သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Thursday, February 18, 2010

အချစ်စစ်ဆိုတာ...။

လိုချင်တာများရှိရင်လည်း ပြောပါလေ
အချစ်အတွက်အသက်ကိုပင်စွန့်ရဲတယ်
ကြည်ဖြူမယ်ဆိုရင် ဆယ်ခါပြန်မကတိုင်
အသက်ဆက်ရှင်သန်နေဦးမယ်
တိုင်တည်ကာ သစ္စာစကားပေးပါတယ်
အသည်းအက္ခရာတင်ထားမယ်
ဘယ်လိုသာဘယ်ပုံအချိန်တွေ ကုန်ဆုံးစေ
အချစ်သက်က ပျိုရွယ်နေဆဲကွယ်
အပြုံးပန်းအလှများ အစဉ်သာပွင့်ဝေစေချင်
အလွမ်းတေးများ နှုတ်ပိတ်နေစေချင်
နင်းသွားမယ့်လမ်းထဲ ဆူးခလုပ်တွေ
နှလုံးသွေးနဲ့ သန့်စင်ဖယ်ရှားမယ်
မပြေလည်ရင်လည်း ပြဿနာကင်းအောင်ကွယ်
အတွက်ခက်တဲ့ ပုစ္ဆာကူရှင်းမယ်
ဘယ်သူတွေ ဘယ်လိုကြံစည်ကာ ဖျက်နေနေ
အချစ်စစ်က ဘယ်ခါမပျက်ဘူးကွယ်
အချစ်စစ်က ဘယ်ခါမပျက်ဘူးကွယ်
အချစ်စစ်က ဘယ်ခါမပျက်ဘူးကွယ်


တေးရေး-ကိုရဲလွင်၊ တေးဆို-ခင်မောင်တိုး
ကျမရဲ့ လက်တွဲဖေါ် ရဲဖော်ရဲဖက်လေး ခင်ပွန်းသည် လင်ယောက်ျားက ကျမကို နားသောတဆင်စေလိုသောကြောင့် ဒီနေ့မနက် (18-FEB-2010) မှာ မေးပို့ထားတာတွေ့လို့ သီချင်းလေးကို နားဆင် ခံစားကြည့်လိုက်တော့ နေမကောင်း ဖြစ်နေတာလေးတောင် ပျောက်သလိုလို ဖြစ်သွားရပါတယ်ရှင်။ ကဲ အားဆေးလေးက မကောင်းလားနော်။

3 comments:

ညလင်းအိမ် said...

သီချင်းလေး မိုက်တယ်ဗျ..
ငယ်ငယ်က အရမ်းကြိုက်ခဲ့တာ ခုလည်း ကြိုက်ပါတယ်..

အစ်မရေးခဲ့တဲ့ ပျော်ရွှင်သောဘ၀ ပို့စ်က ကွန်မန့်ကို ခုမှတွေ့တယ်...
ရပါတယ် အစ်မ ကူးယူဝေမျှနိုင်ပါတယ်..

Anonymous said...

တကယ်စစ်တဲ့မေတ္တာတွေနဲ့ တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးပဲကွယ်။ ကောင်းလိုက်ပါဘိ။ သီချင်းတွေလည်း နားဆင်သွားတယ်။ ခံစားချက်တွေလည်း ပါဝင်ကြည်နူးသွားတယ်နော်။

လိုင် said...

နားထောင်တယ်
ဖတ်တယ်
ကောင်းတယ်