သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Monday, June 14, 2010

လေအသော့မှာ တိမ်တွေ “က” လို့...။


“ကမ်း၏ စေရာ နာခံတာက မြစ်” ဆိုရင်

ပြာလွင်တဲ့ ကောင်းကင်ကြီးထဲ လေအသော့မှာ လိုက်ပါ “က” ပြရတာက တိမ်တွေပါ။

ဒီလိုပဲ ဘဝမှာ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် လက်ထပ်လို့ အိမ်ထောင်သည်ဖြစ်ကြတော့....။

အိမ်ထောင်ဦးစီး ယောက်ျားသားတို့ ဦးဆောင်ရာ ကောင်းခြင်း ဆိုခြင်းတွေနောက် လိုက်ပါ ကပြကြရတာက အိမ်ထောင်ရှင်မ မိန်းမသားတွေပဲ မဟုတ်လား။

ဒါလေးကို ရှေးလူကြီးတွေက “ရေမြင့်တော့ ကြာတင့်တယ်”တယ်လို့ ဆိုကြရဲ့။

ကဲ တခါတလေ လေပြေလေးမှာ တိမ်တွေက
ငြိမ့်ငြိမ့်လေး လိုက်ပါလို့ လှလိုက်တယ်နော်၊


တခါတလေတော့လည်း လေတွေ
သယ်ဆောင်ရာကို ခပ်မြန်မြန်နဲ့ လိုက်ပါရပြန်တယ်၊


တခါတလေတော့လည်း လေတွေ ငြိမ်နေလို့
တိမ်လေးတွေက ရပ်လို့
အသက်မဲ့သလိုပဲ၊


တခါတလေတော့လည်း လေနီကြမ်းတွေ ဝှေ့တော့
တိမ်လေးတွေ လွင့်စင် ပျောက်ကွယ်သွားကြပြန်ရော၊


ဒီလိုနဲ့.....


အို.....ဟိုးကောင်းကင်ကြီး မော့ကြည့်လိုက်ပါအုံး...
လေအသော့မှာ တိမ်တွေ “က” လို့။


3 comments:

ကိုပိန် said...

လေမတိုက်ရင် ငိုလိုက်

ရေသန့်  said...

တိမ်ကင်းစင်တဲ့ ကောင်းကင်
မြင်ဘူးစေချင် ...

Anonymous said...

တိမ်တွေ ငိုလိုက်တာ သမုဒ္ဒရာလေးစင်းမက ရှိခဲ့ပြီ။

တိမ်ကင်းစင်နေတဲ့ ကောင်းကင်ကြီးက အပူအားတွေ ပြင်းတယ်လေ။ ရေသန့်လေးက အမောပြေသလို အရိပ်လေးကလည်း အေးနေမှ။ :))