သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Tuesday, May 4, 2010

သတိ မော့မကြည့်ရ။


ဒီပိုစ့်လေးကို ဖတ်မိတော့

ဒီပိုစ့်လေး ဖတ်မိတော့ တစ်ခါတုန်းက ကိုယ့်အဖြစ်ကို သတိရလို့ ရယ် (ရီ)မိတာကို သတိရသွားတယ်၊ တိုင်းတစ်ပါးရောက်လာတော့ သူတို့ နိုင်ငံတွေမှာ ကားလမ်းဖြတ်ကူးရင် ကုံးကျော်တံတားကနေပဲ ကူးရတာကလား။ ဒါကြောင့် ခရစ္စတလ်တစ်ယောက် လမ်းစည်းကမ်းကို လိုက်နာစွာနဲ့ ကုံးကျော်တံတားကနေ ကူးဖို့ လှေကားလေးအတိုင်း တက်ခဲ့တာပေါ့၊ အဲ ......အယ်.............အဲဒီမှာ ...အဟမ်း ။

အမှန်တော့ အဖြစ်ကဒီလိုပါ၊ လှေကားတက်ရင် အပေါ်မော့ကြည့်တတ်တဲ့ အကျင့်ကြီးကြောင့်ပါ။ ကိုယ်က မော့ကြည့်ပြီး တက် သူတို့က အောက်ဆင်းလာ၊ လေက တိုက် စကတ်တိုတိုလေး လန်ထွက်စရာတောင် ပိတ်သား သိပ်မရှိရှာဘူးလေ၊ ကိုယ်က မော့ကြည့်တော့ ထိုင်းမလေးတွေ ဆက်မဆင်းတော့ဘူး ရပ်နေတယ်၊ အစက အထာလည်း မပေါက်ဘူး သူတို့ ကိုယ့်ကို လမ်းဖယ်ပေးဖို့ ရပ်နေလားမသိဘူးလို့ ကိုယ့်ဖာသာ အထင်ကြီးလိုက်သေးတယ်။ သူတို့ နိုင်ငံမှာ အတိုလေးတွေ ဝတ်တာ၊ အပေါ်ပိုင်းလေးတွေ ပွင့်နေတာ ထူးဆန်းတာမှ မဟုတ်တာ။ နောက်ပြီး ကိုယ်ကလည်း မိန်းကလေး အချင်းချင်းဆိုတော့ သိပ်ထူးဆန်းတယ်လည်း မထင်မိပါဘူး။ ဒါပေမယ့် သူတို့ရဲ့ privacy ကို ထိခိုက်မှာ စိုးတာကြောင့် မျက်နှာလွဲလိုက်ပါတယ်။ ကိုယ်က မမြင်လိုက်သလို မျက်စိလွဲလိုက်တာကို သူတို့ မသိဘူး အထင်နဲ့ပေါ့။ နောက်တော့ သဘောပေါက်သွားပြီလေ လှေကားတက်ရင် မော့မကြည့်တော့ဘူး၊ လှေကားထစ်တွေပဲ ကြည့်တက်ပါတော့တယ်။ အပေါ်က ဆင်းလာတဲ့ လူနဲ့ မတိုက်မိရုံလေးပဲ ကြည့်ဖြစ်တော့တယ်။

သတိ
ဘာတွေ့လဲ မမေးရပါ။
:P

ဒါလေးနဲ့ ဆက်စပ်ပြီး ဘလော့ဂါနှစ်ယောက်နဲ့ စကားပြောမိသေးတယ်၊ နှစ်ယောက်လုံးက အမျိုးသားတွေပဲ ဆိုကြပါစို့ရဲ့။ တစ်ယောက်ကတော့ ဟုတ်တယ် ဒါမျိုး ခဏခဏ ကြုံသတဲ့ တွေ့လိုက်ရင် တံတွေး သီး သီးသွားသတဲ့။ တော် တော် အနေမတတ်ကြဘူးတဲ့။ တခါကဆိုရင် ရင်ထဲမှာ လျှပ်လျှပ် လျှပ်လျှပ်နဲ့ဖြစ်ရတယ်။ တကယ်ဆို ဒီလိုဝတ်တာ ကြည့်တာတဲ့သူထက် ပြတဲ့သူမှာ အပြစ်ပိုရှိသတဲ့။ သူပြလို့ ကိုယ်က အပြစ်ဖြစ်ရတာဆိုပဲ။

အဲ နောက်တစ်ယောက်ကတော့ နှလုံးသွင်း မမှန်တာပဲတဲ့။ သူ့ဖာသာ ဘယ်လို ဖေါ်ဖေါ်ပေါ့လေ၊ ကိုယ့်စိတ်က သွားငြိပြီး ခံစားမှုဖြစ်ရင် အကုသိုလ်က ကိုယ့်ဆီမှာ ဖြစ်တာတဲ့။ ဒါကြောင့် ကိုယ့်စိတ်ပေါ်ပဲ မူတည်ကြောင်း ပြောလိုက်တော့ အရင်ပြောတဲ့ တစ်ယောက်က နှလုံးသွင်းတာက နောက်တဲ့၊ စိတ်က ဖြစ်တာ မြန်တယ် အဲဒါက အရင်တဲ့။ အခုဟာက အစကတည်းက မဖြစ်အောင် တားနိုင်တဲ့ အရည်အချင်းမှ မရှိသေးတာတဲ့ ဘယ့်နှယ်လုပ်မလဲတဲ့။ အဲဒီလို အပြန်အလှန်ငြင်းနေကြပါလေရော။

ကဲ ပရိတ်သတ်ကြီးရော ဘယ်လိုလဲ။

2 comments:

ကိုလူထွေး said...

မော့မကြည့်ဖူးသေးတော့ ပြောရခပ်ခက်ခက်...

းဝ)

Crystal said...

ကိုလူထွေး တစ်ယောက်ပဲ ပြောရဲတဲ့သူရှိတယ်၊ ကျန်တဲ့ ပရိတ်သတ်တွေကတော့ ငြိမ်နေကြပါတယ်။ ကြည့်ရတာ ကိုယ်တိုင် မော့ကြည့်ဖို့များ ကြိုးစားနေကြမလားပဲ။ ဒါမှမဟုတ် တွေ့ဖူးလို့ ငြိမ်နေကြတာလည်း ဖြစ်နိုင်တယ်။ အဟီးးးး :P