သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Wednesday, October 19, 2011

မအေးတဲ့........ ရေ

A Thai woman and her dogs make their way through deep floodwater in Nonthaburi province, suburban Bangkok, on October 15, 2011 (Ref; http://abcnews.go.com)

ပြီးခဲ့တဲ့ ရက်တွေက မြန်မာသတင်းတွေမှာ ထိုင်းရေကြီးတဲ့ သတင်းကို ဖော်ပြတာ နဲနေလို့ ထိုင်းရေကြီးသတင်းတွေကို google မှာ ရှာဖွေပြီး ဖတ်ခဲ့ရပါတယ်။ အခုနောက်ပိုင်းတော့ မြန်မာသတင်းမီဒီယာတွေမှာ တော်တော်များတက်နေပါပြီ၊ ဒါကြောင့် ရေကြီးသတင်းတွေ မဖွတော့ဘူးဆိုပြီး အေးအေးနေလိုက်ပါတယ်။ ခရိုင်ဝန်းကျင် လေ့လာရေးထွက်တော့လည်း အခြေအနေက အေးချမ်းလို့ပေါ့။ ခြေရှည်ပြီး ဘိုဘေးဈေးအထိ လမ်းတလျှောက် စပ်စုလိုက်သေးတယ်။ အခြေအနေက အိုကေလို့။ ဟုတ်နေတာ၊ ဒါနဲ့ ပြန်လာပြီး ထုတ်ထားတာတွေ နေရာတကျပြန်ထား၊ အနောက်က ရေနုတ်မြောင်းကိုလည်း မကြည့်ဖြစ်တော့ဘူး။ အလုပ်တွေ ခေါင်းထဲ ပြန်ထည့်လို့ စိတ်အေးနေမိလိုက်ပါတယ်။ ဒီမနက်မှာပဲ ဆူကူဗစ်က ညီမတစ်ယောက် ဖုန်းဆက်တယ် ရေဝင်နေပြီလား၊ အေးဆေးပါလို့ ဆိုတော့ အေးမနေနဲ့နော်တဲ့ လှေလမ်းကြောင်းတွေ ပိတ်လိုက်ပြီလို့ ဆိုတယ်။ ဒါဆို အိမ်ရှေ့လမ်းထဲမှာ ရေစိမ့်နေတာကို မျက်လုံးက ရောက်သွားတယ်။ ဒါဆို မလွယ်ပြန်ဘူး မြောင်းတွေ လျှံနေပြီလား၊ မြစ်ကနေ ရေနုတ်မြောင်းတွေဆီ ဝင်လာနေပြီလား၊ လား...ပေါင်းများစွာနဲ့ အိမ်နား တပတ်လျှောက်ကြည့်ရပြန်တယ် ဟုတ်ပါ့ မြောင်းရေ ကျသွားရာကနေ ပြန်တက်နေတယ် တစ်ထွာလောက်။ တစ်ပေဆို အိမ်ရှေ့ ရေစ ဝပ်တဲ့အဆင့်ကို ရောက်မယ်၊ သုံးပေဆိုရင် အိမ်ထဲ ရေစဝင်မယ်။ အင်း ဒါဆို မလွယ်ကြောပဲ။ 

ဝန်ကြီးချုပ် ပြောစကားနဲ့ အေးအေးနေမိကာမှ မအေးပြန်ဘူး။ ခက်လိုက်တာလေ။ ပြီးခဲ့တပတ်ကပဲ ရေဘေးကယ်ဆယ်ရေးက ရေတားထိန်းတဲ့ ရေထိန်းနံရံတွေ ပြိုကျတဲ့သတင်းကို ထုတ်ပြန်တယ်၊ ဝန်ကြီးချုပ်နဲ့ အဖွဲ့က ချက်ချင်းပယ်ဖျက်တယ်။ ဘန်ကောက်ကို ကာကွယ်ထားမယ်၊ လုံခြုံ စိတ်ချရတယ် ဘာညာ ဘာညာပေါ့။ အဲဒီတုန်းက သံသယတော့ ဖြစ်လိုက်သေးတယ်။ သိပ်ပြီး ထိတ်လန့်သွားမှာစိုးလို့များ ဖုံးကွယ်လိုက်သလားပေါ့။ အခုတော့ သတင်းတွေမှာ တဖြည်းဖြည်းနဲ့ တိုးဝင်လာတဲ့ရေတွေ အကြောင်း ဖေါ်ပြနေကြပါပြီ။
ဒီတော့ စိတ်ချစွာ အေး မနေရတော့၊ ဘန်ကောက်က ရေတွေအတွက် မအေးတော့ဘူးပေါ့ :(

အီးမေးနဲ့ သတင်းမေးသူတွေရော၊ ဖဘမှ သတင်းမေးသူတွေရော၊ gtalk က သတင်းမေးသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ စိတ်မပူပါနဲ့၊ အခြေအနေမကောင်းရင် ပြေးမှာပါ :)
လေးစားစွာဖြင့်
ခရစ္စတလ်

11 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

အခြေနေမကောင်းရင် ပြေးလာမှာပါဆိုတော့ ခုတော့ ကောင်းနေသေးတယ်ပေါ့။
ဒါနဲ့ ရေကူးတတ်တယ် မဟုတ်လား။ စိတ်ချမယ်နော်..
ရေတွေအမြန်ဆုံး ကျပါစေလို့ ဆုတောင်းမိပါတယ်။ သတင်းတွေကြားရ ဖတ်ရတာ တကယ်ကို စိတ်မကောင်းဖြစ်မိတယ်။

ခရစ္စတလ် said...

ရေကူးတတ်လားဆိုတော့ ကမ်းစပ်မှာတောင် ရေနစ်ဖူးသေးတယ် လှိုင်းရိုက်လို့လေ။ အဲလို အဲလို။
ပြေးရင် ခြေထောက်နဲ့ပြေးမယ်လေ ဟိ :)

စံပယ်ချို said...

ခုထိရေကကြီးနေသေးတယ်နော်....
စိတ်မအေးရပါလား
နေရထိုင်ရတာအဆင်ပြေရဲ့လားဟင်ကျန်းမာရေး
ကောင်းပြီးနုပျိုသူတွေအတွက်ကကိစ္စမရှိပေမယ့်
အသက်အရွယ်ကြီးတဲ့သူတွေ ကျန်းမားရေးမကောင်းတဲ့
သူတွေအတွက် စိတ်မအေးစရာပဲနော်..

ခရစ္စတလ် said...

သဘာဝဘေးအန္တရာယ်တွေက လူသားတွေ တုံ့ပြန်နေကြပြီလေ :(

မေသိမ့်သိမ့် ကျော် said...

ထိုင်းမှာ ရေကြီးနေတာ အခြေအနေအမြန်ကောင်းပါစေနော်။


ခင်တဲ့
မေသိမ့်

mstint said...

ဖတ်ရတိုင်း ကြားရတိုင်း မြင်ရလေတိုင်း စိတ်မကောင်းဖြစ်မိတယ် ခရစ္စတလ်ရေ။
သဘာဝဘေးအန္တရာယ်ကနေ အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းနေမိတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ခရစ္စတလ် said...

ပို့သတဲ့ အားလုံးသော မေတ္တာများကြောင့် ဘေးအန္တရာယ်ကင်းမယ်လို့ ယုံကြည်နေပါတယ်။
ကျေးဇူးနော် :)

...အလင်းစက်များ said...

အရင်နေတဲ့ အိမ်က အောက်ထပ် ရေ၀င်နေတယ် ပြောတယ်အစ်မ။ ဖိုးကြောင်လေးတို့  ဘယ်လိုနေကြတယ် မသိဘူး။ ကိုယ်လည်း မသွားအားဘူး။

အဆင်ပြေကြပါစေ။

ဘာနေ said...

လျှောက်ကြည့်ရင်း ဝင်ဖတ်ဖြစ်ပါတယ်ဗျာ ..
ရေဘေး အမြန်ကင်းပါစေဗျာ ..
အဲ့ရေက ဒုက္ခသုက္ခ တော်တော်များတာ ..

စော(အဝါရောင်မြေ) said...

Sorry အမေရ။ ထိုင်းကရေကလည်း ကျတယ်မရှိသေးဘူးနော်။ ကျမ္မာရေးကို အဓိကထား ဂရုစိုက်ပါ။ ကျမ္မာမှ ပြေးနိုင်မှာ။

မအိမ်သူ said...

ဒီနှစ်နိုင်ငံတကာမှာ ရေကြီးတဲ့သတင်းတွေချည့်ပဲ ကြားနေရတယ်။ ဒီမှာတော့ ပြီးခဲ့တဲ့အပတ်ကစပြီး ကျသွားပြီ။ ထိုင်းမှာက အတော်ကြာနေပြီနော်။ ခုထိမကျနိုင်သေးဘူး။ အစစဂရုစိုက်နေနော်။ ရာသီဥတုတွေဖေါက်ပြန်တော့ သဘာဝဘေးဒဏ်တွေကလဲ နောက်ဆက်တွဲအနေနဲ့ ပါလာတော့တာပေါ့လေ။ ခံရတဲ့လူတွေခမျာတော့ မသက်သာလိုက်တာ...