သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Tuesday, May 11, 2010

ငရုတ်သီး မထည့်နဲ့နော်။



တက္ကသိုလ်ကျောင်းတော်ကြီးထဲမှာ ကောင်မလေး တစ်သိုက် ထူးထူးဆန်းဆန်း စာတအား ကြိုးစားကြပြီး၊  ပူပြင်းတဲ့ နွေရာသီမှာ စာမေးပွဲရက်နီးလို့ နွမ်းနယ်နေကြတယ်။ ဒီအထဲမှာ အလှဧကရီလေးတစ်ယောက်လည်း ပါတယ်။ ကျောင်းထဲမှာ ဘယ်သွားသွား သူ့ဘေးမှာ အဖော်တွေနဲ့။ အခုလည်း သူက စာကြိုးစားနေတဲ့ သူငယ်ချင်းတွေကို အတန်းအပြီးမှာ ကန်တင်းကို သွားဖို့ လှုံ့ဆော်လိုက်ပါတယ်။ 
ကန်တင်းရောက်တော့ စားစရာတွေ တစ်ယောက်တစ်ပေါက်နဲ့ မှာကြတယ်။ ဧကရီလေးကလည်း စားစရာမှာဖို့ စဉ်းစားနေတယ်။ အမှန်တော့ သူက စားချင်လို့မဟုတ်ဘူး၊ သူ့သူငယ်ချင်းတွေ နွမ်းနယ်နေလို့ ခေါ်လာခဲ့တာ။ နောက်တော့ သူစဉ်စားတယ် ဒီအချိန်မှာ ပျော်စရာတစ်ခုခု ဖြစ်သွားရင် သိပ်ကောင်းမှာလို့။ ပြီးတော့ စားစရာတစ်ခုမှ မမှာသေးပဲ အကြံထုတ်ရင်း ဟိုကြည့် ဒီကြည့်နဲ့။ နောက်တော့ အကြံတစ်ခုရသွားတယ်၊ ဒါနဲ့ စားပွဲထိုးကောင်လေးကို ရေခဲသုပ်ရတယ်လို့ ရေးထားတယ် ရလားလို့ မေးကြည့်လိုက်တော့၊ ကောင်လေးက ရကြောင်းပြောတယ်။ သူမက ရေခဲသုပ်တစ်ခွက်လို့ မှာပြီး ငြိမ်နေတယ်။ နောက် သူမ သူငယ်ချင်းတွေကို အကဲခတ်လိုက်တယ် သူတို့အားလုံး အာရုံအသီးသီးနဲ့ စကားပြောကြ ညည်းငြူကြနဲ့ အလုပ်ရှုပ်နေကြတာကို သတိထားမိတယ်။ 
ဧကရီလေးက ဘယ်သွားသွား အနားက တစ်ဖဝါးမခွာအမြဲလိုက်ပါလေ့ရှိတဲ့ သူငယ်ချင်း ရှုမဝရဲ့ အနားကို တိုးတိုးလေး ကတ်ပြောလိုက်တယ်။ 
ဧကရီ - ရှုမဝ အသုပ်ထဲကို ငရုတ်သီးမထည့်နဲ့လို့ ပြောပေးဟာ။ 
ဧကရီ ဘာစားစား ငရုတ်သီး ထည့်မစားတတ်တာကို သိထားပြီး ဖြစ်တဲ့ ချစ်သူငယ်ချင်း ရှုမဝက အော် အေး အေး ဟေ့ ကောင်လေး အသုပ်ထဲ
ငရုတ်သီး မထည့်နဲ့နော်။
ခပ်ကျယ်ကျယ်လေး အော်လိုက်တယ်။ 
ဒီအချိန်မှာ ကန်တင်းက လူတွေတော်တော်များများကလည်း ဒီဝိုင်းကို အာရုံစိုက်နေကြတဲ့အချိန်။
စားပွဲထိုး ကောင်လေး - ခင်မျာ ဘယ် အသုပ်လဲ။ 
ရှုမဝ - ဟဲ့ နင်မှာတာ ဘာလဲ။ 
ဧကရီ -ရေခဲသုပ်။
ရှုမဝ - အော် ဟေ့ ကောင်လေး ရေခဲသုပ်တဲ့။ 
စားပွဲထိုး ကောင်လေးက မျက်နှာငယ်လေးနဲ့ ခင်မျာလို့ ထပ်ပြောရှာတယ်။ ဒီတော့ အားလုံးသဘောပေါက်သွားကြပြီး ဧကရီကိုလည်း ရှုမဝက နင်မကောင်းဘူး ဆိုပြီး ငါရှက်တယ် ဆိုပြီး တဖွဖွပြောလို့ပေါ့။ ဒီအခါမှာ ကန်တင်းတစ်ခုလုံးစီမှာ ရယ်သံများနှင့် ဧကရီရဲ့ သူငယ်ချင်းတွေလည်း ရယ်တဲ့သူက ရယ်၊ သီးတဲ့ သူက သီးနဲ့။ အားလုံး တဝါးဝါး တဟားဟားနဲ့ ပူပြင်းခြောက်သွေ့ နွေရာသီမှာ ပျော်ရွှင်သွားကြပါတော့တယ်။ 

အခုလိုနွေရာသီ ပူပြင်းတဲ့အချိန်မှာ ရေးစရာတွေ အများကြီးရှိပေမယ့် ဒီအဖြစ်လေးကိုပဲ ပရိတ်သတ်တွေ ပျော်ရွှင်စေဖို့ မျှဝေလိုက်ပါတယ်ရှင်။

2 comments:

ကိုလူထွေး said...

ငြုပ်သီးမထည့်နဲ့နော်...

း))

mabaydar said...

ဟား.. ဟား.. တော်တော်နောက်တာပဲ.. သူငယ်ချင်းထဲမှာ ခုလိုပျော်တတ်တဲ့သူပါတာ ကောင်းတယ်... မဗေဒါလဲ တက္ကသိုလ်ကျောင်းသူဖြစ်လိုက်တာ ၄လပဲ ဒါပေမဲ့ အမှတ်ရစရာ ပျော်စရာတွေ အများကြီးပဲ... ပြန်သတိရသွားပြီ...ပိုစ့်လေးအတွက် ကျေးဇူးနော်...