ရှေးခေတ်ရုပ်ရှင်တွေထဲမှာ ရုပ်ရှင်ဆိုတာကို ဓာတ်ရှင်လို့သုံးကြတယ်။ အဲဒါလေးကို crystal က သိပ်သဘောကျတာပဲ။
အမှန်တော့ ရုပ်ရှင်ကြည့်ရတာ ဝါသနာပါလားလို့ မေးရင် စိတ်ဝင်စားတာလေးဆိုရင်တော့ ကြည့်ပါတယ်။ ဇာတ်လမ်းတိုင်းလည်း မကြည့်ဘူး။ ကိုးရီးယားတိုင်းလည်း မကြည့်ဘူး။ တရုတ်ကားဆိုရင် ပိုမကြည့်ဘူး။ ကုလားဆိုရင် သမိုင်းဝင်ဇာတ်လမ်းတွေကို ကြည့်တယ်။ မြန်မာဇာတ်ကားတွေမှာ အခုခေတ် မင်းသား အငယ်၊ မင်းသမီးအငယ်၊ အဆိုတော် အငယ်လေးတွေ ဘယ်သူကိုမှတောင် မသိတော့ဘူး။ ကိုယ်ကလည်း အိုလာပြီလေ။
အခုအချိန်မှာ ထိုင်းနိုင်ငံရေးကလည်း လှုပ်ခတ်နေတော့ အင်တာနက်သတင်းစာမျက်နှာများကို စောင့်ကြည့်ရင်းနဲ့ ကျမ အမျိုးသားက သူကြည့်နေတဲ့ကိုရီးယားဇာတ်ကားလေးကို လင့်ပေးလာပါတယ်။ ကြည့်ပါတဲ့ မဆိုးဘူးလို့ ပြောပါတယ်။ အီးလိုလည်း စာတန်းထိုးထားတယ်ဆိုတော့ အဆင်ပြေတယ်ဆိုပြီး အင်တာနက် စာမျက်နှာကနေ ဒေါင်းယူလိုက်ပါတယ်။ ရုပ်ရှင်တွေကိုပဲ ကြည့်လာရာကနေ အခု ဇာတ်လမ်းလေးက TV Series ဖြစ်နေပါတယ်။ ဘယ်လိုကြည့်ရပါ့မလဲလို့ ကျေးဇူးရှင်ကိုမေးတော့ chatမှာ တခြားသူတွေနဲ့ စကားပြောနေပြီး ကျမကို လှမ်းမဖြေပါဘူး။ ဒါနဲ့ပဲ စိတ်လျော့လိုက်ပါတယ်။ နောက်တစ်နေ့ရောက်ပြန်တော့ you tube ကနေ ရှာကြည့်ရင်း ကျေးဇူးရှင်ပေးတဲ့ ဇာတ်လမ်းလေးထဲက သီချင်းတွေကို ကြည့်မိတော့ စိတ်ဝင်စားပြီး ပိုကြည့်ချင်လာပြန်တယ်။ အမှန်တော့ ဇာတ်လမ်းထဲက မင်းသမီးကို ကျမက သိပ်သဘောကျတာ။ မင်းသားကတော့ နာမည်ကြီးတစ်ယောက်ပါ ဒါပေမယ့် ကိုယ်က မကြိုက်တော့ မကြည့်တော့ဘူး စိတ်ကူးထားတာပါ။ ဒီလိုနဲ့ မကြည့်ချင်တဲ့စိတ်ကို ကြည့်ချင်တဲ့စိတ်က ချိုးဖျက်ပြီး ဇာတ်လမ်းကို ဒေါင်းပါတယ်။ ဒေါင်းပြီးတော့ ဟိုနှိပ် ဒီနှိပ်နဲ့ နောက်ဆုံးတော့ (ယောက်ျားအပြောကို မစောင့်နိုင်တော့သော သကာလဝယ်)ငါဟဲ့ မိန်းမဆိုပြီး စမ်းသပ်မှုတွေ လုပ်ပြီးနောက် ယင်းဓာတ်ရှင်လေးကို ကြည့်ဖြစ်လေတော့သတည်း။

ဘယ်လိုဒေါင်းကြည့်တယ်ဆိုတာကို ဒီလင့်ကလေးမှာ ကြည့်နိုင်ပါတယ်။
နောက်ထပ် ကြည့်ဖြစ်တဲ့ကားလေးကတော့ City of Angles
ဒါလေးကိုတော့ you tube မှာလည်း ကြည့်လို့ရပါတယ်ရှင်။
စိတ်ဝင်စားဖို့ ကောင်းပါတယ် အချိန်ရတဲ့အခါ မကြည့်ရသေးရင် ကြည့်ပေါ့နော်။
ထို့နောက် အလုပ်ကိစ္စတွေနဲ့ အပြင်ထွက်တုန်း အပူရှပ်ကာ ဖျားပါတော့သည်။ အလွန်ဖျားနေသည့်ကြားက သတိမလစ် သွားအောင် မျက်လုံးကို ကြိုးစားပြီး ဖွင့်ထားဖို့အရေး ယင်းဓာတ်ရှင်လေးကို ကြည့်နေပါသည်။ ဓာတ်ရှင်လေးကြည့်ပြီး ရေနွေးတွေသောက်၊ ဆေးတွေသောက်။ ထို့နောက် တရားမှတ်ကာ အိပ်လိုက်ပါ၏။
အပြင်မှာ မိုးတွေ သည်းနေတယ်၊ ကိုယ်ထဲမှာတော့ အပူတွေ ကဲနေတယ်။
မြန်မြန်နေကောင်းမှ ဖြစ်မယ်
ကျေးဇူးရှင်ကို လူကြုံရှိတုန်း ငါးခြောက်ကြော်လေးတွေ ထည့်ပေးဖို့အတွက်
ငါးခြောက်ကြော်ပေးရအုံးမယ်။
မြန်မြန် အဖျားပျောက်ပါစေ။
ကျေးဇူးရှင်ကို လူကြုံရှိတုန်း ငါးခြောက်ကြော်လေးတွေ ထည့်ပေးဖို့အတွက်
ငါးခြောက်ကြော်ပေးရအုံးမယ်။
မြန်မြန် အဖျားပျောက်ပါစေ။
No comments:
Post a Comment