သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Saturday, November 12, 2011

ဓါတ်ခဲများနေ့

by Vimuttisukha Bliss on Friday, November 11, 2011 at 10:19pm


ဒီနေ့ကတော့ အားလုံးသိထားပြီးတဲ့အတိုင်း 11.11.11 နေ့ပါဘဲ။
ကျွန်တော်တို့ဆီမှာလည်း ဖုန်းတွေနှင့် ဟိုလူက message ပို့။ ဒီလူက message ပို့ပေါ့။ (အဲဒီ message ကို လူ (၁၁)ယောက်ဆီကို (၁၁) မိနစ်အတွင်းပို့ဆိုတာတောင် ပါလိုက်သေး။)
ကိုယ်ကလည်း ပြန်ပို့တော့ ဂျပန်မိတ်ဆွေတစ်ယောက်ဆီက message ပြန်ဝင်လာပါတယ်။
ဒီနေ့က 11.11.11 ဖြစ်တဲ့အပြင် “ဓါတ်ခဲများနေ့” ပါတဲ့။
ဘာလို့လဲဆိုတော့ ဂျပန်ခန်းဂျီးစာလုံးနှင့် ဒီနေ့ ရက်စွဲကို ရေးမယ်ဆိုရင် 十一年十一月十一日 လို့ရေးရပါတယ်။ ခန်းဂျီးနှင့် တစ်ဆယ်ကိုရေးရင် ( 十 ) လို့ ရေးရပြီး တစ်ကိုရေးရင် ( 一 ) လို့ ရေးရပါတယ်။ အဲဒါဟာ ဓါတ်ခဲတစ်လုံးမှာပါတဲ့ Positive ( + ) နှင့် Negative ( - ) တို့နှင့် သွားပြီးတူနေပါတယ်။ အဲဒါကြောင့်ဒီနေ့ကို “ဓါတ်ခဲများနေ့” လို့ ဂုဏ်ပြုသတ်မှတ်ထားတယ်လို့ဆိုပါတယ်။ ဂျပန်လိုရေးရင်တော့ 電池の日 လို့ရေးပါတယ်ခင်ဗျား။
စိတ်ဝင်စားရင်တော့ အဲဒီဂျပန်စာလုံးနှင့် အင်တာနက်မှာ ဆက်ပြီးရှာဖွေ ဖတ်ရှုနိုင်ကြောင်းပါ။

အိမ်ဦးနတ် ၁၁ရက်နေ့က ပို့လာတဲ့အကြောင်းလေးပါ။ သူ့ဖဘမှာ တင်ထားပါတယ်။ ကိုယ့်ဝန်းကျင်က မိတ်ဆွေတွေလည်း သိရအောင် တင်ပေးလိုက်တာပါ။

ထိုင်းနိုင်ငံ ရေကြီးတော့ လျှပ်စစ်မီးတွေ တချို့နေရာတွေမှာ အဖြတ်ခံရတယ် ဒါကြောင့် ဘန်ကောက်ထဲမှာလည်း မီးဖြတ်ခံရရင် နောက်ပိုင်းပေါ်နေတဲ့ လျှပ်စစ်နဲ့ သွင်းတဲ့ လက်နှိပ်ဓာတ်မီးတွေက အလုပ်မဖြစ်တော့ဘူး၊ မီးမလာရင် အားသွင်းမရဘူးလေ။ အခု ဓာတ်ခဲနဲ့ ထွန်းတဲ့ လက်နှိပ်ဓာတ်မီးတွေ ပြန်ရောင်းအားကောင်းလာတယ်၊ ဓာတ်ခဲတွေလည်း ဝယ်မရအထိဖြစ်ကုန်ပါပြီ။ ခေတ်ကြီးက နောက်ပိုင်းမှာ နည်းပညာတိုးတက်မှုတွေကို သဘာဝတရားကြီးက ဒဏ်ပြန်ခတ်နေတဲ့ချိန် ဓာတ်ခဲများနေ့ဆိုတော့ အင်းးးးးးးးးးး နည်းပညာ၊ သဘာဝတရား၊ လူသားတွေ ဆက်တွေးမိပါတယ်။ မိတ်ဆွေတို့လည်း တွေးကြည့်ကြပါအုံးလို့........။

လေးစားစွာဖြင့်
ခရစ္စတလ်

7 comments:

စံပယ်ချို said...

နည်းပညာတိုးတက်မှုတွေကို
သဘာဝတရားကဒဏ်ခတ်တဲ့ဆိုတဲ့စကားလေးကိုကြိုက်သွားပြီ
ခင်မင်တဲ့ jasmine(မုန်လာထုပ်)

မအိမ်သူ said...

နည်းပညာတွေတိုးတက်လာတာနဲ့အမျှ လူသားတွေကလဲ မာန်တွေတက်ပြီး သဘာဝကို သဘာဝအတိုင်း မထားနိုင်တော့ပဲနဲ့ တိုးတက်မှုတွေနောက်လိုက်ပြီး သဘာဝတရားကို သွားပြီးအံတုချုပ်ကိုင်နိုင်ဖို့ ကြိုးစားကြတာကိုး.. အဲဒီတော့ သဘာဝအတိုင်း ဖြစ်ပျက်လာတဲ့ အကျိုးတရားတွေကို လူသားတွေ လက်တွေ့ခံစားကြရတော့တာပါပဲ။ ဓါတ်ခဲများနေ့ဆိုတာလေးတော့ သဘောကျတယ်။း)

Unknown said...

အသစ်တွေဘယ်လောက်ပေါ၊အဟောင်းကတော.သုံးနေရတုန်းပါ

ကိုထွဋ် said...

တို့က ဖယောင်းတိုင်ပဲ သုံးတယ်...

Angelhlaing(May everybody be happy and healthy! said...

တိုးတက်ပြိး တစ်ချို့နိုင်ငံတွေကျတော့လည်း ကျောက်ခတ်က အပြုမှုတွေကို ဖန်တီးယူကြလို့...ခောတ်ကြီးက ဘယ်လိုလဲကွယ်လို့ မေးရမလိုပါပဲမမရေ...:):)

မြသွေးနီ said...

တိုက်တိုက်ဆိုင်ဆိုင် ဓာတ်ခဲများနေ့ပေါ့...။
အခုမှသိတယ်။ ဒီမှာတော့ ဖယောင်းတိုင်များနေ့က နေ့တိုင်းလိုလို သတ်မှတ်လို့ရတယ်။ :)

...အလင်းစက်များ said...

ဟဲဟဲ တော်သေးတာပေါ့။ ဓါတ်မီးရော ဓါတ်ခဲရော မ၀ယ်မိဘူး။ ပိုက်ပိုက်တွေ ထွက်ကုန်မှာ စိုးနေရတယ်။ ဟီးဟီး။

အဆင်ပြေပါစေအစ်မ။