တစ်ခါက ရပ်ကွက်လေးတစ်ခုတွင် ဦးလူလှသည် ဦးရှင်ကြီးဆွမ်းတင်ပေးသော အလုပ်လေးဖြင့် အသက်မွေးဝမ်းကြောင်းလေ၏။ ဝါဝင် ဝါထွက်ဆိုလျှင် ရိုးရာအရ ဆွမ်းတင်ကြသောကြောင့် အလွန် အလုပ်များကာ နေ့ရက်နှင့် အိမ်များကိုပင် အတော်လေးသေချာစွာ မှတ်ရလေ၏။ တစ်ခါတရံ ရက်များပင် ပြည့်နေသောကြောင့် စောင့်ဆိုင်းကြပါရန် တောင်းပန်ရသေး၏။
ထိုရပ်ကွက်ရှိ ဒေါ်လှသည် ယနေ့တွင် လွန်စွာအလုပ်ရှုပ်နေ၏။ ဦးရှင်ကြီးဆွမ်းတင်ရန် ပြင်ဆင်ခြင်းနှင့် ဈေးဝယ်ချက်ပြုတ်နှင့် အိမ်နောက်ဖေးမှ မထွက်နိုင်။ မိမိအိမ်တွင်လည်း ယောက်ျားသားက မရှိသောကြောင့် ဦးရှင်ကြီး ဆွမ်းတင်ရန် အလို့ငှာ ဆွမ်းတင်ပေးသော ပုဂ္ဂိုလ်အား ခေါ်ရန်အတွက် အလွန်အားကိုးရသော (၁၄)နှစ်အရွယ် သမီး အလိမ္မာလေးအား မိမိတို့ အိမ်၏ မျက်စောင်းထိုးတွင် ဦးရှင်ကြီးဆွမ်းတင် ပေးနေသော ဦးလေးကြီးကို သူတို့အိမ်ပြီးလျှင် လှမ်းခေါ်ဖို့ စောင့်ကြည့်ခိုင်းထား၏။ ဦးလူလှ သည်လည်း ဟိုအိမ်က ဆွမ်းတင်ခြင်းအလုပ်ပြီးသော ဆွမ်းတင်သော ခုံနတ်စဉ်လေးကို ထမ်း၍ ထွက်လာခဲ့လေ၏။
ထိုအခါ သမီးငယ်က အိမ်နောက်ဖေးမှ ချက်ပြုတ်နေသော သူ့အမေအား“မေမေ ဟိုလူကြီးထွက်လာပြီ၊ သမီး ဘယ်လိုခေါ်ရမလဲ”
“အော် သမီးကလည်း ဦးလေးကြီးလို့ ခေါ်ပေါ့”
“ဦးလေးကြီးလို့ ခေါ်ရင် တခြားဦးလေးကြီးတွေ လှည့်ကြည့်နေအုံးမယ်”
“အမယ်လေး ခေါ်ပါ မြန်မြန်၊ တော်ကြာ ထွက်သွားအုံးမယ်”
“အင်း အင်း၊ သမီး မြန်မြန်ခေါ်လိုက်အုံးမယ်၊ ဦးလေးကြီး၊ မေမေ မကြားဘူးတော့ သူ”
“ကြားအောင်ခေါ်လေ”
“ဦးလေးကြီးရေ....လှည့်မကြည့်ဘူး၊ ဟွန်း....ဦးရှင်ကြီးတင်တဲ့ ဦးလေးကြီး၊ ဟာ.....မကြားပြန်ဘူး”
“ဦးရှင်ကြီးသည်.........လာပါအုံး” ဟု ဤသို့လျှင် အသံကုန်ဟစ်အော်ခေါ်မှုကြောင့် ဦးရှင်ကြီးဆွမ်းတင်သော ဦးလူလှသည် “ဟဲ့ ဘယ်လိုဖြစ်သတုန်း” လှည့်ကြည့်သောအခါ
“ဦးရှင်ကြီးသည် သမီးတို့အိမ်လည်း ဆွမ်းတင်မလို့”၊
အော် မလှရဲ့ သမီးကိုး ဒီတော့မှ မိမိ၏ ဖြစ်အင်ကို ရယ်မောမိလေတော့သည်။ ပတ်ဝန်း ကျင်အိမ်တွေမှလည်း တခိခိနဲ့ ရယ်မောသံများကို၎င်း၊ ဒေါ်လှသည်လည်း သမီးတော်၏ ခေါ်ဆိုမှုကို၎င်း မကြာခဏ ပြောပြမိကြကာ ရယ်မောဖြစ်လေတော့သည်။
ဦးရှင်ကြီး (အွန်လိုင်းမှာ ကြည့်ချင်တယ်ဆိုရင်)
2 comments:
စုံစုံလင်လင် ဘလော့ဂ်လေးကို လာရောက်အားပေးသွားတယ်နော်
ကြည့်ဖူးတယ်...
းဝ)
Post a Comment