရာယ် ကိုင်တွယ်ဖြေရှင်းတာ မနိုင်မနင်းဖြစ်နေပါတယ်။ ပြည်သူအများကလည်း ရေကြီးခြင်း သတိပေးနှိုးဆော်ချက်တွေကို အလေးမထားမှုတွေနဲ့ ပေါင်းလိုက်တဲ့အခါ မမျှော်လင့်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာရခြင်းပဲဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ ကျောက်ဖရားမြစ်ကြီးက ဘန်ကောက်မြို့မှ ပင်လယ်ဝကို စီးဆင်းတဲ့နေရာတွေကို ကြည့်ရင် မြစ်ကွေ့ကောက်မှုများတာကြောင့်လည်းကောင်း၊ မြစ်ရေစီးဆင်းခြင်း မဖြောင့်ဖြူးတာကြောင့်လည်းကောင်း၊ (မြစ်ရေလျှံနေမှတော့)ဘန်ကောက်မြို့တွင်း ရေဆိုးများ စွန့်ပစ်ရာ ရေမြောင်းများ၏ ရေမျက်နှာပြင်များ မြင့်တက်လာခြင်းကြောင့် မြို့တွင်းအနှံ့အပြားမှာ
ရေလျှံခြင်းများ ဖြစ်ပေါ်လာမှုရာခိုင်နှုန်းများခြင်းကြောင့်လည်းကောင်း၊ သတိပေးကြေညာချက်များကို ပြည်သူတို့ သတိမမူခြင်းကြောင့်လည်းကောင်း ဒီနှစ် ထိုင်းနိုင်ငံမြစ်ရေကြီးမှုသည် အလွန် စိုးရိမ်ဖွယ်ရာဖြစ်နေပါတယ်။

မြစ်ရေကြီးလာတဲ့အခါမှာ မြို့တွင်းသွားလာမှုဆက်သွယ်ရေး နှစ်ပတ်ခန့် ပြတ်တောက်နိုင်မှာဖြစ်ပြီး၊
ရေကြီးခြင်းကြောင့် လျှပ်စစ်မီးများကို ဖြတ်တောက်ထားနိုင်တဲ့အတွက် လက်နှိပ်ဓာတ်မီးနဲ့ ဖယောင်းတိုင်များစုဆောင်းထားခိုင်းပြီး၊ ဂက်စ်အိုးများကို ကြိုတင်ဖြည့်ထားကြဖို့ သက်ဆိုင်ရာဋ္ဌာနများကို ကြိုတင်သတိပေးမှာကြားလျှက်ရှိနေပါတယ်။ ရေကြီး ရေလျှံမှုများဖြစ်နေချိန်မှာ တစ်ရှုးများ၊   ရေသန့်များ၊ ဆေးဝါးများ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများ၊ ကလေးငယ်များ သွေးလွန်တုပ်ကွေး မဖြစ်စေရေးကိုလည်း အထူးအလေးပေး မှာကြားလျှက်ရှိကြပါတယ်။ ကုန်တိုက်များအတွင်း ရေကြီးနေချိန်မှာ လိုအပ်သော ပစ္စည်းများကို ဝယ်ယူကြိုတင် စုဆောင်းထားရန်အတွက် နမူနာများပြသထားသည့်အပြင် စိုးရိမ်ရသော နေ့ရက်များမတိုင်မီ ကုန်တိုက်များသည်လည်း ပိတ်တော့မှာဖြစ်တဲ့အတွက် ကြိုတင်ဝယ်ယူစုဆောင်းထားဖို့လည်း မှာကြားထားပါတယ်။

အောက်တိုဘာလတွင်း မုန်တိုင်းဖြစ်ပေါ်မှုများလည်း ရှိနေသေးသည်ဖြစ်ရာ ဆည်များမှ ရေများကို ဖောက်ချ
တော့မည်ဖြစ်ပါသဖြင့် စိုးရိမ်ဖွယ်ရာ အခြေအနေများမှာ တိုးလျှက်သာရှိပါသည်။ ယခုချိန်ထိရေလွှမ်းမိုးမှု အန္တရာယ်များကို စိုးရိမ်ရသောအခြေအနေမှ မလွတ်မြောက်နိုင်သေးကြောင်း ကြေညာချက်များ ထုတ်ပြန်ထားပြီးဖြစ်ရာ ထိုင်းနိုင်ငံရောက် မြန်မာများအတွက် သတိထားဖို့ရာ အလေးအနက်ထား တိုက်တွန်းနှိုးဆော်ပါရစေနော်။ 

ဆယ်တန်းအောင်ပြီးစ အချိန်တုန်းက ဘာသာရေး မဂ္ဂဇင်းတစ်စောင်ထဲမှာ ဖတ်မိတာလေးတစ်ခုကို လိုရမယ်ရ ပြောပြချင်ပါသေးတယ်။ မိုးတားနည်းလေး တစ်ခုပါ။ မိုးနတ်မင်း လေနတ်မင်းတို့က အလွန်သဘောကောင်းတဲ့ နတ်တွေလို့ဆိုပါတယ်။ မိမိမှာ ရှိတဲ့ ပြုခဲ့ဖူးတဲ့ ကောင်းမှုကုသိုလ်တွေကို မိုးနတ်မင်းလေနတ်မင်းတွေကို အမျှပေးဝေပြီး မိုးတားမယ်ဆိုရင် သူတို့က မိုးနဲ့ ပတ်သက်တဲ့ အန္တရာယ်များကို ကာကွယ်ပေးတယ်လို့ဆိုပါတယ်။ ခရစ္စတလ်လည်း ဒီနည်းကို တော်တော်လေး သုံးဖူးပါတယ်၊ မိုးမရွာစေချင်တဲ့နေ့ အပြင်သွားဖို့လည်း ရှိနေတယ်ဆိုရင် ဒီလိုလေး လုပ်နေကြပါ၊ (သည်းသည်းမည်းမည်းရွာနေချိန်မှာတော့ မတားနဲ့ပေါ့၊ ကြိုတင်ပြီး တားရင် အိုကေပါတယ်)တကယ်လည်း မိုးမရွာပါဘူး။ အခုလည်း ကြိုးစားပြီး ပြုလုပ်လျှက်ရှိပါတယ်။ ကောင်းမှုကုသိုလ်လေးတွေလည်း ပြုလုပ်ရင်းနဲ့ပေါ့။

ခုချိန်မှာ မိုးရွာတာ မိုးခြိမ်းတာတွေ နှစ်သက်တဲ့၊ မိုးရွာနေတာကို ကြည့်နေရရင် ပျော်နေတဲ့ စိတ်လေးတွေတောင် ကြက်ပျောက် ငှက်ပျောက်ဖြစ်နေပါတယ်။ နေ့တိုင်း တီဗွီသတင်းတွေကို ကြည့်နေရင်း သတ္တဝါတွေ ဘေးကင်းကြစေဖို့ပဲ အခါခါဆုတောင်းမိပါရဲ့။ ဂျပန်မှာ ဆူနာမီဖြစ်တာ ဂျပန်တွေ ငါးအရှင်တွေကို အရှင်လတ်လတ်စားကြ၊ မီးဖိုပေါ်တင်ကြပြီး ချက်ချင်းစားကြလို့ အကုသိုလ်ဖြစ်တယ်လို့ ဂျပန်က ထိုင်းကို အလည်လာတဲ့သူတွေဆီက ကြားသိရပါတယ်။ ဒီလိုဆိုတော့ ကိုယ့်ဘဝမှာ သတ္တဝါလေးတွေ သေမှ ကိုယ်စားသောက်နိုင်မယ့် စိတ်တွေ တခါမှ မပြုဖူး၊ မလုပ်ဖူးလို့တော်သေးတယ်လို့ တွေးမိပါတယ်။

အယုဒ္ဓယက ဂျပန်ကားကုမ္ပဏီတွေလည်း ဆုံးရှုံးမှုတွေရှိနေပါပြီ

မြန်မာတွေ သိတဲ့ ပသူနမ်က ပလက်တီနမ်ကုန်တိုက် နောက်ဘက်မှာ သွားနေတဲ့ ရေဆိုးစွန့်ပစ်ရာနေရာမှ လှေလမ်းကြောင်းတစ်ခုပါ။
မြစ်ရေလျှံတာတွေက ဒီလိုနေရာတွေကို စီးဝင်လာတော့မှာမို့ ကြိုတင်သတိပေးချက်တွေ ထုတ်ပြန်ထားကြတာဖြစ်ပါတယ်။ အခုပုံက မြစ်ရေမလျှံခင်က ရိုက်ထားတဲ့ပုံဖြစ်ပါတယ်။

မြစ်ရေလျှံနေတာကို သွားကြည့်နေကြတာပါ။
ဖခနုံ ရထားဘူတာအပေါ်ဘက်မှ ရိုက်ထားတာပါ၊ မိုးများတဲ့ တစ်နေ့မှာ ရိုက်ထားတာဖြစ်ပါတယ်။ မိုးများတဲ့နေ့မှာတောင် ရေကြီးနေရင် မြစ်ရေလျှံတဲ့ချိန်ဆို ဒီ့ထက်ရေများဖို့ ......
 လော့ဘူရီဆည်ဖြစ်ပါတယ်၊ အပန်းဖြေစခန်းတည်ဆောက်ထားပါတယ်။ 
ခုချိန်မှာ ရေစလျှံနေပါပြီ။ 

ကချနဘူရီဆည်က ထိုင်းနိုင်ငံမှာ အကြီးဆုံးဆည်ဖြစ်ပါတယ်၊ တောင်တွေ ကာရံထားပြီး၊ စစ်တပ်အစောင့်များစွာနဲ့ ဂရုတစိုက်ထားတဲ့ ဆည်တစ်ခုပါ။
ရေဖောက်ချမယ်လို့ ကြေညာထားတဲ့ ဆည်တွေဖြစ်ပါတယ်။

ဒါ့အပြင် လူတိုင်းမှာ ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းတွေ မဆုံးရှုံးမပျက်စီးစေချင်တဲ့စိတ် ကိုယ့်မှာဖြစ်နေရင် ထိုင်းနိုင်ငံသားတွေလည်း သူတို့ပိုင်ဆိုင်တာတွေ ဘယ်ပျက်စီးစေချင်မလဲ၊ ပြီးတော့ တိုင်းပြည်ပေါ့၊ တိုင်းပြည်တိုးတက်ဖို့ ငွေတွေ သတ်မှတ်ထားချိန်မှာ ဆုံးရှုံးမှုတွေအတွက် ဖြည့်ဆည်းနေရမယ်ဆိုရင် တိုင်းပြည်က ရှေ့ရောက်တော့မှာမဟုတ်ဘူးလေ၊ ဒါကြောင့် ကိုယ်ချင်းစာပြီး ဆုတောင်းပေးနေပါတယ်။ ကိုယ့်တိုင်းပြည်နဲ့ သူတို့တိုင်းပြည်တွေမှာ ရေကြီးတာတွေဖြစ်နေတုန်းမို့ ကမ္ဘာကြီးတစ်ခုလုံး သတ္တဝါတွေအားလုံး သဘာဝဘေးအန္တရာယ်တွေမှ ကင်းဝေးနိုင်စေဖို့ သစ္စာဆို မေတ္တာပို့ ဆုတောင်းခြင်းများ ပြုလုပ်နေမိပါကြောင်း။

လေးစားစွာဖြင့်
ခရစ္စတလ်

Wednesday, October 5, 2011

နောက်တပတ်ဆို သီတင်းကျွတ်လပြည့်ရောက်တော့မယ် ...

သီတင်းကျွတ်ကာလဆိုရင် ငယ်ငယ်ကတည်း ကုသိုလ်ရေးတွေကိုပဲ ပြုလုပ်လေ့ရှိတာလေးတွေ သတိရမိတယ်။ မနေ့မနက်က စောစောထပြီး ကိုယ်တိုင်ဆွမ်းချက်လောင်းလှူဖြစ်ခဲ့ပါသေးတယ်။ သီတင်းကျွတ်ကာလမှာ မြတ်စွာဘုရားက ဘုရားလောင်းဘဝတုန်းက မိခင်တော်စပ်ဖူးခဲ့တဲ့ ကျေးဇူးတွေကို ဆပ်ခဲ့တာကြောင့် ဒီချိန်မှာ ခရစ္စတလ်လည်း ကိုယ့်အပေါ်ကျေးဇူးများခဲ့ဖူးသူတွေ မှန်းဆ စဉ်းစားမိရင်း ကျေးဇူးတင်မဆုံးအောင်ဖြစ်ရပါတယ်။ တွေးတွေးပြီး ကျေးဇူးတွေတင်နေမိတယ်ဆိုပါတော့။
ဒီနေ့တော့ အမေ့ကို ဖုန်းထဲမှာ ကန်တော့လိုက်ပါတယ်။ အမေ ကျန်းမာနေလို့ တော်သေးတယ်။ လပြည့်နေ့မှာ ဆွမ်းကပ်ဖို့တော့ ရည်ရွယ်ထားပါတယ်။

ဖွားတော်မူခန်း ပုံလေးကို မြဘုရားအဝင်ဝနားက ပိုစ့်ကဒ်ရောင်းတဲ့ဆိုင်က တွေ့လို့ ဝယ်လာပါတယ်။ တခြားပုံလေးတွေလည်း ရှိသေးတယ်၊ အကြောင်းတိုက်ဆိုင်မယ့် ပိုစ့်လေးတွေနဲ့ အတူ ဖေါ်ပြပေးပါမယ်။ ဖွားတော်မူခန်းကို ထိုင်းပုံစံလေး ရေးဆွဲထားတာမို့ ဆိုဒ်မှာ တင်ပေးလိုက်ပါတယ်။


ပိုစ့်တွေ တင်ဖို့ ပိုကြိုးစားပါအုံးမယ်၊ ဘလော့ကို လာလည်ပေးတဲ့ သူတွေကိုလည်း အထူးကျေးဇူးတင်ကြောင်းပြောပါရစေ။

လေးစားစွာဖြင့်
ခရစ္စတလ်