သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Friday, January 1, 2010

ခုနှစ်တစ်ခု၏ နောက်ဆုံးနေ့...။

2009ခုနှစ်-နောက်ဆုံးနေ့ည..........................................................။

ကောင်းကင်ကြီးကို မော့လို့ကြည့်ရင်း၊


ကောင်းကင်ကြီးကလည်း နှစ်တစ်နှစ်၏ နောက်ဆုံးနေ့ကို နှုတ်ဆက်နေသည့်အလား နေဝင်သွားတာတောင် တိမ်တွေကြားက အလင်းရောင်တွေက မပျောက်တပျောက်။



ထိုင်းနိုင်ငံရဲ့ ပြာသိုလပြည့်နေ့ ဖြစ်တာကြောင့် ကောင်းကင်မှာ လမင်းက ထိန်ထိန်သာလို့။


မနှစ်က ဒီလိုညမျိုးမှာ ကောင်းကင်ကြီးကို ဓာတ်ပုံရိုက်ခဲ့မိတယ်။

ဒီနှစ် ကောင်းကင်ကြီးကိုလည်း အမျိုးသားချန်ခဲ့ပေးတဲ့ ဖုံးလေးနဲ့ ဓာတ်ပုံမှတ်တမ်းတင်ရင်း သက်ပြင်းကို ဖြည်းညင်းစွာ ချလိုက်မိပါတယ်။

ဒီနေ့မှာ ဖြူစင်စွာ အေးငြိမ်းစွာ ပြုသော ကောင်းမှုကုသိုလ်များကို ပီတိဖြစ်ရင်း။

လွန်ခဲ့သော အနှစ် နှစ်ဆယ်ကိုလည်း ပြန်လည် သုံးသပ်မိရင်း။

နောင်အနာဂတ်တွင် ဖြတ်သန်းရမည့် နေ့ရက်များအတွက် အားတင်းရင်း။

ရှေ့ဆက်ရမည့် ရည်ရွယ်ချက်များ၊ ဆုံးဖြတ်ချက်များစွာ၊ များစွာသော မျှော်လင့်ချက်တွေနဲ့။

နေ့လည်က တရားနာအပြီး ဘုန်းဘုန်းများနဲ့ ပြောဖြစ်ခဲ့သော တရားများအကြောင်းတွေးရင်းနဲ့။

Butterfly Effect အကြောင်းလေးလည်း တွေးမိရင်း (ပြုံးမိလေသလားတောင်မသိ)။

2009-ခုနှစ်ကို ကြေကွဲခြင်းများစွာနဲ့ နှုတ်ဆက်ရင်း၊

ချိနဲ့နေသော မိမိကိုယ်ကို မိမိအားပေးလို့ စိတ်တင်းကာ 2010-ခုနှစ်ကို ရှေးရူ့လို့

စိတ်ခွန်အားများကို မွေးမြူရင်း ခြေစလှမ်းဖြစ်ခဲ့ပါတယ်။

No comments: