သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Saturday, November 6, 2010

(ဆဲဗ်ဗင်း အီလဗ်ဗင်း) 7-Eleven

“7-Eleven ဆိုတာ ဘာကိုဆိုလိုတာလဲဟင်” နိုင်ငံခြားရောက်စက ကျမရဲ့ အမျိုးသားကို မေးဖူးတယ်။ ဝီကီမှာ ရှာတွေ့တာလေး ကူးယူဖေါ်ပြလိုက်ပါတယ်။ ဘာလိုလိုနဲ့ ရောက်မယ့် အမှတ်သညာတစ်ခုအတွက် crystalသည်လည်း နိုင်ငံသားတစ်ယောက်၊ တိုင်းရင်းသားပြည်သူတစ်ယောက် ဖြစ်တာကြောင့် တာဝန်ရှိတယ်မဟုတ်လား ဒီတော့...

7-Eleven is part of an international chain of convenience stores, operating under Seven-Eleven Japan Co. Ltd, which in turn is owned by Seven & I Holdings Co. of Japan.

7-Eleven, primarily operating as a franchise, is the world's largest operator, franchisor and licensor of convenience stores with more than 39,000 outlets, surpassing the previous record-holder McDonald's Corporation in 2007 by approximately 1,000 retail stores. The US subsidiary of the Japanese firm has its headquarters in the One Arts Plaza building in Downtown Dallas, Texas. Its stores are located in eighteen countries, with its largest markets being Japan, the United States, Canada, the Philippines, Hong Kong, Taiwan, Malaysia and Thailand. On a per-capita basis, Norway for example has one 7-11 for every 47,000 Norwegians, versus Canada which has one for every 74,000 Canadians, and North Korea, which has no 7-11s.

History

The company has its origins in 1927 in Dallas, Texas, USA, when an employee of Southland Ice Company, Joe C. Thompson, started selling milk, eggs and bread from an ice dock. The original location was an improvised storefront at Southland Ice Company, an ice-manufacturing plant owned by John Jefferson Green. Although small grocery stores and general merchandisers were present in the immediate area, the manager of the ice plant, Joe C. Thompson, discovered that selling convenience items such as bread and milk was popular due to the ice's ability to preserve the items. This significantly cut back on need to travel long distances to the grocery stores for basic items. Joe C. Thompson eventually bought the Southland Ice Company and turned it into Southland Corporation which oversaw several locations which opened up in the Dallas area. Initially, these stores were open from 7 a.m. to 11 p.m., hours unprecedented in their length, hence the name. The company began to use the 7-Eleven name in 1946. By 1952, 7-Eleven opened its 100th store. It was incorporated as Southland Corporation in 1961.

In 1962, 7-Eleven first experimented with a 24-hour schedule in Austin, Texas. By 1963, 24-hour stores were established in Las Vegas, Fort Worth, and Dallas.

In the 1980s, the company ran into financial difficulties, selling off its ice division, and was rescued from bankruptcy by Ito-Yokado, its largest franchisee. In 1987, John Philp Thompson, the CEO of 7-Eleven, completed a $5.2 billion management buyout of the company his father had founded. The buyout suffered from the 1987 stock market crash and after failing initially to raise high yield debt financing, the company was required to offer a portion of the company's stock as an inducement to invest in the company's bonds.

The Japanese company gained a controlling share of 7-Eleven in 1991, during the Japanese asset bubble of the early 1990s. Ito-Yokado formed Seven & I Holdings Co. and 7-Eleven became its subsidiary in 2005. In 2007, Seven & I Holdings announced they would be expanding their American operations, with an additional 1,000 7-Eleven stores in the U.S.


ကရုပ်လေးရဲ့ အဘွားမှာ သားလို ချစ်တဲ့ တူနှစ်ယောက်နဲ့ သားအရင်းတစ်ယောက်ရှိပါတယ်။ သားအရင်းကတော့ စက်မှုထုတ်ကုန်က ညွှန်ကြားရေးမှုးကြီးပေါ့၊ ဟိုခေတ်တုန်းကတော့ တကယ်အရည်အချင်းရှိတဲ့ ပြည်သူတွေထဲက ပညာရှင်တွေက ညွှန်ကြားရေးမှုးကြီးတွေပေါ့။ အဲ အဘွားရဲ့ တူသားနှစ်ယောက်မှာ တစ်ယောက်က လယ်ဧကများစွာကို ပိုင်ဆိုင်သော တောင်သူဦးကြီးတစ်ယောက်ဖြစ်ပြီး၊ နောက်တူတစ်ယောက်ကတော့ ယူနီဖောင်းအပြည့်အစုံ၊ ညိုမောင်းသော အသားအရည်၊ အရပ်မြင့်မြင့်မားမားကို ပိုင်ဆိုင်ထားတဲ့ ပြည်သူရဲ့ ရန်ကို ရွပ်ရွပ်ချွံချွံကာကွယ်ပေးတဲ့ စစ်တပ်မှ အရာရှိကြီးတစ်ယောက်ဖြစ်ပါတယ်။
ကရုပ်လေးတို့ ဆွေမျိုးတွေထဲမှာ ဓလေ့လေးတစ်ခုရှိတယ်။ အမျိုးထဲက လူကြီးသူမအိမ်ကို သွားတဲ့အခါ ရောက်ရောက်ချင်း ဦးထုပ်၊ ထီးတွေကို ဘေးချလို့ လက်အုပ်ချီမိုး ရှိခိုးပြီးမှ စကားပြောကြပါတယ်။ ပြန်တဲ့အခါလည်း ဒီလိုပါပဲ အမေ ပြန်လိုက်ပါအုံးမယ်၊ အဘွားပြန်လိုက်ပါအုံးမယ်ဆိုပြီး ထိုင်ရှိခိုးပြီးမှ ပြန်ကြတဲ့ ချစ်စရာ ကြည်နူးစရာဓလေ့ပဲဖြစ်ပါတယ်။
အဒေါ်ကို အမေလို့ပဲ ခေါ်တဲ့ တူးသားအရာရှိကြီးက စစ်ထွက်မသွားခင် အမြဲအိမ်ကို လာကန်တော့တတ်တယ်။ အဘွား ပန်းခြံထဲ ပန်းတွေ ဆင်းပြီး ရေလောင်းနေလဲ မြေပေါ်မှာ ဦးချလို့ ကန်တော့တယ်။ ပြန်လာတိုင်းလည်း အမေ ကျွန်တော်ရောက်ပြီနော်၊ တိုက်ပွဲအကြောင်း သူနေကောင်းတယ်ဆိုတဲ့အကြောင်း အမြဲဝင်ပြော ဦးတိုက်ပြီးမှ သူ့အိမ်ကို ပြန်လေ့ရှိပါတယ်။
နိုင်ငံခြားတိုင်းပြည်များက ပညာသင်ကြားလာပြီး မြန်မာနိုင်ငံက စက်ရုံတွေလည်ပတ်နိုင်ရေး၊ ကုန်ထုတ်လုပ်မှုတွေကို အမြဲစစ်ဆေးပေး၊ သုတေသနလုပ်ပေးနေရတဲ့ သားအရင်းဖြစ်တဲ့ ညွှန်ကြားရေးမှုးသည်လည်း ထိုနည်းလည်းကောင်းပင် အမေကို လာရောက်ကန်တော့လေ့ရှိပါတယ်။
လယ်ဧကများစွာပိုင်ဆိုင်ထားတဲ့ တူသားသည်လည်း ဝါဝင် ဝါထွက် လယ်ယာထွက်ကုန်မှန်သမျှ အဘွားအိမ်ကို မရောက်တာမရှိအောင်ပင် ပေးပို့ကန်တော့ကြလေသည်။
ဒီလိုတွေ လာရောက်ကန်တော့တိုင်း အဘွားဆုပေးတာက မတူပေ။ စစ်သားကြီး ဘဘနဲ့ ညွှန်ကြားရေးမှုးကြီး ဘဘတို့ကို ကျန်းမာ ချမ်းသာပြီး ဘုန်းကြီးလို့ အသက်ရှည်ပါစေ၊ ပြီးတော့ မင်းခစား ကမ်းနားသစ်ပင်တဲ့ဟဲ့ သတိ ဝီရိယနဲ့နေကြတဲ့။ တောင်သူလယ်သမားကြီး ဘဘ ကိုတော့ ကျန်းမာ ချမ်းသာပြီး ဘုန်းကြီးလို့ အသက်ရှည်ပါစေ၊ ပြီးတော့ ညောင်သီးလည်း စား၊ လေးသံလည်း နားထောင်တဲ့။ အဘွား ဘာကိုဆိုလိုသလဲ ကရုပ်လေး မသိခဲ့ပါ။
အချိန်ကာလတွေ ကုန်လွန်သွားကာ ခေတ်တွေပြောင်း စနစ်တွေပြောင်းလာတော့ ပြည်သူချစ်သော၊ ကရုပ်လေး အလွန်ပင် လေးစားအားကျခဲ့ဖူးသော ဘဘစစ်သားကြီးသည်လည်း ပင်စင်ယူလေပြီ။ (၁၉၈၈)ခုနှစ် အဘွား ရန်ကုန်မှာ ကရုပ်လေးတို့နဲ့ လာနေတော့ တိုင်းပြည်အပြောင်းအလဲတွေဖြစ်။ ဒီအချိန်မှာ ဘဘစစ်သားကြီးက ရန်ကုန်ကို အပြေးအလွှားလာပြီး အဘွားကို လာကြည့်ပါတယ်။ စိတ်ပူတာကိုး။ အဲ သူမြင်သွား တွေ့သွားတာတွေ နောက်ပိုင်းမှာတော့။ သူအိမ်ပြန်ရောက် ယူနီဖောင်းနဲ့ ရိုက်ထားတဲ့ ပုံတွေကို ဖြုတ်လို့ ရှက်တယ်လို့ ဆိုရှာတယ်။ ငါကိုယ်တိုင် မြင်ခဲ့တာ ယုံကို မယုံချင်ပါဘူးလို့ သူ့အမျိုးသမီးကို ပြောခဲ့သတဲ့။ နောက်လာနောက်သားတွေ ထမင်းငတ်ရင်ငတ်သွားပါစေ၊ ဒီလိုစနစ်မျိုးနဲ့ ငါတို့တစ်မျိုးလုံး စစ်ထဲမဝင်ရ။ ကဲ အခုတော့ ဘဘလည်း ဆုံးရှာပါပြီ။ သေတာတောင် နာမည်ရှေ့မှာ ဂုဏ်ပုဒ်တွေမတပ်ရလို့ ပြောသွားသေးတယ်။
ဟော ပညာရှင် ဘဘညွှန်ကြားရေးမှုးကြီးကတော့ ခေတ်တွေ စနစ်တွေ ပြောင်းသွားတော့ ကျွမ်းကျင်ပညာရှင်ကို သာမန် စက်ရုံမှုးဘဝနဲ့ နေရာရွေ့၊ စိတ်ပျက် အလုပ်ထွက်အောင် ကံကြမ္မာဖန်လာပြန်တယ်။ ကိုင်း ဒီတော့ နားအေးချင်တော့ ကျောပူပဲ ခံတော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ လက်ရှိအခြေအနေတွေကို အားလုံးရုပ်သိမ်းလိုက်လေတော့ နေစရာတောင် ဒဂုံမြောက်မှာ အိမ်လေးတစ်လုံးရထားလို့ ဒါလေးပဲ ကျန်ခဲ့တယ်။
လယ်သမားကြီးတစ်ယောက်ပဲ အေးအေးနေရမလားမှတ်တယ် ပိုက်လိုင်းလုပ်ဖို့ မြောင်းဖောက်ရာမှာ လယ်တွေ မလွတ်လို့ ဧကသုံးဆယ်ဆုံးရှုံးသွားပါတယ်။ အော် အဘွားပေးတဲ့ ဆုတောင်းကို သတိရနေမိတယ်။ ကရုပ်လေး ကြီးလာတော့မှ အဘွားရဲ့ စကားကို သဘောပေါက်မိတယ်။ ရှေးလူကြီးစကားများ တယ်မှန်သကိုး။


ကဲဒီတော့ ရှေ့လာမယ့် အနာဂတ်တွေမှာ 7-Eleven လိုပဲ ပြည်သူတွေအတွက် ဆိုင်တိုင်းမှာ ပစ္စည်းမှန် ဈေးမှန်နဲ့ ဝယ်သူတွေအတွက် လက်တကမ်းတိုင်းမှာ အဆင်ပြေစွာ လွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်အောင် ဝန်ဆောင်မှုတွေ ဆောင်ရွက်ထားသလိုပဲ 7-11 နေ့သည်လည်း နောင်လာမယ့် နေ့ရက်တွေမှာ မြန်မာနိုင်ငံက ပြည်သူတွေ ဘေးရန်ကင်းကြပါစေ၊ နုလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ၊ ကောင်းသော အပြောင်းအလဲတိုးတက်မှုတွေဖြစ်လာစေမယ့် သမိုင်းတွင်မယ့်နေ့ရက် တစ်ခုဖြစ်ပါစေသောဝ်။

လေးစားစွာဖြင့်
crystal

5 comments:

ကိုချစ်ဖေ said...

ထိုင်းနယ်စပ်ရောက်ရောက်ခြင်း ချိန်းတဲ့သူက ဆဲဗင်းအလဲဗင်းဆိုင်ရှေ့ကိုလာခဲ့ပါ ဆိုတော့ သွားခဲ့ပါတယ် ဆိုင်ရှာမတွေ့တော့ ဆဲဗင်းအလဲဗင်းကို နိုင်ငံခြားရောက်နေသူတွေက အင်္ဂလိပ်လိုခေါ်တာဖြစ်မယ် မြန်မာလိုမေးကြည့်ဦးမှဆိုပြီး အနားက မြန်မာလို့ ယူဆရတဲ့ စန်မလော့ သမားတွေကို ခုနှစ် ဆယ့်တစ်ဆိုင် ဘယ်နားမှာများရှိသလဲဗျာဆိုတော့ "ဗျာ.ဆိုပြီး စဉ်းစားနေလိုက်တာ နောက်တော့ သဘောပေါက်သွားတော့ ရယ်လိုက်ကြတာ ဆဲဗင်းအလဲဗင်း လုပ်ပါ ကိုယ့်လူ့ရယ် ဆိုပြီးညွှန်ပြတော့မှ ဒီလိုကိုးလို့ သဘောပေါက်သွားတော့တယ်...အဲ့ဒါ ဆဲဗင်းအလဲဗင်း ဆိုင်လေးတွေ တွေ့တိုင်း ကိုယ့်ရဲ့ ဗဟုသုတ ကြွယ်ဝမှု့ကို ရယ်ရတုန်း..

...အလင်းစက်များ said...

ဟုတ်တယ်အမရေ....... 7/11 လေးရှိတော့ ကျနော့လို ငပျင်းတွေ အတွက် အဆင်ပြေတာပေါ့.......... :D

ဘာပဲ ပြောပြော အမ ရေးသလိုပဲ ပြည်တွင်းက လူတွေ အတွက် အပြောင်းအလဲ (ကောင်းသော) ကာလလေး ဖြစ်ပါစေလို့ တော့ ဆုတောင်းနေဆဲပါပဲလေ

Anonymous said...

7-Eleven ကို ဝီကီမှာ ရှာပေးတာ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မြန်မာ စာဖတ် ပရိသတ်အတွက်ဆိုရင် ဘာသာကော ပြန်မပေးသင့်ဘူးလား။

Crystal said...

Anonymous ရေ ကျမဆိုဒ်မှာ အခမဲ့ ဘာသာပြန်ပေးလိုတယ်ဆိုရင် ဝမ်းမြောက်စွာဖြင့် ကမ်းလှမ်းပါရစေရှင်။ ကျမရဲ့ စာဖတ်ပရိသတ်ကြီးကို ဒီအင်္ဂလိပ်စာလေးလောက်တော့ ဖတ်တတ်မှာဖြစ်တယ်လို့ အပြည့်အဝ ယုံကြည်ထားလို့ ဘာသာပြန် မပေးထားခြင်းဖြစ်ပါတယ်ရှင်။
လေးစားစွာဖြင့်
crystal

မြတ်မွန် said...

အင်း လပ်ကီး 7အကြောင်းလေး သိချင်နေတာ..
ကျေးဇူးတင်ပါတယ်ရှင်။