တစ်ခါတုန်းက နံနက်ခင်းမှာ ဖခင်လုပ်တဲ့သူက သမီးငယ်ကို စာပြပေးနေပြီး၊ မိခင်ကတော့ ခပ်လှမ်းလှမ်းမှ သားအဖနှစ်ယောက် စာသင်နေကြပုံကို နားထောင်လို့ နံနက်စာ ပြင်ဆင်နေ၏။
ဖေကြီး။ ။ မီးငယ် စာကို ကြိုးစားဖတ်မှပေါ့၊ အိပ်ချင်မနေနဲ့တော့လေ တော်တော်ကြာ ဟော နားထောင်ကြည့်စမ်း.............
ဒီပိုင်းက ပဲပြုတ်၊ ပဲပြုတ် ယူကြအုံးမလား အစ်မတို့ရေ...................
ကြားလား မီးငယ်မ၊ တော်ကြာ ပညာတတ်ကြီးမဖြစ်ရင် ပဲပြုတ်လိုက် ရောင်းနေရလိမ့်မယ်။
သမီး။ ။ ဖေကြီး မီးငယ် ပဲပြုတ်သည် လုပ်မယ်လေ။
ဖေကြီး။ ။ဟေ ဘာဖြစ်လို့တုန်း...။
သမီး။ ။ ဟီး ဟီး သမီး ပဲပြုတ်ကြိုက်တယ် ဖေဖေရဲ့။
ဖေကြီး။ ။ကောင်းရောဟေ...။
မေကြီး။ ။ဘယ်နဲ့ ရှိစ အဖေကြီး (ပြုံးစစနှင့် မျက်စပစ်ကာ)။
ဖခင်လုပ်သူက မူလတန်းအရွယ် သမီးငယ်ရဲ့ နဖူးလေးကို ဖွဖွမွှေးကြူရင်း ငါ့သမီးကတော့လေဟုသာ....။
ဒီလိုနှင့် နံနက်ခင်း စာသင်ကြားခြင်းသည် မိသားစုရယ်မောခြင်းများနှင့် နံနက်စာ စားသောက်ကာ အဆုံးသတ်လိုက်ပါတော့တယ်။
တခါတုန်းက မိသားစု အမှတ်တယများ (ခရစ္စတလ်)
5 comments:
ပဲပြုတ်....။
ငယ်ငယ်က အမေ့ရဲ့ ထမင်းကြော်နဲ့ ပဲပြုတ်ဆီဆမ်းမနက်ခင်းတွေကို လွမ်းသွားတယ်။
ခုလည်း ရွာပြန်ရင် အမေ့ကို ပူဆာမိတုန်း
အဲဒီ သမီးကြီးလာရင်ပြောအုံး
လိုအင်ဆန္ဒတွေများတဲ့ လောကအလယ်မှာ ကိုယ်လုပ် သင့်တာလေးတွေ လုပ်ရင်း ပစ္စုပ္ပန်မှာတော့ “ဘဝ”ဘလော့ ဆိုဒ်လေးထဲမယ် ဘဝအကြောင်းလေးတွေကို ရိုးရိုးလေး သီကုံးနေမိပါတယ်။ ဒီထက် အသက်ကြီးလာရင်တော့ တစ်မျိုးပြောင်းဖြစ်ပါလိမ့်အုံးမယ်။ ဘာကိုပြောင်းဖြစ်မလဲတော့ မသိဘူး။
ပဲပြုတ် ၁၅ ကျပ်သား ပေးပါ... အလေးပြည့်ပါစေနော်..းD
...
ကောင်းတယ်။ မဂ္ဂဇင်းထဲက တမျက်နှာ ဝတ္ထုလိုပဲ...
းဝ)
Post a Comment