သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Thursday, June 10, 2010

ကွာခြားခြင်း



ချစ်သူမဖြစ်ခင်ကာလဝယ်

မိန်းကလေးက စိတ်ကောက်သော အသံလေးကို ကြားရရုံရှိသေး ကောင်လေးက ဒီလို...
“အခု မေမြို့ရောက်နေတာနော် ချက်ချင်း ပြေးလာလို့မရဘူး စိတ်မကောက်လိုက်နဲ့နော်” တဲ့။


ချစ်သူဘဝတွင်....

ခဏလေးနော် ဒီမှာ ဧည့်သည်တွေနဲ့နော်၊ နောက်မှ ဖုန်းပြန်ဆက်မယ်နော်...နော်...နော်။
ချစ်သူကောင်လေးက ကောင်မလေးကို ဤသို့ ချွေးသိပ်ပုံ...။


လင်နဲ့မယားဘဝ အစ...

မိန်းမ - မောင်ရေ ဘယ်ချိန်ရှိပြီလဲ ပြန်လာတော့လေ။
ယောက်ျား - ဒီမှာ သူငယ်ချင်းတွေနဲ့ စကားက မပြတ်သေးဘူး၊ အိပ်ချင်အိပ်နှင့်တော့ကွာ စောင့်မနေနဲ့။

အိမ်ထောက်သက် (၃)နှစ်ခန့်ကြာသော်အခါ...။
ယောက်ျား - စိတ်ကောက်တယ်ဆိုတာ ကလေးဆန်တာပဲ။ ကလေးဆန်တာတွေ မလုပ်စမ်းပါနဲ့။ အလကား အချိန်တွေဖြုန်းနေတာ။

မိန်းမ - မိမိလက်ထပ်ခဲ့တာ မိမိကို ချစ်သူမဖြစ်ခင်က မျက်နှာလေး ညိုးမှာကိုတောင် စိုးရိမ်တတ်ခဲ့သူမှ ဟုတ်ပါလေစလို့ ကိုယ့်ယောက်ျားကို သေသေချာချာ ကြည့်မိနေပါတော့သည်။
လောကမှာ ယောက်ျားများရဲ့ သဘာဝက ပိုရင်းနှီးလာလေ ဤသို့ဖြစ်လေ၊ မိန်းမများကတော့ ပိုရင်းနှီးလာလေ အကြင်နာဆိုတာတွေကို ပိုလိုချင်လာလေ။ ဖြစ်တတ်တဲ့ သဘာဝတွေရဲ့ ကွဲပြားကွာခြားခြင်းတွေပဲ ဖြစ်ပါတယ်။ မိန်းမအပေါင်းတို့သည် ကြင်နာတတ်သော စာနာတတ်သော မိန်းမသားများကို ငဲ့ညှာတတ်တဲ့ စိတ်သဘာထားပြည့်ဝသော ယောက်ျားကောင်းများနှင့်သာ ဖူးစာဖက်နိုင်ကြပါစေသတည်း။ :)

(အစ်မ မသန္တာ တောင်းဆိုသောကြောင့် ဒီပိုစ့်လေးကို ရေးပါသည်။)
crystal

3 comments:

လသာည said...

crystal တဲ့လား.. ငယ်ငယ်က အသေကျက်ခဲ့ရတဲ့ ဓါတုဗေဒ definitionကို သတိရတယ်..။ မေတ္တာများဖြင့် ပေါင်းစည်းထားသော၊ အကြင်နာများဖြင့် ဖွဲ့စည်းထားသော၊ အကြင်နာ crystalအဖြစ် မြင်ယောင်သွားပါတယ်။

အမျိုးသားနဲ့ အမျိုးသမီးကွဲပြားချက်တွေကို အခုလို ရသဆန်ဆန်လေး ရေးပေးတော့ ဖတ်ရတာ လွယ်တာပေါ့.. ကျေးဇူး..။ လင့်ယူသွားတာကို ကျေးဇူးပါ crystal....။

ကိုပိန် said...

ယောင်္ကျားအပေါင်းတို့သည် ထိုကဲ့သို့သော မိန်းမအပေါင်းနှင့် ကောင်းကင်ဘုံမရောက်မချင်း လက်ရှိအတိုင်း ဆက်လက် ပေါင်းသင်းကြစေ။

Anonymous said...

ဒီလိုပါပဲအမရယ်။
အိမ်ထောင်မကျခင် ရည်းစားဘဝကတစ်မျိုး အိမ်ထောင်ကျပြီးတော့တစ်မျိုး။
သူတို့ကမိန်းကလေးတွေကို မြစ်လိုပဲကွေ့ကောက်တယ်လို့ပြောကြသေးတယ်။
ပြောကိုမပြောချင်ဘူး။