သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Sunday, February 27, 2011

ဒီနေ့မှာတော့ ....

ပထမဆု

မလွမ်းလောက်ပါဘူး

ပြန်တွေးကြည့်

မင်းဖုန်းပိတ်ထားတဲ့ည

ယောက္ခမ

အလုပ်ရှုပ်သူ

ရှည်ကြာလွန်းတဲ့ အခိုက်အတန့်များ

အသက် လေးဆယ်

မိုးမိုးကို အဆိုတော်အနေနဲ့ သိခဲ့ပေမယ့် သူ့သီချင်းတွေ နားမထောင်ခဲ့ဖူးပါ၊ လူရွှင်တော်နဲ့ သရုပ်ဆောင်ကိုတော့ သဘောကျမိပါရဲ့ ဒီနေ့မှာတော့ သီချင်းတွေ့လို့ နားထောင်မိတယ်။ ပြီးတော့ အခုတလော ကျန်းမာရေးက ကိုယ့်ဘက်မပါလို့ လိုင်းမှာ သီချင်းတွေ ရှာလိုက်တာ ဒါလေးတွေ ကြိုက်မိသွားပါလေရောရှင်။ သီချင်းစာသားတွေနဲ့ သံစဉ်ကို သေချာနားဆင်ခံစားကြည့်နေမိပါ၏။
ပိုစ့်တွေ ရေးနိုင်ဖို့တော့ အားမွေးရလိုက်ပါအုံးမယ်နော်။ 

လေးစားစွာဖြင့်
crystal

2 comments:

အင်္ဂါဟူး said...

ပထမဆု ရဖို့ ကြိုးစားလွန်းလို့ အလုပ်ရှုပ်သူ ကိုယ်တစ်ယောက်က ယောက်က္ခမကြီးကို ကြောက်ကြောက်နဲ့ ဖုန်းဆက်တာ မင်းဖုန်းပိတ်ထားတဲ့ ညနဲ့ တိုးနေတော့ ရှည်ကြာလွန်းတဲ့ အခိုက်အတန့်တွေ ပေါင်းပြီး အသက်လေးဆယ် အရွယ်ရောက်လာခဲ့ ပေမယ့်... ပြန်တွေးကြည့်ရင် မလွမ်းလောက်ပါဘူး။

crystal said...

ပိုစ့်ရေးတဲ့သူထက် မန့်သူက လက်စွမ်းပိုထက်၏။ ကျေးဇူးကမ္ဘာဗျို့... :D