သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Thursday, March 31, 2011

ရှေ့မျက်နှာရှေ့ထားလို့ တောင်းပန်လိုက်ပါတယ်...

ခရစ္စတလ်သည် နမော်နမဲ့နိုင်သူ တစ်ယောက်ဖြစ်၏
စီးပွါးရေးကတစ်ဘက် အင်တာနက်က တစ်ဘက် မနိုင်မနင်း လောဘကြီးသေး၏။
လောဘနဲ့ မောဟကို ဟာမိုနီဖြစ်ဖို့ အလုပ်မအားတတ်တဲ့အခါ ပိုစ့်လေးတွေ တက်နေဖို့
schedule ဖြင့် ပိုစ့်တင်တဲ့ အကျင့်ကလည်း ရှိသေးပြန်၏။

ထိုထိုသော အကြောင်းများ စုပေါင်းကာ ယနေ့တွင် မျက်နှာပူစရာ အမှားကြီးဖြစ်လာပါတော့သည်။
အခုတလော အလုပ်က ပိုမအား၊ ပိုစ့်က အချိန်ကိုက်လုပ်ပြီးသား
ပိုစ့်ကိုလည်း ရေးလက်စ၊ တင်ဆက်ပုံကိုလည်း စဉ်းစားနေဆဲ
ညနေပိုင်း ဧည့်သည်နဲ့ စကားပြောချိန်ခဏလေးမှာ စက်ပိတ်ထားမိတော့ ပိုစ့်တက်လာတာကို အသိလိုက်ဘူး၊
အယ် ....တော့ လူတွေက ပိုစ့်ကို တက်ကြည့်နေကြပြီ၊
ဟင့်...... မျက်နှာပူထာနော်၊ တောင်းပန်ပါ၏၊

နောက်ကို ဆင်ခြင်ရပါအုံးမည်၊ သတိထားရပါအုံးမည်။
ဒီတောင်းပန်စာလေး ရေးနေချိန်တောင် ဖုန်းသုံးခါပြောလိုက်ရသေးပါတယ် ဟင်းးးးးး။
စာဖတ်သူအပေါင်းတို့ စာနာသနားခွင့်လွှတ်ပေးဖို့ကို မျှော်လင့်နေပါတယ်ဟုသာ......။


လေးစားစွာဖြင့်
crystal

google မှ ပုံလေးတွေ ရှာထားပါတယ် :P

8 comments:

ကိုဇော် said...

ဒီလိုပဲ ဖြစ်တတ်ပါတယ်။

အင်္ဂါဟူး said...

ခွှင့်လွှတ်တယ် ခွှင့်လွတ်တယ်.. စေတနာ အမှားမျိုး မဟုတ်လား။

Angelhlaing(May everybody be happy and healthy! said...

မမရေ ဖြစ်တက်တဲ့ သဘောလေးတွေ အတွက်နဲ့ စိတ်ညစ် နဲ့နော်...

crystal said...

အခုလို မောင်နှမတွေက အားပေးကြတော့
အားမငယ်တော့ပါဘူးလေ.....

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟိဟိ စိတ်မကောင်းမဖြစ်နဲ့ ဒီမှာလည်း မကြာခနဖြစ်တယ်
ပိုစ့်တွေကို schedule လုပ်ထားပြီး ရေးနေတာ ရေးတာက မပြီးနိုင်တော့ အချိန်က စေ့ပြီး ပိုစ့်က တက်နေတာ ကိုယ်က မသိဘူး
ရေးကောင်းနေတာ ဟိုမှာ ပိုစ့်က တစ်ပိုင်းတစ်စ တက်နေပြီ လူတွေကလည်း ဖတ်နေပြီ။
ကြုံဖူးပါ့.. အားမငယ်နဲ့ ဖြစ်နေကျတွေ ဟီး

...အလင်းစက်များ said...

ခွေး ၂ ကောင်နဲ့  ကြောင် လေးကောင် လွှတ်ပေးလိုက်တယ် အစ်မ ..... ဒီလိုပဲ ဖြစ်တတ်ပါတယ်လေ... နော

akhayar said...

နားလည်မူ့များစွာဖြင့် ....ရပါတယ်...ရပါတယ်ပေါ့နော်...
လာသွားပါကြောင်းသတင်းပေးသွား၏...

crystal said...

ပိုစ့်များရေးဖို့ရာ အကြောင်း ကြောင်းများကြောင့် (စိတ်တွေ ထွေနေသည်)
စိတ်မှာ အခက်အခဲဖြစ်နေသည့်အတွက်
စာဖတ်သူများ၊
ခင်မင်ရင်းနှီးရပါသော မောင်နှမ အားလုံးကို
ထပ်မံပြီး တောင်းပန်အပ်ပါတယ်ရှင်။

ပိုစ့်အသစ်မတက်လည်း အလည်ရောက်လာတဲ့သူတွေကိုလည်း ကျေးဇူးတင်ရင်း အားနာနေပါ၏။