သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Saturday, November 20, 2010

“ဆောင်း ချမ်း မိုး ချမ်း မင်္ဂလာညချမ်း”

ဆောင်းရာသီ (20-နိုဝင်ဘာ-2010)နေ့ရဲ့ မင်္ဂလာညနေခင်းလေးတစ်ခုဝယ် လက်ထပ်ပွဲကျင်းပချိန် ခန်းမအပြင်ဘက်၌ မင်္ဂလာမိုးတွေ ရွာသွန်းဖြိုးလို့။ မင်္ဂလာနေ့ရက်မှာ အေးချမ်းတာ ကောင်းလေစွ။
crystal ထိုင်းနိုင်ငံကို ဒုတိယအကြိမ် ရောက်စဉ်မှ အစပြုလို့ ယခုချိန်အထိ ကျမတို့ ဇနီးမောင်နှံရဲ့ အလုပ်ကိစ္စများကို ကူညီဆောင်ရွက်ပေးနေသော မင်္ဂလာသတို့သားနှင့် ခင်မင်ရပါသော မင်္ဂလာသတို့သမီးတို့ သက်ဆုံးတိုင် မေတ္တာခိုင်မြဲစွာဖြင့် အိမ်ထောင်သည်ဘဝလေးကို တည်ဆောက်နိုင်ပါစေလို့ ဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်ရှင်။

မင်္ဂလာလက်ဆောင်များ လက်ခံရာနေရာမှ ပန်းများ

ညစာတည်ခင်း ဧည့်ခံရန်

“မင်္ဂလာလက်ဖွဲ့ကြီးက တပွေ့တပိုက်”


ခန်းမ အဝင်နေရာ

“ဘုရားရှိခိုးကျောင်းထဲက အပြင်အဆင်များ”


“လက်ထပ်ပွဲ အသိသက်သေများ လက်မှတ်ထိုးရန်”

“ဆီမီးထွန်းငြိ”

“မင်္ဂလာဦးဇနီးမောင်နှံအတွက် ဆုံးမစကား မှတ်သားကြစဉ်”

“ချစ်ခြင်းမေတ္တာတွေနဲ့ ဘဝကို အတူလက်တွဲ ရင်ဆိုင်ကျော်ဖြတ်ကြမယ်”

“ကြည်နူးပြုံးပျော် တူစုံပျော်”

“မြန်မာသတို့သမီးလေးရဲ့မိဘများ”

သူလေး (ထိုင်းမလေး)



“မိန်းကလေး တစ်ဦး၏ နုပျိုတဲ့ အရွယ်၊ အေးချမ်းတဲ့ မျက်နှာ၊ ရွှင်ကြည်တဲ့ အပြုံး၊ အကြင်နာ မျက်ဝန်း”

မင်္ဂလာဆောင် တစ်ခုလုံးမှာ သူမလေးရဲ့ အပြစ်ကင်းတဲ့ အပြုံးလေးကို အမှတ်တရ ရိုက်ခဲ့ပါတယ်။ ပထမတော့ သူမက မသိပါ၊ နောက်တော့ သိသွားပြီး ပိုစ့်ပေးလိုက်သေး အဟိ၊ ချစ်ဖို့ကောင်းလိုက်တဲ့ ကောင်မလေးပါ။ အတိတ်ကုသိုလ်ကံ ဖြူစင်ခဲ့လေသလားကွယ်....။

လေးစားစွာဖြင့်
crystal

p.s - crystal ဓာတ်ပုံကတော့ မမြင်ရလေ ပိုကောင်းလေမို့ မတင်တော့ဘူး :P

2 comments:

...အလင်းစက်များ said...

ဝါးတီးပွဲ ဖိတ်တောင် မဖိတ်.... စိတ်ဆိုးတယ်..... :(

လက်ဖွဲ့  လက်ခံနေတာ အစ်မ များလား... ငါ့အစ်မ က အချော အခန့်  ကြီးပဲဗျ.... :P

သူလေး ဆိုတာနဲ့  မိတ်ဆက်ပေးလေ အစ်မ... အဟီး... တော်တော် လှတာတော့ ၀န်ခံတယ်...... :P :P :P

လသာည said...

သူလေးလည်းလှတယ်၊ သတိုးသား သတိုးသမီးလေးလည်း လိုက်ဖက်ညီတဲ့အတွဲလေးနော်။ ခရစ္စတယ် ဘယ်ရောက်နေလဲကွာ ;)