သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Thursday, August 16, 2012

“မိုးလောက်ကြီး ချစ်ပါတယ်”

အမျိုးသားတစ်ယောက်သည် သူ့ဇနီးနှင့် ဝေးကွာနေချိန် လွမ်းဆွတ်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့ ဒွန်တွဲကာ အပြာရောင်လေးစာရွက် တစ်ရွက်ပေါ်တွင် ယခုလို ရေးသားလိုက်ပုံရပါသည်။
မိုးလောက်ကြီး ချစ်ပါတယ်...။ အလွမ်းတွေ လျှက်နွယ်သော ချစ်ခြင်းများသည် ကာယကံရှင်နှစ်ဦးအတွက် လွမ်းမောဖွယ် တသသဖြစ်စရာ။ ချစ်ရသူနှစ်ဦး ဝေးကွာခြင်းကြောင့် ဖြစ်ပေါ်လာသော အလွမ်းများကို နှစ်သိမ့်စေသော ဤသို့သော စကားတစ်ခွန်းလိုအပ်သည်ပေါ့။ ထိုကြောင့် ထိုအချိန် ထိုအခါက ထိုအမျိုးသားလေးတစ်ဦးသည် စာတိုက်မှ တဆင့် ဇနီးထံသို့ စာလွှာဖြင့်ပါးကာ သူ၏ ချစ်ခြင်းမေတ္တာကို သိစေခဲ့လေသည်။

ယခုချိန်တွင် ထိုအမျိုးသားလေး မပြောနိုင်တော့သော စကားကို ခရစ္စတလ်မှ ထိုအမျိုးသားလေးကိုယ်စား သူ၏ ဇနီးထံသို့ တယ်လီဖုန်းလေး ဆက်ကာ ပြောကြားလိုက်ပါသည်။

မေမေ ... ဖေဖေ့ကိုယ်စား မီးငယ်က ပြောပေးတာပါ၊
...
 မေမေ့ မွေးနေ့အမှတ်တရစကားအဖြစ်
...
 ဖေဖေ ပြောခဲ့ဖူးတဲ့ စကားအတိုင်း ... “မိုးလောက်ကြီး ချစ်ပါတယ်” နော်။



အမေ့ထံမှ ခိုးခိုးခစ်ခစ်ရယ်သံများ ဖုန်းထဲမှာ ကြားလိုက်ရပြီ။ ကျမတို့ငယ်ငယ် အဖေရော အမေပါ ကျမ ရယ်(ရီ)အောင် အမျိုးမျိုး ချော့ကြမြုကြပါသည်၊ ကလေးငယ်များ၏ ရယ်သံကြားလျှင် မိဘများ အလွန်စိတ်ချမ်းသာကြသည် မဟုတ်လား။ ခုချိန်မှာတော့ အမေ ပြုံးနေတာကိုသာ မြင်လိုပါသည်။ 

အမေသည် အလွန်ရှက်တတ်ပြီး သဒ္ဓါ့တရား ကျမထက်ပိုအားကောင်းသူဖြစ်ပါသည်။ အဖေနှင့် အမေတို့ အသက်ဆယ်နှစ်ကွာကြသဖြင့် အဖေက အမေ့ကို အတော်လေး ငဲ့ညှာတတ်ပါသည် ဦးစားပေးခဲ့သည် အမေ့စိတ်တိုင်းကျ မဟုတ်တောင် စိတ်ချမ်းသာအောင် ထားနိုင်ခဲ့ပါသည်။ ထို့ကြောင့် ယေဘူယျအားဖြင့် အမေသည် အိမ်ထောင်ရေး ကံကောင်းသည်ပေါ့။ 

လွန်ခဲ့သော ဆယ်စုနှစ်ကျော် ကျမ ဆယ်တန်းစာမေးပွဲအောင်ပြီးချိန် အိမ်မှစီးပွါးရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်စဉ်က အလုပ်နှင့် ပတ်သက်သည့် ပထမဆုံးသော ဟာသဝတ္ထုတိုလေး တစ်ပိုဒ်ရေးဖူးခဲ့ပါသည်။ ထိုအချိန်က ပထမဆုံးပရိသတ်မှာ အမေဖြစ်ပါသည်။ ဟက်ဟက်ပက်ပက် ရယ်မောခဲ့သော အမေသည် ကျမကို ကွန်မန့် ပေးပုံက “မီးငယ်မနော် ... ပြောင်တောင်တောင်”တဲ့။

အမေရဲ့ မွေးနေ့မှာ အမေ့နား မရှိနိုင်ပေမယ့် အမေနဲ့ ကျမအကြား မထင်မှတ်တဲ့ အမှတ်ရစရာ သုံးခုအကြောင်း ပြောဖြစ်ခဲ့ပါသည်။ ထိုအကြောင်းအရာသုံးခုအတွက် အမေ ကျေနပ်နှစ်သက်လေသော် ကျမ အလွန်ပျော်ပါသည်။ ဘဝဆိုတာ ကြီးမားတဲ့ အမှတ်ရစရာတွေမှ ပျော်ရွှင်မှုပေးတာမဟုတ်ပါဘူး၊ အမှတ်တရသေးသေးလေးတွေကလည်း စိတ်ကြည်နူးစရာတွေ ပေးတတ်ပါသေးတယ်နော်။

ခင်မင်လေးစားစွာဖြင့်
ခရစ္စတလ်

p.s - မိစံရဲ့ တဂ်ပိုစ့်ကို ရေးဖို့ကြိုးစားပါမည်။

14 comments:

mstint said...

အတိတ်ကဖြစ်ရပ်တွေဟာ ပစ္စုပ္ပန်အတွက် အမှတ်တရလေးတွေပေါ့ ခရစ္စတလ်ရေ။ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုမှာ သန္ဓေတည်ခွင့်ရခြင်းဟာလည်း ကုသိုလ်ထူးတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

စံပယ်ချို said...

ဘ၀ဆိုတာဒီလိုပဲပေါ့
တခါတရံ ပျော်ရွှင်မှုတွေနဲ့
တခါတရံ အမှတ်တရသေးသေးလေးတွေ
တခါတရံ စိတ်ကြည်နူးမှုလေးတွေ
လူတွေမလိုချင်ချင်တဲ့ မျက်ရည်တွေကိုလဲ
ဖောဖောသီသီ ပေးတတ်ပါရဲ့

ချော(အစိမ်းရောင်လွင်ပြင်) said...

ခရစ္စတယ်မေမေ ကျန်းမာချမ်းသာစွာနဲ့ အသက်ရာကျော် ရှည်ပါစေလို့ ဆုမွန်တောင်းပေးပါတယ်နော်။

တောက်ပကြယ်စင် said...

ခရစ္စတယ်ရဲ့အမေ ကျန်းမာပျော်ရွှင်ပြီး သာသနာပြုလုပ်ငန်းများကို ဆတက်ထမ်းပိုး တိုးကာ၊ တိုးကာ ဆောင်ရွက်နိုင်ပါစေလို့...

ဟာသ၀တ္ထုတိုကို ဖတ်ချင်တယ် တင်ပေး တင်ပေး ရဘူး...တင်ပေးနော်...

အလွမ်းမြို့ said...

ခရစ္စတယ်ရေ...

လာရောက်အားပေးသွားတယ်။
ဘဝမှာ အမှတ်ရစရာတွေတိုင်းက
စိတ်ကို ပျော်ရွှင်စေတတ်တာမို့
ပျော်ရွှင်စေတာမျိုးလေးကို များများ
အမှတ်ရမိတာ အကောင်းဆုံးပေါ့။
မိုးလောက်ကြီးချစ်ပါတယ်... ပိုးဒါလီသိန်းတန်ကို
သွားသတိရမိတယ်။


ခင်တဲ့
အလွမ်း

Crystal said...

ခရစ္စတလ်ရဲ့ မေမေက အိမ်မှာ မုန့်ဟင်းခါးချက်ပါတယ် အားလုံးကို လာစားဖို့ ဖိတ်ပါတယ်တဲ့ ... :)

မန်ု့သူများအားလုံးကို အထူးကျေးဇူးတင်ပါကြောင်း။

လွင်ပြင်လှိုင်းငယ် said...

အမှတ်တရလေးတွေထဲမှာ မိဘတွေနဲ့ အမှတ်တရက
ပိုလို့ကြည်နူးစရာပါ ။
မုန့်ဟင်းခါးကို စိတ်ကူးလေးနဲ့ ၃ပန်ကန်ချားသွားပါတယ် ။

အမ်တီအန် said...

မေမေ့ကို ပျော်ရွှင်စေတဲ့ သမီးလေးရဲ့ စိတ်ကူးက ကောင်းလိုက်တာနော်..။
ဖေဖေကလည်း သမီးလုပ်ရပ်အတွက် ကြည်နူးဝမ်းသာနေမှာပါ။

Crystal said...

ကိုလွင်ပြင် - ဂျက်အတွက်ပါ ပိုစားသွားလေသလား ဟင် :)

အစ်မ မြသွေးနီ - နားလည်ပေးတဲ့အတွက် ကျေးကျေးအစ်မ။

မိစံ said...

အဖေနဲ့အမေလည်း ဆယ်နှစ်ကွာတာပါဘဲ
သိပ်တော့မချစ်ကြပါဘူး
ကလေးတစ်ဒါဇင်အဖတ်တင်ပါတယ်း))
အန်တီ..မွေးနေ့မှာပျော်ရွှင်ပါစေ
ပျော်ရွှင်စရာမိသားစုဘ၀လေးကိုအမြဲပိုင်ဆိုင်နိုင်ပါစေ..
သမီးလိမ္မာလေးရထားတာ
တော်တော်ကံကောင်းပါတယ်း)

P.S
ရေးဖို့ကြိုးစားပါမည်ဆိုသောကြောင့်
ကျွန်ုပ်အနေဖြင့်စောဒကမတက်လိုတော့ပေ :D

Crystal said...

အဖေနဲ့အမေတို့ရဲ့ ချစ်သဝဏ်လွှာကို ခိုးဖတ်ထားတာ ဘယ်သူမှ မရိပ်မိကြဘူးတော့ ဟိဟိ :P

မိကျံရေး စောဒကမတက်နိုင်ရန် ကြံဖန်ထားခြင်းဖြစ်၏။

ပုံ _
ခရစ္စတလ်

သိင်္ဂါကျော် said...

ခုမှပဲ ရောက်ဖြစ်တော့တယ်..
အမှတ်တရလေးတွေ ဖတ်သွားပါတယ်..

သိင်္ဂါကျော် said...

ခရစ္စတယ်ရဲ့ comment တွေက spam ထဲ ရောက်နေလို့ ပြန်ယူထားရတာနော်..

Crystal said...

ဟုတ်လား၊ မန့်လိုက်တုန်းက ပေါ်လာတော့ အိုကေတယ် ထင်နေတာ ဟိ