သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Monday, March 22, 2010

တကယ် ချစ်စရာကောင်းတဲ့ကလေး။


တခစ်ခစ်နဲ့ ရယ်တတ်စအရွယ်
ငိုလည်း ချစ်တယ်၊ ရယ်လည်း ချစ်မယ်၊
အပြောကျယ်တဲ့ လောကအလယ်
ခြေ လှမ်းတတ်အောင် သင်ပေးမယ်။

မီးမီး သိပ်လှနေလားဟင်...။

ကလေး လေးတွေရဲ့ ရယ်သံ ငိုသံ ဂျီကျသံတွေနဲ့ အမြဲလိုလို ကြားနေရတဲ့ ဘဝမှာ စိတ်ကြည်နူးစရာ တကယ်ကောင်းပါရဲ့။ တခါတလေလည်း နားတွေ ပူလွန်းလို့။ ဘယ်လိုပဲဖြစ်ဖြစ် ကျမရော ငယ်စဉ်က အမေ့ကို အဖေ့ကို ဘယ်လို ဘယ်ပုံ ဂျီကျခဲ့သလဲ၊ ဘယ်လိုများ စိတ်ချမ်းသာစေမလဲ စသည်ဖြင့် အဖေ အမေတို့ ရင်ဆိုင်ခဲ့ရတာ ဘယ်လိုများနေမလဲလို့ ခဏခဏ ပြန်တွေးမိပါတယ်။ ငယ်စဉ်တုန်းက ကလေးဘဝကို ပြန်တွေး အောက်မေ့နေမိသော ရက်များပင် ဖြစ်ပါတော့တယ်။

4 comments:

Unknown said...

ရောက်လာပါတယ် မ Crystal
ကောင်းသောနေ့ပါ :)
တိုက်ဆိုင်မှု့တစ်ခုပါပဲ :)

Anonymous said...

ဆွဲလည်သံအလား တေးသံအလား။

An Asian Tour Operator said...

အပြင်ကနေ ဘယ်လိုပဲဖြစ်ဖြစ်ပင်ပန်းပြီးပြန်ရောက် လာတဲ့အချိန်မျိုးမှာ..
သမီးလေးရဲ့ အပြုံး နဲ့တီတီတာတာ စကားသံလေး ကြားရတာနဲ့ အမောပြေလန်းဆန်း သွားရတာ နေ့စဉ်ပါပဲလေ..။

Anonymous said...

ဘူလေးလဲ...
အဲတာ ဘူလေးလဲ...

းဝ)