သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Friday, January 8, 2010

တေးသွားများနှင့် မင်္ဂလာနှစ်ပတ်လည်...။

Micheal Jackson ရဲ့ သီချင်းနဲ့ စာသားကို တင်ဆက်လိုက်ပါတယ်။ ဂျပန်မှာ(1987ခုနှစ်) ဆိုသွားတဲ့ စတိတ်ရှိုးအခွေပါ။ လွန်ခဲ့သော ဆယ်နှစ်ကျော်တုန်းက ကျမရဲ့အစ်ကိုတစ်ယောက်က သီချင်းအခွေကြည့်ဖို့ ပေးခဲ့လို့ပါ။ တစ်ခွေလုံးမှာ ဒီသီချင်းလေးကို အကြိုက်ဆုံးဖြစ်ပါတယ်။ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ကျမရဲ့ ဘကြီးက သီချင်းစာသားများကို ကူညီဘာသာပြန်ပေးခဲ့ပါတယ်။ ဒါကြောင့် သီချင်းအေးအေးလေးတွေ ကြိုက်တတ်တဲ့ ကျမအတွက်တော့ တေးသွားရော စာသားပါ နှစ်သက်စရာကောင်းနေပြန်ပါတယ်။
စာဖတ်သူတို့ ခံစားနားဆင်နိုင်ဖို့ လင့်ပေးလိုက်ပါတယ်။

Micheal Jackson - I just can't stop loving you.
http://www.youtube.com/watch?v=jsK77IcHBJU

http://www.youtube.com/watch?v=1cgHrfdeeZA&feature=related

ကျမမှာ ချစ်သူရှိလာတဲ့အခါ ချစ်သူနားဆင်ဖို့အတွက် ဒီသီချင်းကို အထူးရွေးချယ်ထားပါတယ်။ ဒါပေမယ့် ကျမတို့ ချစ်သူဘဝမှာ အတူနားဆင်ဖို့ အချိန်မရခဲ့ပါဘူး။ လက်ထပ်ပြီးတဲ့နောက်မှပဲ နားထောင်ဖြစ် တော့တယ်။ ဒါကြောင့် မင်္ဂလာနှစ်ပတ်လည်အတွက် အမှတ်တယဖြစ်စေဖို့ ဒီသီချင်းလေးကို ကျမရဲ့ ဖူးစာဖက် (Shujin)သို့ ပြန်လည် နားဆင်နိုင်ရန်အတွက် ရည်ရွယ်လျှက်။

http://www.youtube.com/watch?v=1nV_p6cvr2A&feature=channel

No comments: