သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Friday, December 2, 2011

ဘာတွေလဲ .........သိဘူးလေ

 ရေကြီးထားလို့ ဆိပ်ခံတံတားလေး မခိုင့်တခိုင်ပေါ် စွန့်စွန့်စားစား ဓာတ်ပုံရိုက်နေတုန်း 
ငှက်လေး နှစ်ကောင် အစာလာတောင်းတာပါ။
ငှက်အစာဝယ်ဖို့ အကြွေရှာတယ် မတွေ့ဘူး။ အကြွေအိတ်လေး ကားပေါ်ကျန်ခဲ့တယ်။
အကြွေရှိမှ ဝယ်လို့ရတယ် အစာလေးတွေ စက်နဲ့ ထုတ်ယူမှ ရတယ်။
လူက ရောင်းတာမဟုတ်ဘူး။ 
ကျွေးချင်သူလည်းရှိပါရဲ့၊ အစာတောင်းသူလည်း ရှိတယ်
ကျွေးလို့မဖြစ်ဘူး မစားရရှာဘူး။
တွေးကြည့်မိတယ် ပေးလိုတိုင်းလည်း ပေးလို့မရပါလား
အရာရာဟာ သဟဇာတဖြစ်မှပါ။

 ကျမရဲ့ အချစ်တော်လေးတွေပေါ့။ အိမ်မှာ မမွေးနိုင်ပေမယ့် တွေ့တဲ့နေရာတိုင်း သူတို့အနားသွားတယ်။ သူတို့ နားလည်နိုင်မယ့် သီအိုရီလေးတွေနဲ့ ကွန်မြူနီကိတ်လုပ်တယ်၊ ဒီတော့ သူတို့ ဒီလိုလေး ပြန်ချွဲတယ် :)))

မေတ္တာစစ်ရဲ့ သဘောကို သင်ဘယ်လိုနားလည်ပါသလဲ

ငယ်ငယ်တုန်းက အိမ်မှာမွေးထားတဲ့ ကြောင်မလေး ဇီးတော်တော်နဲ့ မတင်ဘူး။ ဘယ်တင်မလဲ ဆော့လိုက်တာ ဗြောင်းဆန်လို့။
တနေ့တော့ အစ်မရဲ့ သူငယ်ချင်း တိရစ္ဆာန်ဆရာဝန်ရောက်လာတယ်။


အစ်ကိုကြီး သမီးကြောင်မလေးကို ကလေးရအောင် လုပ်ပေးပါ (ခရစ္စတလ်၏ မှန်ကန်သော ရီကွက်စ်)
ဟေ ..........(ဆရာဝန်၏ အာမေဋိတ်)
ဖုန်း ဒိုင်း ခွပ် (ခရစ္စတလ်အား အနားတွင်ရှိသော အစ်ကို အစ်မများ ဝိုင်းဘေကြသံ)
ဟီး ဟီး ဟီး (ဘာမှန်းမသိ အရိုက်ခံလိုက်ရလို့ ခရစ္စတလ် ငိုသည့်အသံ)

အမေ့ရင်ခွင် ခေါင်းခွေ့ဝင် အလွန်အေးချမ်းလှသည်တကား။

ဟဲ့ ကလေးကို ဘာလို့ ရိုက်တာလဲ၊ သူနားမလည်တာကို ရှင်းပြမှပေါ့၊
အသလွတ် အပြစ်တင်တာ ရိုက်နှက်တာ ငါမကြိုက်ဘူး (အမေ့၏ မြည်တွန်တောက်တီးမှု)

မင်းတို့ကလည်း ကလေးကို.....။
(ဖခင်၏ ဆရာဝန်အပေါ် အားတုံ့အားနာ ရှက်ကိုးရှက်ကန်းနှင့် သမီးငယ်အား ခွင့်လွှတ်အပြုံး)

ခုနေခါများမှာ ပြန်မရနိုင်တော့သော အရာများဖြစ်ပါတယ်။

သုံးရောင်ခြယ် ကြောင်မကြီး၊ ခပ်လှမ်းလှမ်းမှာ သူ့သားသမီးတွေရှိတယ်၊ 
အိပ်သလိုလိုနဲ့ ကလေးတွေကို အစိုးရိမ်ကြီးစွာဖြင့် စောင့်ရှောက်နေတာ သူ့မျက်လုံးမှာ ပေါ်နေတယ်။ 

အမေဆိုတာ ဒီလိုပဲ....၊ မိခင်စိတ်ဆိုတာ အဲသလိုပဲ။ မိန်းမတိုင်း ကလေးမမွေးဖူးပေမယ့်လို့
စောင့်ရှောက်တတ်တဲ့ မိခင်စိတ်ဆိုတာ ရှိတယ်။ မမေ့နဲ့။

 အနောက်က လမ်းလျှောက်လာတဲ့ စုံတွဲကို လမ်းဖယ်ပေးရင် ရိုက်လိုက်တာ
အစ်မကွန် လက်ရာ မီသွားတယ် မတော်တဆပေါ့နော်။

လမ်းလျှောက်ရင်းနဲ့ ရိုက်တယ် ပုံပြန်ကြည့်တော့ မူးထာ

အဖြူရောင်ပန်းတိုင်း နှစ်သက်ပါတယ်
အဖြူရောင်ဆိုတဲ့ အရောင်နှစ်သက်မှုမျိုးတော့ မဟုတ်ပြန်ဘူး။

ရေကြီးထားပေမယ့် မရဲတရဲနဲ့ ရဲရဲတောက် ပွင့်နေရှာတဲ့ မနှင်းဆီ
ဘဝဆိုတာ ဒီလိုပဲ အန်ခဲ အားတင်းထားနိုင်မှ ဒီလို ပွင့်လန်းနိုင်မှာ။

ဒီကားနဲ့ ခရီးသွားတယ်
နယ်ထွက်ရင် ကားအမြင့်နဲ့မှ စိတ်ထဲ စတစ်စဖိုင်းဖြစ်တယ်
ဟိုက်ဝေးလမ်းမှာ စပိများတယ် သူတို့လမ်းတွေက ကောင်းတယ်
ကားသေးရင် ပြိုင်တိုက်ရင်တောင် ကိုယ့်ကားသေးရင် ပြဿနာရှိတယ်။ 
ဒါကြောင့် လူဘယ်လောက်နဲနဲ ကားအမြင့်နဲ့ပဲ သွားတယ်။

အယုဒ္ဓယထမင်းဆိုင်က တံခါး ရေဝင်သွားတာ တံခါးမှာ အရစ်ဖြစ်နေတယ်တွေ့လား။ 
ဒီတဆိုင်ပဲ ဖွင့်တယ် ဆိုင်ကောင်းကောင်းဆိုလို့။ ကျန်တဲ့ဆိုင်တွေ ရေမျှောကမ်းတင်ဖြစ်နေရှာတယ်။

ကြက်တွေ စိတ်ဝင်စားကြတယ်။ မယ်ဆိုင်ရောက်ခဲ့တုန်းက ဘုရားပေါ်မှာ ကြက်တွေတွေ့လို့မေးဖူးတယ်။ ဖြေတဲ့သူ ရှမ်းမလေးက ဘုရင်က ကြက်သိုက်ရောက်သွားလို့ ကိုးကွယ်တာတဲ့။ သမိုင်းသေချာပြန်ကြည့်တယ်၊ ထိုင်းတွေကို မေးကြည့်တော့ ဘုရင်ကို ဆက်သထားတာ။ အဓိဋ္ဌာန်နဲ့။ စီးပွါးကောင်းရင် ကောင်းသလို ကြက်ရုပ်အကောင်းစားတွေ ဆက်သကြတယ်။ သူတို့ဘုရင် ကြက်ကြိုက်လို့ ဆက်သကြတာ။ ဘုရင်ကြိုက်တာ တိုက်ကြက်ဖနော် မှားနေအုံးမယ်။

ရေအသက် တစ်မနက်ဆိုပေမယ်လို့ 
ရေများ ဝါးမျိုလိုက်တဲ့အခါ ဘယ်လောက် ခိုင်ခံ့တာဖြစ်စေ ပြိုပျက်ရပြန်တယ်။ 
“အပျော့က အမာကို အနိုင်ယူတာ”


ပိုစ့်ကို စာတွေ အများကြီးရေးပြီး ပေးချင်တဲ့ မတ်စ်စေ့က လိုရာမရောက်ဖြစ်တာ
ပိုစ့်မှာ ပုံတွေနဲ့ ယှဉ်တွဲပြပြီး ပေးချင်တဲ့ မတ်စ်စေ့ကို ခပ်တိုတိုလေးပေးတာ
ဘယ်အရာက ထိရောက်မယ်ထင်လဲ ဟင်..........

“ဘာတွေလဲ .........သိဘူးလေ”

လေးစားစွာဖြင့်
ခရစ္စတလ်

13 comments:

လွင်ပြင်လှိုင်းငယ် said...

ဘာတွေလဲ သိဘူးလေ ကို
သေသေချာချာ ကြည့်ဖတ်သွားပါတယ်

ဖြိုးမောင်မောင်(CTM) said...

good , ti ta lo lo bell :-)

မြသွေးနီ said...

စိတ်ဝင်စားစရာလေးတွေ...။
ဓာတ်ပုံလေးတွေက ဆွဲဆောင်မှုအပြည့်ရှိတယ်..။

စံပယ်ချို said...

အမယ်-မသိရင်ပဲ ဆရာဝန်ကိုအိမ်ကကြောင်နဲ့ပေးစားနေသလိုပါပဲ
ဆော်ခံရနဲသေးတယ်ထင်တယ်
ဟီးဟီး---အဲတာဘယ်အရွယ်ကလဲဟင်(စပ်စုစိန်)
ပုံလေးတွေအားလုံးကောင်းပါ၏
ချစ်ချစ်ခင်ခင် jasmine

ညိမ်းနိုင် said...

ကြောင်ပုံလေးတွေချစ်စရာ....၊မနှင်းဆီလေးကလည်း
ရဲရဲတောက်ပွင့်နေလိုက်တာများ....သဘောကျစရာ...၊

ဘုန်းဘုန်းတောက် said...

စိတ်ဝင်စားစရာလေးတွေနော်။ ပုံရော၊ အရေးအသားပါ။ ရှင်းလင်းချက်တွေက ပြန်မေးစရာမလိုအောင် ရှင်းထားတယ်နော်။ ကောင်းတယ်။

ခရစ္စတလ် said...

သေချာဖတ်သွားတဲ့အတွက် ကျေးဇူးပါ “လွင်ပြင်လှိုင်းငယ်”။

ဘာတွေများ သိသွားပါလိမ့် ကိုဖြိုးရေ...

ပုံလေးတွေပဲ ဆွဲဆောင်မှုရှိတာလား အစ်မ မြသွေးနီ :)

အဲတုန်းက မီးမီး ငါးတန်းတက်နေပြီရှင့် မဂျက် :P

မနှင်းဆီတွေ့ရင် ဘယ်သူတွေကို သတိရမှန်းကို မသိပါဘူး :D ကိုညိမ်းနိုင်

ဘုန်းဘုန်းတောက် ပိုစ့်တွေ မျှော်နေတယ်နော်။

ညယံ said...

တံခါးအရစ် ကြည့်လိုက်တော့ ရေတွေ တော်တော် တက်သွားတာပဲ ။
ကြောင်ကလေး ချွဲနေတာ ချစ်စရာ ကောင်းတာ :)
တောင်ပြုန်းပွဲလို နေမှာ ။ စီးပွားရေး ကောင်းရင် ကောင်းသလို ဆက်ကြတာလေ။
ခုလည်း ဆက်ထားတဲ့ ကြက်တွေ နည်းတာ ဟုတ်ဖူး။
ကိုကြီးကျော်ကတော့ ကြက်ကြော်ကြိုက်တယ်။
ဒီဘုရင်ကတော့ တိုက်ကြက်ပေါ့

ပိတောက် said...

ဘာတွေလဲ.. သိဘူးလေ စုံနေတာပဲ၊ တိရိစ္ဆာန်ကော၊ ပန်းကော၊ ငယ်ငယ်တုန်းက အကြောင်းကော၊ ခရီးသွားတာရော၊

ချော(အစိမ်းရောင်လွင်ပြင်) said...

ကင်မလာငှားပါဆိုမှ
ကင်မလာကောင်းကြောင်းတွေ ကြွားနေထှာ
ကြက်တွေ လှလိုက်တာနော်
ပေးချင်တဲ့ မက်ဆေ့က အဲဒါထင်တယ် :P :P
ဘာဘဲဖြစ်ဖြစ် အယုဒ္ဓယကို စိတ်ဝင်စားမိပါတယ်
မြန်မာဘုရင်တွေနဲ့ ဆက်စပ်ခဲ့တဲ့ မြို့မို့လို့ပါ
တော်ပြီ။။ နောက်နှစ်တွေမှလာမယ်
ခုက ရေကြီးထားတော့ ကောင်းကောင်းလည်လို့ မကောင်းသေးဘူး
လာရင် ကင်မလာငှားနော် (ဒါဘဲပြောနေတာဘဲ) :p

ကြောင်ဖြူများရှင် said...

ကြောင်ငပျင်းလေး အကြောဆန့် နေတာ ချစ်စရာလေးဗျာ။ မကွန်း လက်ရာတော့ နည်းနည်း မှီလာသလို ရှိလာပြီ အစ်မ ဆက်ကြိုးစားအုန်း။ ဟီးဟီး

mstint said...

ထိုင်းလူမျိုးတွေက သူတို့ဘုရင်ကို
ချစ်မြတ်နိုးပြီး လေးစားကြတယ်နော်။
ရေကြီးနေတဲ့ကြားက
ရဲရဲတောက်နှင်းဆီပွင့်လေးနဲ့ ရေးသားထားတဲ့
စာသားလေး သဘောကျတယ် ခရစ္စတလ်ရေ။
စက္ကူပန်းအဖြူလေးတွေမြင်ပြီး တီတင့်အိမ်မှာ ပန်းအိုးထိုးထားတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ခရစ္စတလ် said...

ညယံ-ကလေးနှမ ငြိမ်မနေနော် ပိုစ့်ရေးအုံး :)

ပိတောက်-ဟီး ဟီး (ရှက်ပြုံးဖြင့် :P )

ချော-ကင်မလာလည်း ငှားမယ်၊ လူလည်း ငှားတယ် :D

အဲ့ကြောင်လေးတွေ့တော့လေ ကြောင်ဖြူများရှင်ကြီးကို သတိရထာ :)))

အေးမြလျှက်ရှိပါကြောင်း အန်တီတင့်ရေ :) (ဆောင်း ဝင်ပြီလေ)