သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Saturday, August 4, 2012

တစ်ခန်းရပ်ပြဇာတ်

 အပိုင်း(၁)
ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ်ဖြစ်သော ဝါဆိုလပြည့်နေ့နဲ့ပတ်သက်ရင် မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ ဓမ္မစင်္ကြာတရားတော်မြတ်နဲ့ ပဉ္စဝဂ္ဂီငါးပါးတို့ကို လူသိများပြီး အခြားသော အကြောင်းလေးတစ်ခုကို လူသိနဲနေသည်ဖြစ်တဲ့အတွက် မသိသေးသောသူများ သိစေခြင်း အကျိုးငှာလည်းကောင်း၊ အကြောင်းကောင်းလေးတစ်ခုအတွက် ပီတိဖြစ်စေရန်လည်းကောင်း ဗဟုသုတတိုးပွါးစေရန်လည်းကောင်း၊
facebook မှာ မေးဖြေဆွေးနွေးပွဲလေးတစ်ခုကို ထပ်မံလက်ဆင့်ကမ်းမျှဝေပေးလိုက်ပါတယ်။

*မေးမယ့်သာမေးလိုက်ရတာ အဆင်ပြေပါ့မလား ဆရာတော်များမှ ဖြေပေးပါ့မလားလို့ မဝံ့တဝံ့လေးနဲ့ပေါ့။
တပည့်တော်ခရစ္စတလ်၏ အမေးလျှောက်ထားလွှာကို ကရုဏာထား၍ဖြေပေးသော ဆရာတော်သံဃာတော်အရှင်သူမြတ်များကို အထူးကျေးဇူးတင်ပါကြောင်း။
‎_/\_ _/\_ _/\_


ဝါဆိုလပြည့်နေ့ facebook တွင်

ခရစ္စတလ် ခရစ္စတလ်
ဓမ္မစင်္ကြာတရားဦးကို ပဉ္စဝဂ္ဂီငါးဦးတို့အပြင် လူတွေထဲ အမျိုးသမီးတစ်ဦးလည်း နာကြားခွင့်ရခဲ့ပါတယ်၊ မြတ်စွာဘုရားကိုယ်တော်တိုင် ဟောလို့တော့ မဟုတ်ပါဘူး၊ အဲဒီအမျိုးသမီးလေးအကြောင်း သိလိုပါတယ်ဘုရား။ တပည့်တော်ရဲ့ facebookထဲမှ ဘုန်းဘုန်းတစ်ပါးပါး ဖြေပေးတော်မူပါရန် တောင်းပန်လျှောက်ထားပါတယ်ဘုရား။ 

    • Shin Thitsar ဓမ္မဂင်္ဂါ နဲ့ ဓမ္မ ဂါးဒင်း ဘုန်းဘုန်းတို့ရေ............ ဖြေ ဖြေတော်မူပေးကြပါဘုရား.........း) _/\_ _/\_ _/\_း)း)


    • Dhamma Garden ဓမ္မစင်္ကြာတရားဦးကို ပဉ္စဝဂ္ဂီငါးဦးတို့အပြင် လူတွေထဲ အမျိုးသမီးတစ်ဦးလည်း နာကြားခွင့်ရခဲ့ပါတယ်၊ မြတ်စွာဘုရားကိုယ်တော်တိုင် ဟောလို့တော့ မဟုတ်ပါဘူး၊ အဲဒီအမျိုးသမီးလေးကတော့ ခရစ္စတလ်ဖြစ်ပြီး လောလောဆယ် ထိုင်းမှာနေပါတယ်။ Shin Thitsar ဟောကြားပေးတာပါ။ :)


    • Shin Thitsar ဟား............ အဲလိုကြီးလား... အဲဒါဆို ဘုန်းဘုန်းတို့ဟောတာလဲ ဖြစ်နိုင်ပါတယ်...။ ပဉ္စ၀ဂ္ဂီအကြောင်းရော.. ထေရီဂါထာဘုတ်အုပ်ရော စုံအောင် မွှေနေတာ မရလို့.. ဘုန်းဘုန်းတို့ပေါ် လွှဲချလိုက်တာ.. အဟီး... ခုတော့ဗျာ.... တော်တော် နောက်တယ် ဒကာမ ခရစ်စ်တယ်လ်တော့လား...... ကျန်းမာ ချမ်းသာပါစေ..........း)း)


    • ခရစ္စတလ် ခရစ္စတလ် မနောက်ပါဘူးဘုရား။ တပည့်တော် နာမည်မေ့နေလို့ပါ၊ အမျိုးသမီးလေးက လေသာဆောင်ကနေ နတ်လား ဗြဟ္မာလား နှစ်ပါး ဓမ္မစင်္ကြာတရားတော်ကို ကောင်းကင်ယံထက်မှာ ဆွေးနွေးနေတုန်း နာကြားလိုက်ရတာပါ။ သူက ကိုယ်ဝန်ဆောင်အမျိုးသမီးလေးတစ်ဦးပါ။ မွေးလာတဲ့ သားလေးကလည်း ရဟန္တာဖြစ်သွားတာထင်တယ် မေ့နေလို့ မေးလျှောက်ရတာပါဘုရား _/\_ :)


    • Dhamma Ganga သာတာဂိရိနဲ့ ဟေမာဝတ ဘုန်းကြီးလူထွက်နတ်ဘီလူးကြီးနှစ်ဦးက တရားတွေ ဆွေးနွေးကြ.. ဘုရားအကြောင်း ပြောကြဆိုပဲ.. အဲဒီမှာ မာတုဂါမလေးက မဲမဲလေးထင်ပါရဲ့...နာမည်က ကာလီ တဲ့...ဗုဒ္ဓ၀င်မှာသာဆက်ဖတ်ပေတော့


    • ခရစ္စတလ် ခရစ္စတလ် လပြည့်နေ့မှာ တရားနာချင်လို့ မေးလျှောက်ရတာပါဘုရား၊ တရားဟောတာ ကပ်စီးနဲတယ် တိုတိုလေး ........ :)))


    • Dhamma Ganga ကန်တော့ပွဲမပါ စိတ်မလာ ကြွတာမှားပီဗျာ..
      ( ဆိုလိုက် ဆိုလိုက် လိုက်ဆိုလိုက် သုံးခေါက်လိုက်ဆိုလိုက်...) ;)


    • ခရစ္စတလ် ခရစ္စတလ် သုံးခေါက်ဆိုလိုက်ပြီနော်၊
      မာတာ့ကို သနားသဖြင့် လင့်လေး ရှာပေးပါလားဘုရား _/\_ :)


    • Dhamma Ganga အိမ်း အိမ်း

    • Shin Thitsar စာတတ်ပေတတ်ပုဂ္ဂိုလ်များကျတော့လဲ မေးတဲ့ ပုစ္ဆာကို ဒတ်ကနဲနဲ့ ဖြေနိုင်ပါလာကွယ်ရို့....... ကျေးဇူး...........း)း)


    • Dhamma Ganga http://wearebuddhisms.blogspot.in/2012/06/blog-post_4391.html

      wearebuddhisms.blogspot.com
      မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ၀ါဆိုလပြည့်နေ့ ညသန်းခေါင်ယံအချိန်၌ ဓမ္မစကြ...


    • Dhamma Ganga မောင်ရှင်သစ္စာ မည်သာနာမ စကားလှကို ဆိုပေသော ငါ့ရှင်...ဗာရာဏသီ ရွှေပြည်ကြီး၏ ကော်နက်ရှင်းမတက် မီးလည်းပျက်တတ်သည်ကို ငါ့ရှင်လည်း သိပေလိမ့်မည်...အထက်ဖော်ပြပါ လင့်ကို ရှာ၍ မောင့်မာတာကို အကျယ်ဟောပြပါလေတော့ ...ဆရာကား မီးမှောင်မှောင် လရောင်အောက်တွင် ငုတ်တုပ်စံကာ အနတ္တဒေသနာကိုသာ ပွားနေရပေတော့သတည်း
      (တရားကို ချုံ့လိုက်ပြီ.. ပရိသတ်ကြီးရေ...)


    • ခရစ္စတလ် ခရစ္စတလ် ဝါဆိုလပြည့်နေ့မှာ အမှတ်တရဖြစ်သွားတာပေါ့ဘုရား။ ဖြေပေးတဲ့ ဘုန်းဘုန်းကို ဘုန်းဘုန်းတို့အားလုံး အထူး ကျေးဇူးတင်စွာနဲ့ ရှိခိုးဦးချကန်တော့လိုက်ပါတယ်ဘုရား။ ဘန်ကောက်မြေက ဆွမ်းကပ်ဖို့ တကယ်စောင့်မျှော်နေပါကြောင်း။ တရားတော်အတွက် ဝမ်းမြောက်စွာ သာဓုခေါ်လိုက်ပါတယ်ဘုရား _/\_ _/\_ _/\_


    • Dhamma Garden သာဓု သာဓု သာဓု။

      ခရစ္စတလ်တစ်ယောက် သိချင်တာလေးကို သိလိုက်ရသောအခါ ဤသို့ပျော်သွား၏........း)


      “ရွှင်လန်းချမ်းမြေ့ကြပါစေ”
      ခရစ္စတလ်

4 comments:

စံပယ်ချို said...

စံပယ်လဲ မသိတာကိုသိလိုက်ရလို့
ပျော်သွားသည်။

တောက်ပကြယ်စင် said...

ဆိုလိုက်၊ ဆိုလိုက်၊ လိုက်ဆိုလိုက် သုံးခေါက် လိုက်ဆိုလိုက်။

အလွမ်းမြို့ said...

ခရစ္စတလ်ရေ...

အလွမ်းလာရောက်ဖတ်သွားပြီး အားပေးသွားတယ်။
သဘောအကျဆုံးက
(ကန်တော့ပွဲမပါ စိတ်မလာ ကြွတာမှားပြီဗျာ)
....စတာနော်..



ခင်တဲ့
အလွမ်း

mstint said...

တန်ဘိုးရှိတဲ့ တစ်ခန်းရပ်ပြဇာတ်လေး ကြည့်သွားပြီ ခရစ္စတလ်ရေ။ မသိတာလေးတွေ သိခွင့်ရသွားတာမို့ ကျေးဇူးပါနော်။ ဖြေပေးတဲ့ အရှင်ဘုရားတို့ကိုလည်း ရှစ်ခိုးဦးချကန်တော့သွားပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်