သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Wednesday, November 23, 2011

“ယနေ့ ... ခေါင်းကိုက်သည်”



ကမ်းခြေက ကျောက်တုံးတွေ ဟုတ်ဘူး၊ ကင်းကောင်ကြီးမှာ “က” နေတဲ့ တိမ်တွေပါ...

တက္ကသိုလ်ကျောင်းတော်ထဲမှာ ပြောခဲ့ဖူးတယ် 
ဘယ်နေရာသွားသွား ငါ့ကို လွှမ်းမိုးနိုင်ရက်လိုက်တာလို့
ဘေးနားက မေးကြတယ် ဘယ်သူလဲတဲ့
ဘယ်သူဖြစ်ရမလဲဟယ် ဝေးလိုက်တာနော် 
ကောင်းကင်ကြီးကို ကြည့်ပြီး ပြောနေတာပါဟ
ကိုင်း ဘယ့်နှယ်ရှိစ....။

သွားတဲ့သူတွေနဲ့ လူချင်းကွဲသွားတယ် ဓာတ်ပုံအရိုက်ကောင်းလို့
အဲဒီနားက လူပြတ်တယ်၊
လူပြတ်တော့ ဘာဖြစ်လဲ လူပြတ်တော့ လုတတ်တယ်၊ လုတော့ အရှည်အရှည်တွေဖြစ်မယ်။ သရဲတော့ ကြောက်ဘူး။
ဒါတောင် အသုဘရှိနေလို့ လူရိပ်လူယောင်မြင်နေရသေးတာ။
(ထိုင်းတွင် ဘုန်းကြီးကျောင်းတိုင်းမှာ အသုဘထားကြသည်)
ရှေ့က သွားတဲ့လူတွေ ဓာတ်ပုံနှစ်ပုံရိုက်နေချိန်တွင်း ပျောက်သွားတာ။
ဖုန်းဆက်တော့ ဖုန်းပိတ်ထားတယ်
စောင့်တယ် မလာဘူး အတော်ကြာတယ်
စောင့်ရသူအဖို့ အချိန်ဆိုတာ ကြာတယ်
အခြေအနေနဲ့ အချိန်အခါအရ မိန်းကလေးတစ်ယောက်တည်း ရပ်နေရတာ သိပ်မကောင်းဘူး။
ပြန်တော့မယ်ဆိုပြီး ထွက်လာခါမှ ဖုန်းဆက်လာတယ်
ကိုယ်တောင် မပြောရသေးဘူး၊ ကိုယ့်ကို အရင် အပြစ်တင်ပါလေရော။
အကျိုးအကြောင်း ပြောပြတော့ ဆောရီးတဲ့။
တောင်းပန်တဲ့နေရာမှာ ဆောရီး လွယ်လွယ်ကူကူပြောတတ်သူတွေနဲ့ ရှေ့ဆက် မတွေ့ရပါစေနဲ့ :)
စိတ်တိုလိုက်တာ ကြက်ဥတစ်လုံးလောက် ပစ်ပေါက် ခွဲလိုက်ချင်တာ ကြက်ဥဈေးတွေ တက်နေလို့ပေါ့ ဟွန်းးးး

 ကားအမြင့်ပေါ်မှာ ဘုတ်လေးတင်ထားတယ် အပြာရောင်လေးပေါ့။ လုပ်အားပေးနေကြတာ ပျော်စရာနော်။

ထိုင်းကိုယ်တော်တွေ ရေဘေးကယ်ဆယ်ရေးအတွက် လုပ်အားပေးနေကြတာ၊ ဒီပုံရိုက်နေလို့ ပြဿနာတက်ရတာလေ။ ရိုက်နေတုန်းက ကုသိုလ်စိတ်လေးတွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တယ်။ 
ဒေါသစိတ်ကို သိစိတ်က ပြန်ထိန်းထားရတော့ ဆန့်ငင်ငင်ကြီးဖြစ်သွားတယ်။
တစ်ပါးသူအပေါ်နားလည်ပေးတတ်မှု စာနာမှု ငဲ့ညှာမှု လောကမှာ တစ်နေ့တခြား ပျောက်ဆုံးကုန်ပါပြီ။
ဘာမဆိုင် ညာမဆိုင်နဲ့ အဖေ့ကို သတိရတယ်...
အဖေ့မှာ တစ်ပါးသူအပေါ်နားလည်ပေးတတ်မှု စာနာမှု ငဲ့ညှာမှု များစွာ ချမ်းသာရှာတယ်။

 သားတော်မြတ်စွာဘုရား ခွက်မည်းကြီး လက်ဆွဲလို့ ဆွမ်းခံကြွတယ်လို့ ပြောခဲ့တဲ့ 
သုဒ္ဓေါဒနမင်းကြီးကို သတိရလို့ ဓာတ်ပုံရိုက်ခဲ့ပါတယ်။
ထိုင်းကိုယ်တော်တစ်ပါး အနီးအနားတွေ့လို့ အီးလိုမေးကြည့်တယ်၊ ဒါ ဘုရားပုံတော်လားဆိုတော့ ဟုတ်တယ်တဲ့။ ဘာအဓိပ္ပါယ်နဲ့ ဒီလောက် မျက်နှာတွေ ထုထားတာလဲ ဆိုတော့ သိဘူးတဲ့။
နင်တို့ ဖမားမှာ မရှိဘူးလားတဲ့။ ပြောလိုက်တယ် တခါမှကို မတွေ့ဖူးဘူးလို့ ဟုတ်ဘူးလား....



တရုတ်တန်းမှာ စည်စည်ကားကား

စလဗယ်ရီ မမ လက်ရာ မီတဲ့ ပုံတွေ ရှိသေးတယ် တင်မလို့ပဲ သူမကြိုက်မှာစိုးလို့ မတင်တော့ပါဘူး။
ဒီလောက်ဆို ခရစ္စတလ်ကို ကွန့်မန့်ကြသော မမန့်ကြသောသူများအတွက် ပုံလေးတွေ ပြရကျိုးနပ်ပါပြီ။
ယနေ့ ခေါင်းကိုက်သည်။
ပုံ
ခရစ္စတလ်

P. S : ဒီပိုစ့်လေး တင်ထားပြီး (၂၄) နာရီအတွင်း လာလည်ကြတာ (၄၈)ဦးတောင် ရှိသတဲ့။ 
ခရစ္စတလ်ခေါင်းကိုက်တာကို စာနာပေးကြတဲ့သူတွေလို့ ကိုယ့်အတွေးနဲ့ကိုယ် မှတ်ထားလိုက်မယ် :)

10 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘလော့စတိုင်ပြောင်းသွားလို့ လူမှားသွားတယ်
ဟုတ်မှဟုတ်ရဲ့လားလို့း)
အတွဲတွေ သွားတဲ့နေရာလေး သဘောကျတယ်..
အတွဲလေးနဲ့ လာဦးမှပါ..
ဓာတ်ပုံရိုက်ရအောင်လို့လေ :P

...အလင်းစက်များ said...

ဆယ်လစ်ဗျစ်တီမမ ကို မှီတဲ့ ပုံတွေ ရှိရင် စုပြီး ပိုစ့်တစ်ခု တင်လိုက်ပါ အစ်မ။ ရွှေတောင်ကုန်းတောင် နောက်တစ်ခေါက် ထပ်သွားချင်နေတယ်။ ရှစ်တူ မရှိသေး။

ကျေးကျေး

ခရစ္စတလ် said...

ချောရေ့ ပြောင်းထားတာတောင် ကြာနေပါပြီအေ့။ လာမယ့်ရက်ကို
မျှော်နေမယ် :)

ကြောင်ဖြူများရှင်ကြီး-ရှစ်တူနဲ့သွားရင် မွေးနေ့မှာ သွား။ ဆုတောင်းပြည့်တယ်တဲ့ :)

မဒမ်ကိုး said...

သြော် ခုမှရှာလို့တွေ့တယ် ဟိဟိး)
ခေါင်းကိုက်ရင် ဆေးပေးမယ် ဘောလုံးကွင်းကို ၇ ပတ်ပတ် နော်

ချစ်တဲ့

မဒိုးကန်

Crystal said...

ဟင့် မဒိုးကန် လူဇိုးးးး :D

စံပယ်ချို said...

ပုံတွေလှလိုက်တာဟယ်
ကိုယ်တိုင်ရောက်သွားသလိုပါပဲသိလား
အလင်းစက်များသနားပါတယ်
သူမလဲ ချစ်သူမရှိရှာဘူး
ဘလော့ဂါ သူငယ်ချင်းတို့ရေ.....ကူညီပေးကြပါရှင်။
ချစ်ချစ်ခင်ခင် jasmine

ခရစ္စတလ် said...

ဂျက်ရေ ကြောင်ဖြူများရှင်ကြီးအတွက် မဖြူရှင်လေး ရှာပေးလိုက်ပါဟယ် :P

အမှန်တော့ ရှိနေမှာ၊ လာလျှိုနေသေး :D

ပိတောက် said...

ဓါတ်ပုံလေးတွေစိတ်ကြည်စေသလို ပိုင်ရှင်လေးလဲ ခေါင်းကိုက်ခြင်းကင်းဝေးပါစေ။

ညယံ said...

ပုံလေးတွေ လှဒယ်။ အတွဲတွေ သွားတဲ့ နေရာလေးက တော်တော် ကဗျာဆန်တာပဲနော် ..

ခရစ္စတလ် said...

ပိတောက်လေး ပို့သတဲ့ မေတ္တာကြောင့် လန်းဆန်းနေပြီဖြစ်ပါကြောင်း :)

ပျောက်နေတဲ့ ညယံ ဆိုတဲ့ ကလေးနှမ၊ အတွဲလေးနဲ့ ဘန်ကောက်လာလည်ရင် လိုက်ပို့ပေးအုံးမှာ :P