မင်းတို့ ငါတို့အားလုံးရဲ့ အားထားကိုးကွယ်ရာဖြစ်တဲ့ မြတ်စွာဘုရားရှင်ဟာ ဘုရာဖြစ်ထိုက်တဲ့ အရည်အချင်း တွေ ပြည့်စုံအောင် လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီတွေ ဖြည့်ကျင့်အားထုတ်ခဲ့ရတယ်။ အရပ်ထဲမှာ နှုတ်ကျိုးနေ သလို လေးသင်္ချေ မဟုတ်ဘူးနော် လေး အသင်္ချေ သင်္ချေရှေ့မှ အ လေးပါတယ်။ သင်္ချေ = ရေတွက်လို့ရတာ ၊ အဲဒီရှေ့မှာ အ လေး ထည့်လိုက်တော့ အသင်္ချေဖြစ်သွားရင် မရေတွက်နိုင်တော့တာလို့ အဓိပ္ပါယ်ရတယ်။ ကမ္ဘာကြီးဟာ သတ္တ၀ါတို့ရဲ့ သက်တမ်းတွေ သူတို့ပြုတဲ့ ကုသိုလ်ကံ အကုသိုလ်ကံ အတိုင်း အတိုးအဆုတ် အကြိမ်ရေဖြစ်ပြီး သတ္တ၀ါတွေ ဒီမြေပြင်မှာ လုံးဝဆိတ်သုဉ်းပြီး ကမ္ဘာပျတ်သွားလိုက်၊ ပြီးတော့ သတ္တ၀ါတွေရဲ့ ကံအားလျှော်စွာ ပြန်ဖြစ်လာလိုက်နဲ့ အဲဒီလို ကမ္ဘာကြီး ပြန်ဖြစ်လာတဲ့ အချိန်တွေကို တစ်ကမ္ဘာ၊ နှစ်ကမ္ဘာနဲ့ ရေတွက်ရာက နောက်ဆုံး ရေတွက် မှတ်သားဘို့မနိုင်တော့ဘူး ဆိုရလောက်အောင် များလာတာကို တစ်သင်္ချေလို့ သက်မှတ်တာပေါ့၊ အဲဒီလိုနည်းနဲ့ လေးအင်္ချေနဲ့ ကမ္ဘာတစ်သိန်း လောက်ကြာ အောင် ပါရမီတွေဖြည့်ခဲ့ရတာ။
undefinedပါရမီဆိုတာကတော့ ကလေးတို့နာလည်အောင်ပြောရရင် ရှိသင့် ရှိထိုက်တဲ့ အရည်အချင်းတွေ တဘက်ကန်းခက်ဆိုရလောက်အောင် ပြီးပြည့်စုံအောင် ကြိုးစားအားထုတ်ရတာပါဘဲ။
စွန့်လွတ်လှူဒါန်းတဲ့ ဒါနဆိုရင်လဲ ပစ္စည်း ဥစ္စာက စပြီး၊ ခြေ လက် အင်္ဂါတို့၊ မျက်လုံးတို့ ၊ နောက်ဆုံး အသက်ခန္ဓာအထိ စွန့်လွတ်နိုင်စွမ်းရှိအောင်ပေါ့၊ ကိုယ်ကျင့်သီလ
ဆိုရင်လဲ ကိုယ့်အသက်ကို စွန့်ခြင်စွန့်ရပါစေ ဘယ်တော့မှ မဖြတ်ဘူးဆိုတဲ့ အဆင့်အထိပေါ့ အသိပညာဆိုရင် လဲ ဘက်စုံ အပြည့်အစုံဖြစ်အောင်ပေါ့။
မြတ်စွာဘုရားရှင်ရဲ့ တရားတော်တွေထဲမှာ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့အတွက် ဆိုတဲ့ ၀ိပဿနာတရားတွေ ၊ မဂ္ဂင်တရားတွေသာ မကဘဲ သားသမီးကောင်းဖြစ်ဖို့ လိုက်နာ စရာတွေ မိဘကောင်း ၊ ဆရာကောင်း၊ တပည့်ကောင်းစတဲ့ လူကောင်း သူကောင်းတွေ ဖြစ်ဖို့အတွက် လိုက်နာစရာတွေ လက်တွေ့အသုံးကျအောင် အပြည့်အစုံ အမှန်အကန် ဟောတော်မူနိုင်တာဟာ အဲသည်လောက်ထိကြာတဲ့ ကပ်ကမ္ဘာတွေ ဘ၀အမျိုးမျိုးတွေမှာ ဘ၀ပေါင်းစုံ ကျင်လည်ပြီး အတွေ့အကြုံတွေ ဆည်းပူးခဲ့လို့ပဲပေါ့။ အဲသည်လို အဖက်ဖက်က အားထုတ်ဆည်းပူးလို့ လိုအပ်တဲ့အရည်အချည်းတွေ အားလုံး ပြည်စုံလာတာကို ပါရမီ ဖြည့်တယ်လို့ ခေါ်တာပါပဲ။
အဲဒီလို ပါရမီ ပြည့်စုံပြီးလို့ အခုနောက်ဆုံး ဘုရားဖြစ်မည့်ဘ၀မှာတော့ အခုအခါ နီပေါ နိုင်ငံနဲ့ အိန္ဒိယနိုင်ငံထဲမှာ ပါဝင်တဲ့ မဇ္ဈိဒေသ အရပ်က ကပိလ၀တ္ထုလို့ခေါ်တဲ့ တိုင်းပြည် ( ပြည်နယ်) မှာ ခမည်းတော် သုဒ္ဓေါဓနမင်းကြီးနဲ့ မယ်တော် မာယာဒေ၀ီ မိဘုရားကြီးတို့က အဲဒီခေတ် သတ်မှတ်တဲ့ ခုနှစ်သင်္ကေတအရ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့် သောကြာ နေ့မှာ ဖွားမြင်ခဲ့တယ်။ ( ခရာဇ်နှစ် မပေါ်ခင် နှစ်ပေါင်း ငါးရာကျော် ခြောက်ရာ စုလောက် ကပေါ့။
မင်းသားငယ် မွေးဖွားချိန်မှာ တလောကလုံးက သိသာလောက်အောင် ထူးခြားတဲ့ ဖြစ်ရပ် များက ကြွေးကြော် အသိပေးသလို ဖြစ်ပေါ်ခဲ့ပြီး မင်းသားရဲ့ ခြေ၊ လက်၊ အင်္ဂါစတဲ့ ခန္ဓာကိုယ် တစ်ခုလုံးကလည်း ယောင်္ကျားကောင်း၊ ယောင်္ကျားမြတ်တို့ရဲ့ အမှတ်အသားဖြစ်တဲ့ လက္ခဏာတော်ကြီး ၃၂ ပါးနဲ့ လက္ခဏာတော် ငယ်တွေပါ အပြည့်အစုံ ပါရှိတဲ့အတွက် ရုပ် လက္ခဏာကို ကြည့်ရှုအကဲခတ်သူတိုင်းက စကြာဝဠာ တစ်ခုလုံးကို အာဏာပိုင်စိုး အုပ်ချုပ်နိုင် စွမ်းရှိတဲ့ စကြာဝတေးမင်း ဖြစ်မဲ့ ယောင်္ကျားကောင်း ယောင်္ကျားမြတ်ဖြစ်တယ် ဆိုပြီး တိုင်းတစ်ပါး မင်းများကရော သူဌေးသူကြွယ်များကပါ လက်ဆောင် ဆက်သကြတဲ့ စည်းစိမ် ဥစ္စာ ရတနာတွေရယ် မင်းသားရဲ့ ဘုန်းကံကြောင့်ဖြစ်ပေါ်လာတဲ့ ရွှေအိုးကြီးတွေ၊ ရတနာတွေ ရယ်နဲ့ အဘက်ဘက်က ပြည့်စုံလှတာမို့ မင်းသားရဲ့ အမည်ကို သိဒ္ဓတ္ထလို့ အမည်ပေးကြ တယ်။ မြန်မာ အလိုကတော့ မောင်ပြည့်စုံပေါ့။
ခုခေတ်ပြောကြတဲ့ စကားတစ်ခုရှိတယ်မို့လား၊ သားဦးအရူးဆိုတာလေ ၊ အဲသည် စကားက သားဦးဟာ ရူးကြောင်ကြောင်နိုင်တယ်လို့ ပြောတာမဟုတ်ဘူး။ သားဦးလေး ရတဲ့ အချိန်မှာ မိဘတွေ အရူးအမူး ဖြစ်တတ်ကြတာ အဖြစ်သဲတတ်ကြတာတွေကို ပြောတာ။
ခုလဲ သုဒ္ဓေါဓနမင်းကြီးမှာ အသက်ငါးဆယ် ခြောက်နှစ်ကျော်မှ ကံပေါ်ပြီး ထီးညွန့် နန်းလျာ ဖြစ်တဲ့ သားဦးကို ရတယ်ဆိုတော့ အရူးအမူးဖြစ်မှာပေါ့ကွာ ၊ ဒါကြောင့် သားတော် လေးရဲ့ နောင်ရေးကို သိရအောင် ပုရောဟိတ်လို့ခေါ်တဲ့ ဗေဒင်ကျမ်းတတ် ပုဏ္ဏား ဟူးရား တွေနဲ့ ခေါ်ပြပြီး မေးစစ်ကြတယ်။ ထူးခြားတဲ့ကလေးဆိုတော့ ဘာတွေများ ဘယ်လောက်ထိ ထူးခြားမလဲဆိုတာ သိရအောင် ဗေဒင်မေးတယ်ဘဲ ဆိုကြပါစို့ကွား။
လက္ခဏာတော်ကြီး၃၂ ပါးလို့ခေါ်တဲ့ အမှတ်အသားတွေက သိပ်ပြီး ထင်ထင်ရှားရှား ကြီး မဟုတ်ပဲ အရိပ်အယောင် လောက်သာ ပါတယ်ဆိုရင် အဲဒီယောင်္ကျားဟာ စကြာဝတေး မင်း ဖြစ်တတ်ပြီး ပီပီပြင်ပြင် ထင်ထင်ရှားရှားကြီး ပါရင်တော့ လောကီစီးစိမ်းကို မမွေလျော် တော့ဘဲ တရားဓမ္မထဲမှာ ဘ၀ကို နှစ်မြုပ် မွေ့လျော်တတ်တဲ့ သဗ္ဗညုဘုရားစစ်စစ် ဖြစ်မယ်လို့ ဝေဒ ကျမ်းတွေမှာ ပါသတဲ့။ ဒါပေမဲ့ ဖခင်ဖြစ်တဲ့ သုဒ္ဓေါဓနမင်းကြီးက စကြာဝတေးမင်း ဖြစ်စေ ချင်တဲ့ ဆန္ဒ ပြင်းထန်နေတယ်ဆိုတာ သိကြတော့ မင်းခစားဖြစ်တဲ့ ပုဏ္ဏား ဟူးရားအိုကြီး တွေက နိမိတ်ဖတ်တဲ့ အခါမှာ သိဒ္ဓတ္ထ မင်းသားငယ်ရဲ့ ခန္ဓာကိုယ်မှာ လက္ခဏာတော်ကြီးတွေ ထင်ထင်ရှားရှား ပြည့်ပြည့်စုံစုံကြီး ပါနေတာ တွေ့ရပေမဲ့ လောကုတ္တရာတရားနှင့် မွေလျော်မယ် ဆိုရင် လောကသုံးပါးမှာ အမြင့်မြတ်ဆုံးဖြစ်တဲ့ သဗ္ဗညုဘုရားရှင်ဖြစ်မယ်။ လောကီနယ်မှာ မွေ လျော်မယ်ဆိုရင်တော့ စကြာဝတေးမင်းဖြစ်လိမ့်မယ်ဆိုပြီး နှစ်မျိုးနှစ်ခွ ဟောကြသတဲ့။
ပုဏ္ဏားတွေထဲမှာ အသက်အငယ်ဆုံးလဲဖြစ် ပညာလဲ အလွန်ထက်တဲ့ ကောဏ္ဍည ပုဏ္ဏားကတော့ အခြားပုဏ္ဏားအိုကြီးတွေလို On the other hand တေဘာတွေလုပ်မနေဘူး On the one hand ချောင်းပဲ ထောင်ပြသတဲ့ အဲဒါ ဘာလဲ ဆိုတော့မှ သဗ္ဗညု ဘုရားစင်စစ် ဧကန်ဖြစ်မယ်၊ တစ်ခြားဘာမှ မဖြစ်နိုင်ဘူးလို့ ဟောတာ ဘုရင်က အလိုမကြလို့ ရာထူး ကဖြုတ် လိုက်တော့ ဘာမှ ၀မ်းနည်းမနေဘဲ ဘုရားလောင်းအလာကို ဥတုဝေလတောက
စောင့်မယ်ဆိုပြီး ထွတ်သွားတယ်ဆိုကိုး။ ကောဏ္ဍည ပုဏ္ဏားငယ်ဟောတဲ့ထဲ မှ အသက်၊ ရက်တွေပါ၊ အတိအကျနဲ့ အသက် အရွယ်ဘယ်လောက်မှ သူအို၊ သူနာ၊ သူသေ ရဟန်းဆိုတဲ့ နိမိတ်ကြီးလေးပါမြင်ပြီ တော ထွတ်မယ်ဆိုတာလဲ ပါသေးသတဲ့။
ဒီလိုပြောလိုက်လို့ ဗေဒင်ပညာကတယ်ဟုတ်ပါလားဆိုတော့ အထင်မ ကြီးလိုက် အုံးနော်၊ အဲဒီကောဏ္ဍည ပုဏ္ဏားဟာ သုဒ္ဓေါဒန မင်းကြီးရှေ့မှာသာ အာဘောင်အာရင် သန်သန်းနဲ့ လက်ညိုးတစ်ချောင်းထောင်ပြီးဟောခဲ့တာ။
တကယ်တမ်း ဘုရားဖြစ်တော်မူတဲ့ အခါ တရားဦးဟေဘို့ အတွက် မိဂဒါဝုန်တော ကိုကြွသွား တော့ အဲဒီကောဏ္ဍည ကိုယ်တိုင်ကပဲ သဗ္ဗညုဘုရားဖြစ်ပြီဆိုတာ မယုံကြည် နိုင်ပါဘူးဆိုပြီး တရားနာဘို့ ငြင်းဆန်ခဲ့သေးတယ်။ ကလေးတို့လဲ မှတ်ထားနော်၊ ဗေဒင်ဆရာဆိုတာ သူများကိုသာအပြောသန်တာ၊ ကိုယ်တိုင်ဘ၀ကိုပုံပြီး လက်ခံရမှာကြတော့ ကိုယ်ဗေဒင်ကိုမယုံ ဘူးဆိုတာ ကောဏ္ဍညပုဏ္ဏာကိုကြည့်ရင် သိသာတယ်။
ဘာပဲဖြစ်ဖြစ် သားအတွက်ရတက်မအေးနိုင်တဲ့ သုဒ္ဓေါဒန မင်းကြီးကတော့ သားတော်ရဲ့မြင်ကွင်းထဲမှာ သူအို၊ သူနာ၊သူသေဆိုတာ မတွေ့မမြင်ရအောင် အမိန့် ပေးစီမံထားသတဲ့။
သူကိုယ်တိုင်က သားတော်ထက် အသက်ငါးဆယ်ကျော် ခြောက်ဆယ်နီးပါး ကြီးရင့် အိုမင်းနေတဲ့ကိစ္စ ကိုတော့ ဘယ်လိုမိတ်ကပ်တွေနဲ့ ဖန်တီးထားတယ်ဆိုတာ စာထဲမှာ မတွေ့ရဘူးကွ။
ပြီးတော့ သားတော်ကို ဓမ္မနယ်ပယ်ဘက်ပါမသွားအောင် ကာမဂုဏ်နှောင်ကြိုးနဲ့ ချည်ထားမှပဲဆိုပြီ တစ်ဆယ်ခြောက်နှစ်အရွယ်မှာပဲ ယသော်ဓရာမင်းသမီးနဲ့ ထိမ်းမြား လက်ထပ်ပေးပြီး၊ နွေ၊မိုး၊ဆောင်း ရာသီအလိုက် စံမြန်းစရာ နန်းမသုံးဆေင်မှာ မောင်းမ မိတ်သံအခြွေရံများနဲ့ ခံစားပျော်မွေ့အောင် စီမံပေးထားတာတဲ့ ။
သဘာဝတရာတို့၊ အမှန်တရားတို့ဆိုတာ ကြာကြာဖုံးကွယ် လှည့်ဖြားထားလို့ ရတဲ့ အရာမျိုး မဟုတ်တဲ့ အပြင် သိဒ္ဓတ္ထမင်းသားဆိုတာကလဲ ပါရမီရှင့်ကျတ် ထက်မြတ်တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် သူ့ကို လိမ်ညာ လှည့်ဖြားလို့ ဘယ်ရမလဲ အသက်နှစ်ဆယ့်ကိုးနှစ်ယောက်တဲ့အခါ ဥယျာဉ်တော်ထဲ လှည့်လည်ရှုစားဘို့ သွားရင်း သူအို ၊သူနာ၊ သူသေ တွေကိုတွေ့မြင်သွားပါတော့တယ်။ မင်းသားရဲ့ အပါးတော်မြဲဖြစ်တဲ့ မောင်စံက ငါဟာ သက်ရှိလောကကြီးတစ်ခုလုံးရဲ့ ဖြစ်ရိုးဖြစ်စဉ်ကြီးဖြစ်ပါတယ်။ ဘယ်သူမှ ငြင်းဆန်လို့ မရတဲ့ ပုံသေဖြစ်စဉ်ကြီးပါ ဆိုတဲ့ အကြောင်းလျှောက်တင်တဲ့အခါ သိဒ္ဓတ္ထမင်းသားက ဒီမွေး အို နာ သေ ဆိုတဲ့ ပုံသေဖော်မြူလာကြီးကို ပြောင်းလဲပစ်ရမယ်။ မအို မနာ မသေရာကို ငါရှာမယ် နေရိုးနေစဉ် အိမ်ထောင်သားမွေးဆိုတဲ့ ဓလေ့ဟောင်းကြီးအတိုင်းနေနေသမျှတော့ ဒီပုံသေး ဖြစ်စဉ် အဟောင်းကြီး အတိုင်းသွားနေရမှာပဲ။
ပုံသေဖြစ်စဉ်ဟောင်းကြီ်းက လွတ်ဘို့အတွက် နေရိုးနေစဉ် အိမ်ထောင်သားမွေ အာရုံငါးပါးနဲ့ပျော်မွေ့ မေ့လျှော့နေတဲ့ အဖြစ်ကိုလည်း စွန့်လွှတ်ရမယ်၊ ဒါကြောင့် တောထွက်ပြီး တရားဓမ္မ ရှာဖွေမယ် လို့ အခိုင်အမာ ဆုံးဖြတ်လိုက်ပါတယ်။တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့မှာပဲ ယသော်ဓရာ မိဖုရားက သားဦး ရတနာလေးကို ဖွားမြင်ပါတယ် ။ ဒီသတင်းကို သိဒ္ဓတ္ထမင်းသားကြာသိရတဲ့အခါ လကို ရာဟုဖမ်းသလို ငါဘ၀ကို ဖမ်းမယ့်သံယောဇဉ် တစ်ခု တိုးတာပဲ၊အမြန်ရုံးထွတ်မှ ဖြစ်မယ်လို့ ဆုံးဖြတ်ပြီး အဲဒီညသန်းခေါင်ယံမှာပဲ ထီးနန်း စည်းစိမ်းတွေကော မိဖုရားနဲ့ သားတော်တို့ကိုပါ စွန့်လွတ်ပြီ တောထွက်ခဲ့တယ် ။ လကို ရာဟုဖမ်းသလိုပဲ ဆိုတဲ့ စကားကို အကြောင်းပြုပြီး သားတော်ရဲ့ အမည်ကို ရာဟုလာလို မှည်ကြသတဲ့။
မလေးကိုစိတ်ထဲမှာ သားတော်လေး ဖွာမြင်တဲ့နေ့မှာပဲ ဖအေဖြစ်တဲ့ ဘုရားအ လောင်းက စွန့် ပစ်ပြီးတောထွက်သွားတယ် ဆိုတော့ သားလေး ကိုမချစ်ဘူးလိုများ ထင် ကြမလာပဲနော် ။ အခုခေတ်မှာ လည်း တချို့အဖေတွေမိသားစုကို စွန့်ခွါပြီ နိုင်ငံခြားတွေ ဘာတွေထွက်သွားကြ ရှိတယ်မို့လား ၊ အဲဒါဘာ ဖြစ်လို့လဲ ဆိုရင် သားတို့ကိုချစ်လို့ ဘာမဆို မချို့မတဲ့ပြည့်ပြည့်စုံစုံ ဖြစ်စေချင်လို့ လို့ပြောကြမှာပဲ မို့လား ဒါပေမဲ့ သူတို့ရှာပေးနိုင်သမျှဟာ သူတို့ ထင်ထားသလို အရာရာ မတောင့်တ မပူပင်ရအောင် ဆိုတာ တော့ မဖြစ်ကြဘူး။ ရသမျှဟာ စိုးရိမ်ပူပန်စရာတွေနဲ့ အမြဲယှဉ်တွဲနေတာဖြစ်လို့ ပစ္စည်းနဲ့ပိုင်ဆိုင်သူဆိုတာ ဦးရာက အရင်ပျတ်ပြီးနောက်ဆုံးတော့ မျက်ရည်နဲ့ နှုတ်ဆက်ခွဲခွါရတာမျိုးချည်းပါပဲ။
အလောင်းတော်သိဒ္ဓတ္ထဟာ ဥယျာဉ်တော် လှည့်လည်စဉ်က တွေ့မြင်ခဲ့ရတဲ့ သူအို သူနာ သူသေ တို့နဲ့ ချစ်ခင်အတွယ်အတာဆုံးတွေကို စွန့်လွှတ်ဆုံးရှုံးရတဲ့အတွက် ငိုကြွေးနေကြသူတွေအကြောင်းကို တွေးကြံရင် တစ်ကိုယ်ကောင်း အာရုံခံစားမှု အတွက်တွယ်တာတဲ့ အချစ်ဆိုတာ တကယ်အစစ်မဟုတ်ဘူး ၊ ဆွဲဆောင်မှု ပြင်းထန်သ လောက် ခံနိုင်ရည် ချည့်နဲ့တဲ့ အတွက် သေးငယ်(သေးသိမ်)လှတယ်၊ တစ်ခဏ အတွက် အင်အားပြင်းထန်ပေမယ် ထာဝရအတွက် အင်အားချည့်နဲ့တဲ့ အရာဆိုတာ အတုအယောင်သာ ဖြစ်တယ်၊ တစ်အောင့်တစ်ခဏ ကျေနပ်သာယာမှု အတွက်ပေးဆပ်ရတဲ့ မျက်ရည်နဲ့ ငိုကြွေး ရတဲ့ အချိန် တွေဟာ မတန်မရာ အတိုးကြီးလှတယ် ။ တစ်လောကလုံး အငိုရပ်ဘို့ အတွက် မအို မနာ မသေရာ တရားမြတ်ကို ရှာတော့မယ် မြင့်မြတ်မှုအတွက် ကြီးကျယ်တဲ့ အရာအားလုံး ကို စွန့်တော့မယ်လို့ ဆုံးဖြတ်ခဲ့တာပါ။
မင်းသားရဲ့ ကြံတွေး စဉ်းစားနေတဲ့ အမှုအရာတွေကငို တွေ့မြင်ပြီး ခမည်းတော် အပါအ၀င် အားလုံးကပဲ သိနေကြလို့ ငိုကြွေးတားမြစ်တဲ့ ကြားကပဲအားလုံးကို စွန့်ခွါပြီး တောထွက်ခဲ့တာပါ။ တောထွက်ခါနီးမှာ ယသောဓရာ မိဖုရားကို ပြောဆိုပုံနဲ့ ပတ်သက်လို့ ရေးဖွဲ့ပူဇော်တဲ့ ကမ္ဘာကျော်ကဗျာ( အာရှတိုက်ရဲ့ အလင်းရောင်) မှာတော့ အားလုံးထက် အစွန့်ရခက်တဲ့ အပယ်မိဖုရား၊ သတ္တ၀ါအားလုံးကို ချစ်သမို့ ငါဟာမင်းကို အချစ်ဆုံးဖြစ်တယ် ဆိုတာ သိပါ ၊ ပူဆွေးစရာ ကြုံရင် ငါ့တို့အခုပူဆွေးရခြင်းဟာ ကမ္ဘာပေါ်မှာ ငြိမ်းအေးဖို့ အတွက်မျှော်လင့်ချက်ပဲ၊ သောကကြောင့် ကျရတဲ့ မျက်ရည်တွေဟာ လောကရဲ့ မျက်ရည် တွေကို ဆေးကြောပေးမဲ့ ကမ္ဘာပြုမိုးကြီးဖြစ်လာမယ်လို့ ယုံကြည်ပြီးမင်းဖြေတော့ ကမ္ဘာ ကြီး မျက်ရည်စဲပြီး ငိုပွဲရပ်တဲ့ အခါမှာ အချစ်ဆုံးများဟာ ရှေ့ဆုံးကပါကြမယ် လို့ဖျောင်းဖျပါသတဲ့။
ဒီနေ့------ချစ်သူတို့ကျရတဲ့ မျက်ရည်ဟာ နောက်တော့ တစ်လောကလုံးရဲ့ မျက်ရည်တွေကို ဆေးကြော ပေးနိုင်တဲ့ ကမ္ဘာပြုမိုးကြီးဖြစ်စေမယ်လို့် ကတိပေးလိုက်တဲ့သဘောပါပဲ။
ငွေကို လိုချင်သူဟာ ငွေကို စွန့်လွှတ်ရင်းနှီးမြှုပ်နှံခဲ့ပြီးတောထွက်ခဲ့တာပါ အချစ်စစ် (မေတ္တာ)ကိုပြဖို့ အတွက် အချစ်တုကို ခွဲခွါခဲ့တာလို့ပဲ ဆိုရမှာပေါ့။ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
No comments:
Post a Comment