သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Saturday, April 30, 2011

Crystal -> ခရစ္စတလ်

crystal ဆိုတာ သလင်းကျောက်တစ်မျိုးပေါ့။ မူရင်း အရောင်က အရောင်မရှိဘူး၊ ရေမှာ အရောင်မရှိသလိုပေါ့။ အဲဒီသဘောတရားလေးကို ကျမက ဂွကျကျနိုင်စွာ ကြိုက်မိတယ်ရှင်။ ရင်ထဲမှာ ခံစားချက်တွေနဲ့ကို ကြိုက်တာဖြစ်ပါတယ်။ ဆယ်ကျော်သက်တုန်းက စာရေးဆရာမ “ဂျူး” သို့မဟုတ် “လွန်းထားထား”ဖြစ်မယ်၊ ဇာတ်ကောင်နာမည်နေရာမှာ သလင်းကြည်ဆိုလား ဖတ်မိဖူးသေးတယ်။ (ကျမက အဲလိုနာမည်တွေ ဇာတ်လမ်းတွေ သိပ်မမှတ်တတ်ဘူး၊ ကိုယ်ကြိုက်တာလေးပဲ ရွေးပြီး မှတ်မိနေတတ်ပါတယ်။) ဘာမှန်း မမှိတ်မိတဲ့ ဇာတ်လမ်းထဲက နာမည်လေးကို ကြိုက်ခဲ့ဖူးတယ်။ အလုပ်စဝင်တဲ့ အရွယ်ကတည်းက နိုင်ငံခြားသားတွေနဲ့ အကျိုးပေးတာကြောင့် ကိုယ့်နာမည်ပြောရင် သူတို့က မခေါ်တတ်ဘူး၊ ဒါကြောင့် လွယ်ကူတဲ့ နာမည်ပြောခိုင်းတယ် ဒါနဲ့ပဲ အဲဒီချိန်တည်းက crystalလို့ ကိုယ့်ဘာသာ ကင်းပွန်းတပ်လိုက်တာပေါ့။ အဖေ ပေးထားတဲ့ မြန်မာနာမည်လေးကို အလွန်မြတ်နိုးပါတယ်။ သူများတွေ မခေါ်တတ်ရုံနဲ့တော့ နာမည်လည်း မပြောင်းနိုင်၊ ဒါနဲ့ ဤလို ဤလို crystalနာမည်တွင် လာရပါတယ်။ 
အွန်လိုင်းပေါ်စတက်တော့ ကိုယ့်မြန်မာနာမည်နဲ့ သူတွေ ရှိပြီးသားမို့ ဘာနာမည်ပေးရမလဲ စဉ်းစားမိရင်း အလုပ်ထဲက နာမည်ကိုပဲ ပြန်သတိရတာနဲ့ crystalနာမည်ကို ဆက်သုံးလိုက်ပါတယ်။ 

သို့ပါသော်လည်း ပေါ့လေ၊ ယနေ့အချိန်အခါမှာ အကြောင်းက ရှိလာပြီမို့ (တစ်ခုခုပေါ့နော်) ခင်မင်ရသော မောင်နှမများရဲ့ စီဘုံးမှာ crystalနဲ့ ရေးနေရာမှ “ခရစ္စတလ်” ကို ပြောင်းရေးပါတော့မယ်အကြောင်း အသိပေးပါတယ်။ crystalနဲ့ဆို ကျမ မဟုတ်ပါဘူးနော်။  

သူများတွေတော့ မသိဘူး၊ ကျမရဲ့ အိမ်ဦးနတ်ကတော့ လူမှားပြီး “မိန်းမက စီဘုံးတွေမှာ ရေးလှချည်လား” ပြောလာတာကြောင့် အခုလို ပိုစ့်တစ်ပုဒ်ဖြစ်ပေါ်လာရပါကြောင်း၊ အလုပ်ကိစ္စနဲ့ ဖြေကြားမယ်ဆိုရင် BOU ကို သုံးပါတော့မည်အကြောင်း ခင်မင်လေးစားရပါသော အွန်လိုင်းမိတ်ဆွေများ အားလုံးကို ဒီပိုစ့်လေးကနေ တဆင့် အသိပေးလိုက်ပါရစေရှင်။ 

လေးစားစွာဖြင့် 
ခရစ္စတလ်

6 comments:

...အလင်းစက်များ said...

အိမ်အူးနတ်ကို ကြောက်ပြနေပြန်ပါပီ.. ဟီးဟီး

ခရစ္စတလ် said...

အိမ်ဦးနတ်ရဲ့ လုပ်စာ ထိုင်စားနေရတဲ့ အိမ်ရှင်မဆိုတော့ ကြောက်ရတာပေါ့ အဲလေ စကားနားထောင်ရတာပေါ့ :)

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘာတွေဖြစ်
နံမည်တူတွေ ပေါ်လာပြန်ပြီပေါ့
အိမ်ဦးနတ်ဆိုတာ လေးစားရမယ်လေ ဟုတ်တာပေါ့နော်
အပေါ်ကတစ်ယောက် ဒါတွေ နားမလည်ပါဘူးး)

ခရစ္စတလ် said...

အေးလကွယ် အဲ့တစ်ယောက်က ဒါမျိုးတွေ ဒီတသက်တော့ သိတော့မယ်မထင်ပေါင် :P

ချောကမှ နားလည်သေး၊ သားလေးမွေးရင် ချွေးမတောမယ်နော်၊ ကျောက်ပြင်ရွပ်စောင့်ပေတော့ အဟတ် :)

မိုးယံ said...

အဟတ်ဟတ် ...အိမ်ဦးနတ်ကို ကြောက်တာနဲ့ပဲ...ဟိုလိုတွေ ဒီလိုတွေ အတင်းရှင်းပြနေပါလား အစ်မ..

တော်တော် အခုမှ ဘာမှ လာရှင်းပြမနေနဲ့။
လာ လာ စခန်းရောက်မှရှင်း။

ခရစ္စတလ် said...

အဟတ် သူပြောတာက နဲနဲပါဟယ်(ရှေ့နေလိုက်အုံးမှ ယောက်ျားအရင်းခေါက်ခေါက်ဆိုတော့)၊ ကိုယ်ပြောလို့ရတဲ့လူကို ဆွဲထည့်လိုက်တာပါ။ သူကတောင်ပြောနေသေး ပိုစ့်ထဲမှာ သူက ကန့်လန့် ကန့်လန့်ဖြစ်နေသတဲ့ သူ့ဖာသာသူနေတဲ့ဟာကိုတဲ့ :P