သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Sunday, March 13, 2011

ပြည်ဖျက်ငလျင်ဘေး၏ နောက်ဆက်တွဲများ

ဒေါင်းမာန်ဟုန်မှ ထပ်ဆင့်ကူးယူဖေါ်ပြပါသည်။

ပြင်းထန်သောမြေငလျင်နှင့်ဆူနမိကြောင့်ဖရိုဖရဲမြင်တွေ့ရသောကွန်တိန်နာများ




ငလျင်ဒဏ်ခံစားရပြီး ပိတ်မိနေသော ဂျပန်နိုင်ငံသားများအား ခက်ခက်ခဲခဲ ကြိုးစားကယ်ဆယ်နေပုံ(ဓာတ်ပုံမှတ်တမ်း)yomiurishinbun/AFP
မတ်လ (၁၁)ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဂျပန်ငလျင်နောက်ဆက်တွဲနဲ့ ပတ်သက်ပြီး တီဗီတွေကနေ တောက်လျှောက်ပြနေတယ်။ ANN အဆဟိ သတင်းဋ္ဌာနကကောက်ယူတဲ့ စစ်တမ်းအရ သေဆုံးသူ (နာမည်comfirm) ဖြစ်သည့်အလောင်း တစ်ထောင် (၁၀၀၀ ကျော်)၊ ပျောက်ဆုံးနေသူ (နာမည်comfirm) တစ်ထောင့်တစ်ရာ (၁၁၀၀ ကျော်) နေပြီဖြစ်ပါတယ်။ စူနားမီတိုက်ရိုက်ခံစားလိုက်ရတဲ့ မြို့ငယ်များထဲမှာ လူ တစ်သောင်းခြောက်ထောင်ကျော်စီ နေထိုင်တဲ့ မြို့ငယ် (၃)ခုမှာ တမြို့လျှင် တစ်သောင်းဝန်းကျင်ခန့် (ပျောက်ဆုံး - comfirm မလုပ်နိုင်သေး) ဟုသိရှိရပြီး စုစုပေါင်းလူပေါင်း သုံးသောင်းကျော် အဆက်သွယ် လုပ်လို့ မရသေးဘူးလို့ ပြောပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၆၉ နိုင်ငံမှ အထူးကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်မည်ဟု ကမ်းလှမ်းထားပြီး အမေရိကား၊ ဂျာမဏီ၊ ဆွစ်ဇလန်၊ တရုတ် တို့မှ စတင်ရောက်ရှိလာနေပြီဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှ CNN ၏ အချိန်တော်တော်များများမှာ ဂျပန်ငလျင်သတင်း ဦးစားပေးထုတ်လွှင့်ပေးနေသည်ဟု သိရှိရပါတယ်။

အမေရိကားပလိပ်၊ ဖိလစ်ပိုင်ပလိပ်၊ ပစိဖိတ်ပလိပ် ဆက်စပ်နေသည့်နေရာမှ ယခုငလျင်မှာ ဂျပန်နိုင်ငံအရှေ့ဖက် ပစိဖိတ်အတွင်းမှ ပစိဖိတ်ပလိပ်ရွေ့လျားမှုကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်ပါသည်။ အလျား အရှေ့အနောက် ကီလိုမီတာ-၂၀၀၊ အနံ တောင်မြောက် ကီလိုမီတာ - ၅၀၀ အကျယ်အ၀န်းအတွင်းမှာ 7.0M အထက် ငလျင်ကြီးများ ၇ကြိမ်ဆက်တိုက်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်။ 5.6 M ၀န်းကျင်ငလျင်များ နေရာအနှံ့ ဆက်တိုက်လှုပ်နေပါသေးတယ်။ ငလျင်ကြီး ကြုံတွေ့ခံစားရသူများအဖို့ 5.0M ငလျင်များကို ငလျင်ဟု မထင်တော့သလို ဖြစ်တတ်တာကြောင့် သတိလက်မလွတ်ကြစေဖို့ ဆော်သြနေပါတယ်။ Japan Meteorological Agency (JMA) မှ မတ်လ - ၁၁ ရက်နေ့ ဖြစ်ပေါ်ခဲ့သောငလျင်အား မက်ဂနိကျု့ 8.8M ဟုဖေါ်ပြခဲ့ပြီး အမေရိကားမှ တိုင်းတာချက်အရ 8.9M ဟုဖေါ်ပြခဲ့ပါတယ်။

ယနေ့ မတ်လ - ၁၃ ရက်နေ့ ဂျပန်စံတော်ချိန် နေ့လည် ၁နာရီ JMA မှ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် သြစတေးလျနိုင်ငံမှ တိုင်းတာချက် ဂရပ်ဖ်အား ပြန်လည်ကြည့်ရှုသုံးသပ်ပြီးနောက် မတ်လ - ၁၁ ရက်နေ့ လှုပ်သွားသော ငလျင်အား မက်ဂနိကျု့ 9.0M အဖြစ်ပြောင်းလဲသတ်မှတ်လိုက်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာသွားပါတယ်။ 9.0M သည် ကမ္ဘာပေါ်တွင်ဖြစ်ပေါ်သော ငလျင်များထဲတွင် အကြီးဆုံးဖြစ်ပြီး မှတ်တမ်းများအရ နှစ်-၅၀၀ တွင်တကြိမ် ခန့်ဖြစ်ပေါ်သည်ဟုဆိုပါတယ်။ ၁၉၉၅ ကိုဘေးငလျင်သည် မက်ဂနီကျု့ 6.8M သာရှိသော်လည်း ငလျင်ဗဟိုချက်ဖြစ်သောကြောင့် ပျက်စီးဆုံးရှုံးမှု များပြားခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၉၉ တိုင်ဝမ်ငလျင်သည်လည်း 7.6M ဗဟိုချက် နှစ်ကြိမ်ဖြစ်ခဲ့ပါတယ်။

အမေရိကားပလိပ်၊ ဖိလစ်ပိုင်ပလိပ်၊ ပစိဖိတ်ပလိပ် ၃ခုလုံး တပြိုင်တည်းရွေ့လျားမှုဖြစ်ပေါ်နိုင်ခြေလည်းရှိပါ တယ်။ တပြိုင်တည်း ရွေ့လျားခဲ့ပါက ဖေါ်ပြရန်ခက်ခဲ့သော ကြီးမားပြင်းထန်သည့် ငလျင်များစွာ ဖြစ်ပေါ်နိုင်ပြီး ကြီးမားသော ဆူနာမီများလည်းဖြစ်ပေါ်လာနိုင်ခြေရှိပါတယ်။ လက်ရှိ ခန့်မှန်းထားကတော့ ဘယ်နေရာကို ဗဟိုပြုပြီးတော့ ဖြစ်ပေါ်လာမယ်မှန်းမသိနိုင်တဲ့ 7.0M ငလျင် ၃ရက်အတွင်းဖြစ်ပေါ်ရန် ၇၀% ဟုပြောကြား သွားပါတယ်။

အထက်ပါအကြောင်းအရာတွေကတော့ ANN နေ့လည် တစ်နာရီသတင်းကို ကြည့်ရှုပြီး အဆင်ပြေသလို တင်ပြထားခြင်းဖြစ်ပါတယ်။

အရေးပေါ်ကြိုတင်ပြင်ဆင်ခြင်းများ

ဂျပန်နိုင်ငံမှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားများအနေဖြင့် မိတ်ဆွေအချင်းချင်း ဆက်သွယ်မှုပြုလုပ်ရန် ပြင်ဆင်ထားပါ။ တကယ်ငလျင်ကြုံတွေ့ရပါက ဖုန်းဆက်သွယ်မှုများ ပြတ်တောက်နိုင်ပြီး တိုက်များပြိုကျမှု၊ လမ်းများပျက်စီးမှုကြောင့် အရှေ့အနောက် တောင်မြောက် အရပ်တွေ မသိဖြစ်နိုင်ပါတယ်။ မိမိတို့အနေဖြင့် အမှတ်အသားတစ်ခုပြုလုပ်ပြီး အရေးပေါ်အခြေနေကြုံတွေ့လာပါက ထိုနေရာတွင်ဆုံတွေ့ လူစုကြနိုင်ရန် တိုင်ပင်ထားပါ။ မဖြစ်ပေါ်လာခဲ့လျင်တော့ အကောင်းဆုံးဖြစ်ပါသော်လည်း ဖြစ်ပေါ်လာခဲ့လျှင် ကံတရားက မျက်နှာသာပေးပါခဲ့က ကယ်ဆယ်ရေးများ မရောက်လာမီအချိန်အတွင်း အသက်အန္တရာယ် ကြိုတင် ကာကွယ်နိုင်စေဖို့ မိမိ၏ အရေးကြီးသော မှတ်တမ်းများ၊ စားစရာအနည်းငယ်၊ သောက်စရာရေ၊ လက်နှိပ်ဓါတ်မီး၊ တနိုင်ဆွဲပြေးနိုင်သော အိတ်တလုံးထဲတွင် အသင့်ပြင်ထားကြရန်လိုပါတယ်။ ဟန်းဖုန်းများတွင် ငလျင်အလမ်း ဆက်တင်ပါသဖြင့် ဖြစ်နိုင်ပါက ON ထည့်ထားကြပါ။ အိပ်သည့်အခါ ဘေးဘီတွင် ပြုတ်ကျလာနိုင်သော ပစ္စည်းများမရှိသည့် နေရာကို ရွေးချယ်အိပ်ပါ။ ယမကာသောက်တတ်သူများ ယခုရက်ပိုင်းအတွင်း ခေတ္တဂရုစိုက်ဆင်ခြင်သင့်ပါသည်။

ယခုရေးသားနေသည့်အချိန်တွင်လည်း မရေမတွက်နိုင်သော ငလျင်များဖြစ်ပေါ်နေပါသည်။ ပုံတွင်ကြည့်ရှုပါ။


အသေးစိတ် update news များဖတ်လိုပါက JMA Home Page မှာ လေ့လာနိုင်ပါတယ်။ ငလျင်ဒဏ် ဆူနာမီဒဏ်ကြုံတွေ့နေရခြင်းအပြင် နယူကရီးယားဓါတ်အားပေးစက်ရုံ ယိုစိမ့်မှုပြဿနာလည်း ရင်ဆိုင် နေရပါတယ်။
အားလုံးသော ဂျပန်ရောက် မြန်မာနိုင်ငံသာများ ကံဇာတ်ဆရာ၏ မျက်နှာသာပေးမှုကို ခံယူနိုင်ကြပါစေ ခင်ဗျာ။
mmcpcommunityမှ Dragon Ballအားကျေးဇူးတင်ရှိပါသည်....

2 comments:

...အလင်းစက်များ said...

စိတ်မကောင်းခြင်းများစွာဖြစ်ရတယ်... လူပေါင်းများစွာရဲ့ အသက်တွေကို ကယ်တင်နိုင်ခဲ့လို့  ဂျပန်အစိုးရကို ချီးကျုးလေးစားမိတယ်။

ကျောက်လွှာချပ် ၃ ခုလုံးသာ ရွေ့ရင် ဘယ်လိုများ နေကြမလဲမသိဘူး..... စိတ်ဆင်းရဲလိုက်တာ...

အင်္ဂါဟူး said...

တော်တော်စိတ်မကောင်းဖြစ်မိပါရဲ့ဗျာ...ကွန်တိန်နာတွေဆိုတာကို စာရေးပြလို့.. ရုတ်တရက် ထင်မိတာက.. အော်ခဲဖျက်တွေ များ အရေးလုပ်လို့ ဓါတ်ပုံရိုက်ထားကြတယ်မှတ်တာ.. အသက်ကြီးပြီလေကွယ်။