သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Sunday, November 27, 2011

“လွမ်းမောဖွယ်၊ အို ... အယုဒ္ဓယ”

အပိုင်း(၁)
၂၆-နိုဝင်ဘာလ-၂၀၁၁ နေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ အယုဒ္ဓယမြို့သို့ သွားရောက်ရာ လမ်းခရီးတစ်လျှောက် ဓာတ်ပုံများကို စုစည်း တင်ဆက်လိုက်ပါတယ်။ 
ကားထဲကနေ လှမ်းရိုက်ထားတာဆိုတော့ 
ဓာတ်ပုံတစ်ပုံရဲ့ အရည်အသွေးတွေ ကျနေတာကို သည်းခံပေးပါရန် တောင်းပန်ပါတယ်နော်။

 ဘန်ကောက်မြို့တော်မှ စထွက်တဲ့ လမ်းမကြီးပေါ်တစ်နေရာ

 အယုဒ္ဓယမြို့ဝင်ခါနီး လမ်းမကြီး၏ လမ်းအပိုင်းအချို့ ရေဝင်မှုကြောင့် ပျက်စီးနေပုံ

 လမ်းမကြီးပေါ်ရေမရှိတော့ပေမယ့် လမ်းဘေးမှာ ရေတွေ အပြည့်

 အချို့နေရာများမှာ သဲအိတ်များ အကူအညီယူနေရဆဲ

သဲအိတ်တွေ တောင်ပုံရာပုံ

 ကားလမ်းလား၊ လယ်ကွင်းလား၊ ရေကန်လား ဘာမှ မကွဲပြားတော့ပါ

 အပင်ကြီးတွေ အသက်မသေပေမယ့် အပင်ငယ်များကတော့ ရေလွှမ်းမိုးမှုတွေကြောင့် ပျက်စီးနေပုံ

 အယုဒ္ဓယမြို့ဦးစေတီတော်

 မြို့ထဲဝင်လာတော့ လမ်းမကြီးကို သန့်ရှင်ရေးလုပ်ထားပြီး
လမ်းမအလယ်မှာတော့ အရင်လိုမလှနိုင်သေး

သန့်ရှင်းရေးလုပ်အားပေးလူငယ်တွေ တက်တက်ကြွကြွ

နောက်ဆက်တွဲ ပုံလေးတွေ တင်ပေးပါအုံးမယ်။ 

လေးစားစွာဖြင့်
ခရစ္စတလ်

6 comments:

ညိမ်းနိုင် said...

အယုဒ္ဒယကိုရောက်ဖူးချင်တယ်...၊ဘန်ကောက်လာတုန်းက
တော့ ရောက်လိုက်ဘူးဗျ...၊နောက်တစ်ခေါက်ပေါ့လေ၊
ခုတော့ ဒါ့ပုံလေးတွေပဲကြည့်ပြီး စိတ်ကူးနဲ့သွားပလိုက်
တယ်အစ်မရေ..၊(စကားမစပ် ဖဘမှာမတွေ့...အကောင့်
သစ်နဲ့ အပ်ချင်လို့ပါဗျိုးးးးးးးးးးးး)

...အလင်းစက်များ said...

ပြန်ကောင်းလာတာပဲ ၀မ်းသာပါတယ်။ ရှေးဟောင်း အဆောက်အဦးတွေ ရေစိမ့်ဝင်ပြီး မပျက်စီးပါစေနဲ့ ပဲ ဆုတောင်းနေမိတယ်။ ရေလုံးဝ မြုပ်သွားတာပဲနော် အစ်မ။

ခရစ္စတလ် said...

ဒီအပေါ်က နှစ်ယောက် ချိန်းပြီးများ လာကြသလား :)

စံပယ်ချို said...

မရောက်ဖူးသေးဘူးအဲဒီကိုလေ
အယုဒ္ဒယကိုရောက်ဖူးချင်တယ်နေတာ
ရုပ်ရှင်ထဲမှာတော့ကြည့်ဖူးတယ် ခုတော့ပုံတွေကရှင်းနေလို့တစ်ကယ်ကိုကြည့်ရတာ အဆင်ပြေပါတယ်..
ချစ်ချစ်ခင်ခင် jasmine

khin oo may said...

ပုံတွေက မဝါးပါလား ဟင်း.

mstint said...

အခုမြင်ကွင်းလေးကို မြင်လိုက်ရတော့ စိတ်သက်သာရာ ရသွားတယ်ခရစ္စတလ်ရေ။
ရေကြီးတာတွေမြင်နေရတုန်းက စိတ်မသက်သာလိုက်တာ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်