သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Saturday, December 1, 2012

“ပူစူးမ”

မေး ။ ။ နာမည်ဘယ်လိုခေါ်လဲ ...
ပူစူးမ ။ ။ အငယ်ဆုံးမို့ အမေက “ပူစူးမ”လို့ခေါ်တယ်။

မေး ။ ။ ဘာလုပ်လဲ ...
ပူစူးမ ။ ။ အသုပ်စုံရောင်းပါတယ်။

မေး ။ ။ အရင်ကရော ...
ပူစူးမ ။ ။ လက်သုပ်ရောင်းတယ် ရာသီပေါ် အသုပ်ကလေးတွေပေါ့။

မေး ။ ။ တနေ့ ဘယ်လောက်မြတ်လဲ ...
ပူစူးမ ။ ။ အသတင် သုံးထောင်ကနေ ငါးထောင်၊ ရောင်းကောင်းရင် ရှစ်ထောင်ပေါ့။

မေး ။ ။ အနာဂတ်ရည်ရွယ်ချက် ...
ပူစူးမ ။ ။ နာမည်ကြီး အသုပ်စုံရောင်းတဲ့ ဆိုင်ကြီးနဲ့ပေါ့ အဲလိုဖြစ်ချင်တယ်။

မေး ။ ။ နာမည်ကြီးဆိုင်ဆိုတာ...
ပူစူးမ ။ ။ သပြေရိပ်တို့လို မောနင်းစတားတို့လို နာမည်နဲ့ ကျော်ကြားတဲ့ ဆိုင်မျိုးပေါ့။

မေး ။ ။ အဲလိုနာမည်ကြီးလာအောင် ဘယ်လိုကြိုးစားမှာလဲ ...
ပူစူးမ ။ ။ ကျမက သူများတွေလို ချဲထီ နှစ်လုံးထီတွေဘာတွေလည်း မထိုးဘူး၊ လောင်းကစားလည်း စိတ်မဝင်စားဘူး၊ ရတာလေး အမြတ်လေးကို စုထားတယ်၊ ကျမက တခုလပ်ပါ ကလေးလည်း မရှိဘူး၊ အမေအိုတစ်ယောက်ပဲ စားမယ့်သူရှိပါတယ်။ ငွေတိုးလည်း သူများကို မချပေးပါဘူး မတော်လို့ ကိုယ့်ငွေလေး ပြန်မရရင်သော်လည်းကောင်း၊ သူများပေးမယ့် အပူငွေ အတိုးငွေကိုလည်း မစားချင်တာကြောင့်ရောပေါ့။ ဒါကြောင့် ငွေစုပြီး ဆိုင်ဝယ်ရင်ဖြစ်ဖြစ် ငှားနိုင်ရင်ဖြစ်ဖြစ် “ဒေါ်ပူစူးမ”နာမည်နဲ့ အသုပ်မှန်သမျှ တစ်နေရာတည်း စားနိုင်အောင်၊ လာစားတဲ့သူတွေ စိတ်ချမ်းသာစွာနဲ့ ကျန်းမာရေးညီညွတ်စွာ စားနိုင်အောင် ကြိုးစားမှာ။ ဖြစ်လာမယ်လို့ကို ယုံကြည်ပါတယ်။

မေး ။ ။ ပူစူးမ ယုံကြည်တဲ့အတိုင်း ရည်ရွယ်ချက်တွေ အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ပူစူးမ ။ ။ ပေးတဲ့ဆုနဲ့ မြန်မြန်လေး ပြည့်ရပါစေရဲ့ အစ်မရယ်။

“ရွှင်လန်းချမ်းမြေ့ကြပါစေ”

 ပုံနှင့် စာသား မည်သို့မှ မသက်ဆိုင်ပါကြောင်း :)


ခင်မင်လေးစားစွာဖြင့်
ခရစ္စတလ်

4 comments:

သီရိရတနာ said...

ဒေါ်ပူစူးမ ရောင်းသော အသုပ် စားချင်လိုက်တာ :)

Angelhlaing(May everybody be happy and healthy! said...

တစ်နေ့ မအောင်မြင်လာဘူးလို့ ဘယ်သူပြောနိုင်မလဲနော်.. ရည်ရွယ်ချက်လည်းရှိ ..စိတ်ထားလည်းကောင်းရင် အကျိုးပေးတဲ့ အချိန်ဆိုတာ ရှိလာမှာပါမမရေ...:)

Crystal said...

ပိုစ့်တွေ မတက်တာကြာတော့ လာဖတ်သူမရှိတော့တဲ့အထဲက ကွန်မန့်ပေးကြလို့ ကျေးဇူးအများကြီးနော် :)

Anonymous said...

လုပ်အားရှိတယ်။
အရင်းအနှီးမရှိဘူး။
အရင်းအနှီးရှိတယ်။
လုပ်အားလိုတယ်။

ဒီလူတွေတစ်ယောက်နဲ့တစ်ယောက်တွေ့ပြီး
သူ့အတွက်လည်းအကျိုးရှိတယ်။
ကိုယ့်အတွက်လည်း တိုးပွားသွားမယ်ဆိုရင်
ဘယ်လောက်ကောင်းမလဲနော်..ကြီးမေ

ခက်တာက တစ်ယောက်နဲ့တစ်ယောက်
ယုံကြည်မှုမရှိကြတာလေးဘဲ :D