သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Sunday, March 14, 2010

သူမဆိုသည်က ပျားဘုရင်မတဲ့။

ဘဝဇာတ်ခုံ ဆောင်းပါးရှည်တွင် အဓိက အခန်းတစ်ခုဖြစ်တဲ့ ပျားဘုရင်မနှင့် တွေ့ဆုံခြင်းပိုစ့်ကို ရေးရန် သီချင်းရှာ၊ ပုံရှာရင်း ယူကျု့တွင်ရှာဖွေတွေ့ရှိခဲ့သော ဒေါင်းအကနဲ့ လှပျိုဖြူ၊ တရုတ်နိုင်ငံရဲ့ ကျော်ကြားလှတဲ့ အကပဒေသာကို မျှဝေလိုက်ပါတယ်။ ဖျော်ဖြေခြင်းဆိုတဲ့ ဝေါဟာရ တစ်ခုကို ကျမစဉ်းစားရင်း ပိုစ့်လေးကို အင်တာနက် စာမျက်နှာရေးသားနေမိချိန်မှာ သူမကို သတိရနေခဲ့ပါတယ်။ 
သူမဆိုသည်က ပျားဘုရင်မတဲ့။
ပျားဘုရင်မ-သူမကို မြို့တစ်ခုမှာ ခက်ခဲစွာဖြင့် တွေ့ဆုံခွင့်ရခဲ့တာဖြစ်ပါတယ်။ နာမည်ကျော်ကြား ထင်ရှားပုံက ဆန်းကြယ်လှတယ်။ ကျမကလည်း ဒီလို ထူးဆန်းတာမှ စိတ်ဝင်စားတာ။ ကဲ ပျားဘုရင်မက ရှင်းပြသော ဖျော်ဖြေခြင်း၊ အသက်မွေးဝမ်းကြောင်း၊ ပညာရှင်အဖြစ်၊ အောင်မြင်ခဲ့သော သူမဘဝ၊ ကျန်းမာရေးနှင့် ကုသိုလ်ရေးများ အကြောင်းကို လေ့လာ မှတ်သား စဉ်းစားကြည့်ကြရအောင်နော်။ ကျမကတော့ ဘဝမှာ တွေ့ဆုံခဲ့သော လူသားတွေထဲမှာ သူ့ကို မေ့မရနိုင်တော့သလို ကြားဆရာ တစ်ယောက်အနေဖြင့်ပင် သတ်မှတ်ခဲ့ပါတော့တယ်။ 



ဒေါင်းမလေးများ၏ အကပဒေသာ။


2 comments:

chocothazin said...

ခြေရာကောက်ပြီး လိုက်လာခဲ့ပါတယ်။
နောက်လာလို့ ရအောင် လင့်ချိတ်သွားပါတယ်။
ကျေးဇူးတင်ပါတယ်နော်။

ဇွန်မ said...

ခက်ခက်ခဲခဲ ကွန်နက်ရှင်နဲ့ပဲ ရအောင် ကြည့်သွားတယ် မျှဝေပေးတာ ကျေးဇူးပါ။