သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Monday, November 28, 2011

“လွမ်းမောဖွယ်၊ အို ..အယုဒ္ဓယ” အပိုင်း(၂)

Wat Phanan Choeng Worawihan
မြတ်စွာဘုရားရုပ်ပွါးတော်ကို ဖူးတွေ့ရတာ စိတ်အေးချမ်းလှပါတယ်။ ဘုရားဘွဲ့တော်မြန်မာအသံထွက်ဖို့ နဲနဲခက်ပါတယ်၊ လွယ်လွယ် ကိုယ့်စိတ်ထဲမှာ မနူဟာမင်းကြီးတည်ခဲ့တဲ့ ဘုရားနဲ့ တွဲမှတ်လိုက်တယ်၊ တချို့ကတော့ တရုတ်ဘုံကျောင်းလိုဖြစ်နေလို့ ဘုံကျောင်းဘုရားတဲ့။ ဒီဘုရားမှာ ဘုန်းကြီးကျောင်းလည်း ရှိပါတယ်။ သာသနာပိုင်က ဘွဲ့တံဆိပ်တွေ အပ်နှင်းရာ၊ သာသနာ့အခမ်းအနားများကျင်းပရာ အထင်ကရနေရာတစ်ခုလည်းဖြစ်ပါတယ်။ ဒကာဒကာမတွေက ထိုင်း-တရုတ်လူမျိုးအများစု ကိုးကွယ်ရာဖြစ်လို့ ရေကြီးနေတုန်းက ဘုရားဝင်းအတွင်းနဲ့ ဘုန်းကြီးကျောင်းကို ရေမဝင်ဖို့ အထူးကြိုးစား ကာကွယ်ခဲ့ကြပုံကို ဓာတ်ပုံများက သက်သေပြနေကြပါတယ်။

ဓာတ်ပုံတွေကိုတော့ အများကြီးရိုက်လာခဲ့ပါတယ်။ ပုံကောင်းတာလေးတွေနဲ့ စိတ်ဝင်စားဖို့ကောင်းတာလေးတွေ ရွေးတင်ပေးလိုက်ပါတယ်။
ကားသွားနေတုန်း ရိုက်ပေမယ့် ကားက အသစ်ကြီး(သူများ ကားနော်)ဆိုတော့ ပုံတွေ ဝါးမသွားဘူး တော်သေး :P

ကျောက်ဖရားမြစ်ဘေးမှာ လေညှင်းခံရာ ဇရပ်ဆောင်ဖြစ်ပါတယ်။

တမံတုပ်ထားတယ်ဆိုတာ ဒါမျိုးလား

ရေကျသွားလို့ပေါ့၊ ရေတက်နေတုန်းက ဒီလိုသာ မတားနိုင်ခဲ့ရင် ပျက်စီးဆုံးရှုံးမှုက မတွေးဝံ့စရာ

ဆိပ်ခံတံတားလေး ကျိုးနေတာလေ

မြစ်ဘေးမှာ ထိုင်ရင်း သဘာဝပတ်ဝန်းကျင်ရသတွေ မခံစားနိုင်ကြတော့ဘူး

အယုဒ္ဓယသားတို့က စစ်ဆိုတာလည်း မကြားချင်ဘူး၊ ရေဆိုတာလည်း မကြားချင်ဘူး
အဲလောက်ကို သွေးလန့်နေကြပြီလို့ ပြောကြပါတယ်။ သူတို့ဆီ ဧည့်သည်တွေ လာလည်ကြဖို့တောင်
မျှော်လင့်ချက် မထားနိုင်တော့ပါဘူးတဲ့၊ ခုချိန် နောင်ဘာဖြစ်မယ်ဆိုတာ မတွေးတတ်တော့ဘူးလို့
ပြောကြပါတယ်။ ခရစ္စတလ်ကတော့ နိုင်ငံခြားသားဆိုတာ သမိုင်းအထင်ကရတို့ စစ်ဘေးဒဏ်ခံပုံရိပ်တို့ သဘာဝဘေးဒဏ်တို့ကို စိတ်ဝင်စားကြတာမို့ ခုချိန် အယုဒ္ဓယဘယ်လိုမျိုးနေမလဲဆိုတဲ့ အတွေးနဲ့ စိတ်ဝင်တစားလာရောက် လေ့လာနေကြအုံးမှာ၊ အရင်ကထက် ဧည့်သည်ပိုများနိုင်ပါတယ်၊
ပြောင်းလဲသွားတာကို ရောက်ဖူးတဲ့သူတွေတောင် ထပ်သွားကြည့်ချင်ကြမှာပါ။ 
ကိုယ့်ဖာသာတောင် ဒီခရီးသွားရတာ အရင်အခေါက်များစွာကထက် စိတ်လှုပ်ရှားမှုတွေ 
များစွာ များစွာ ဖြစ်ခဲ့ပါတယ်။

အပြန်လမ်းမှာတော့ ရေလွှမ်းနေတဲ့ လမ်းမကြီး အစိတ်အပိုင်းအချို့

ဆက်သွားလို့မရလို့ နှစ်နေရာ ပြန်ကွေ့ပြီး လမ်းရှာမောင်းခဲ့ရသေး

ကုန်းမြေမှန်သမျှ မြစ်ပြင်အလား မကွဲပြားတော့

ရေတိုက်စားတဲ့နေရာရာအချို့မှာ လမ်းမကြီးလည်း လမ်းပျောက်ဖြစ်ရ

ဆက်သွားလို့ ဖြစ်နိုင်မဖြစ်နိုင် ရပ်ကြည့်နေကြတာလည်း ရှိရဲ့။

မြို့တော်ဟောင်း အယုဒ္ဓယမှာ ရေတွေ ကြီးနေတုန်း အယုဒ္ဓယကို သွားဖို့တော်တော်နဲ့ မဖြစ်နိုင်တော့ဘူးလို့ တွေးမိခါမှ ဒီမြို့ကို အရင်ဆုံးသွားရတဲ့အဖြစ်။ သွားမိပြန်တော့လည်း စိတ်ထဲမှာ လှိုက်မောမှုတွေနဲ့ ပြန်လာရတဲ့အဖြစ်။ တကယ်ပါ။ ကိုယ့်နိုင်ငံကို သူတို့ မကောင်းပြောပေမယ့် သူတို့ ဒီလိုဖြစ်တော့ ကိုယ်ချင်းစာပါတယ်။ သူတို့ဆီမှာ ပျက်စီးမှုတွေက ကိုယ့်ဆီမှာဆို ပန်းနဲ့ ပေါက်သလောက်ပဲရှိတာ ဟုတ်ဘူးလား။ ဒါပေမယ့် လူသားချင်းကိုယ်ချင်းစာပါတယ်။ မိသားစုတွေ၊ စီးပွါးရေးတွေ၊ နိုင်ငံရဲ့ဆုံးရှုံးမှုတွေ အများကြီး ဆုံးရှုံးကြရတာပါ။ ဒါတွေက တဆင့် ဂယက်ရိုက်မှုတွေ အများကြီး ဖြစ်ကြအုံးမှာ။


အရင်တုန်းကဆို ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းလေ့ရှိကြပေမယ့် ခုများတော့  စကားလည်း မပြောနိုင်၊ ငေးငိုင်မှိုင်တွေတဲ့ မျက်ဝန်းတွေနဲ့ ယပလပ်တို့တတွေ။ လမ်းတလျှောက်မှာ ရေကျသွားလို့ ရေဘေးရှောင်ရာကနေ ပြန်လာတဲ့ မိသားစုတွေ အထုပ်အပိုးပစ္စည်းတွေနဲ့ အသီးသီး ပြန်လာနေကြပါပြီ။ သိပ်မကြာခင်မှာ ကျောင်းတွေလည်း ပြန်ဖွင့်တော့မယ်ကိုး။

ဘန်ကောက်မြို့ကို အပြန်လမ်းမှာ ကားလမ်းကောင်းတဲ့လမ်းမကြီးကနေ မြို့ထဲ ပြန်ဝင်ဖို့ ကားတွေ စုပြုံတန်းစီမောင်းနေရတာမို့ မြို့အဝင်ညဖြစ်သွားပါတယ်။ ဒူမောင်းလေဆိပ်ကြီးထဲ ရေတွေ ဝင်နေတာများ ပြချင်လိုက်တာ၊ လေဆိပ်တခုလုံး မီးတွေ မှောင်မည်းလို့၊ ရေတွေက အိမ်တစ်ထပ်ကျော် မြုပ်နေတုန်း။ ဒီနားနီးတဝိုက်က လူတွေ စဥ်းစားကြည့်ကြပါတော့။

သူတို့မျက်နှာမှာ ကြေကွဲမှုတွေတွေ့လိုက်ရတော့ မြန်မာတွေကို နှိမ်ခဲ့သမျှ ဝဋ်လည်တာလို့ပြောမထွက်ပါဘူး။ ကိုယ့်ဖာသာလည်း ဘာကို စိတ်မကောင်းမှန်းမသိတော့ဘူး။ လွမ်းမောမိတယ် အယုဒ္ဓယရေ..... ပေါ့။

လေးစားစွာဖြင့်
ခရစ္စတလ်

p.s : ပုံတွေ ကြည့်တာ အားမရသေးရင် ဒီလင့်လေးကို နှိပ်ပေါ့

6 comments:

မအိမ်သူ said...

ဒီလောက်အကြာကြီး ရေတွေကြီးနေတာ ရေကျသွားရင် ပြန်ထူထောင်ရမှာတွေ မနည်းဘူးပဲနော်... ဒါပေမယ့် အစိုးရကောင်းတဲ့ နိုင်ငံသားတွေအတွက်တော့ ကံကောင်းကြပါတယ်။ ဒီမှာလဲ အခု တစ်မြို့လုံးလိုလို ရေစားသွားတဲ့လမ်းတွေ အစိုးရက လိုက်ပြင်နေပြီ။ လယ်သမားတွေကိုလဲ စပါးတွေဘာတွေ ပြန်စိုက်နိုင်အောင် ဟွန်ဆန်က အထောက်အပံ့တွေ အများကြီးပေးတယ်။ ကိုယ်ပြည်နိုင်ငံကြီးပဲ ပျက်စီးသွားပြီးရင် အပျက်ထာဝရတည်တော့တာပဲ။ တာဝန်ရှိသူများက လှည့်တောင်မကြည့်... ရင်နာတယ်။

jasmine(တောင်ကြီး) said...

အပိုင်း(၂) ကိုရှုစားခဲ့ရလို့ကျေးဇူးတင်ပါတယ်ရေကြီး
တာတွေကိုကြည့်ပြီးတစ်ကယ်ခံစားရတယ်
မအိမ်သူ ပြောသလိုပါပဲ

...အလင်းစက်များ said...

ဝဋ်လည်တာလို့  မပြောချင်ပေမယ့် ဟဲဟဲ စိတ်ထဲက ပြောနေတယ်ဟုတ်။ :P

နောက်တာပါ အစ်မ။ မည်သူ မပြု မိမိမှု ပါ။ စိတ်မကောင်းတော့ ဖြစ်မိပါတယ်။ သူတို့ လည်း လူသားတွေပဲမို့ လေ။ ပြီးတော့ ဒုက်ခကို သေသေချာချာ ခံစားလိုက်၇သူတွေဟာ မြန်မာပြည်သားတွေကို အဓိက နိုင်စား နေတဲ့ သူတွေ မဟုတ်တဲ့ ဆင်းရဲသား ထိုင်းတွေသာ ဖြစ်တာကြောင့် ပိုပြီး စိတ်မကောင်း ဖြစ်မိပါတယ်။

ညိမ်းနိုင် said...

သဘာဝဘေးဒဏ်ကိုအတော်ခံလိုက်ရတာပဲနော်...။
စိတ်မကောင်းပါဘူးဗျာ....။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီလောက်ကြာနေတာတောင်ရေတွေက ကျန်နေတုန်းနော်
ရေကန်ကြီးဖြစ်သွားသလိုဘဲ.. ကြည့်ရမြင်ရတာ တကယ်စိတ်မကောင်းဘူး။။
စကားမစပ်.. ဓာတ်ပုံတွေ သိပ်လှတာဘဲ
ထိုင်းလာလည်ဖြစ်ရင် အဲ..ကင်မလာကြီး ငှားစမ်းပါ့နော်. :)

ခရစ္စတလ် said...

ညီမလည်း အကြောင်းတွေ တိုက်ဆိုင်တိုင်း ကိုယ့်ရွှေပြည်ကြီးနဲ့ သွားသွားနှိုင်းနေမိတယ် အစ်မ-မအိမ်သူရေ။

လာအားပေးလို့ တခုတ်တရဓာတ်ပုံရိုက်လာကျိုးနပ်တာပေါ့ မဂျက်ရေ။

ဓာတ်မီး စိတ်မကောင်းဖြစ်နေတာတွေ နားလည်ပါတယ်ဟာ :P

စကားမစပ် ဖဘမှာ ပျင်းသွားလို့ ဖဘကို လာတော့ဘူး ကိုညိမ်းနိုင် :)

ကင်မလာက အဓိကမဟုတ်ဘူး၊ ရိုက်တဲ့လူက အဓိကပါ... ချော...ရာ အဟီး :)