သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Saturday, January 23, 2010

စနေမှာ ရွာတဲ့မိုး။

အော် အခုတလော ရာသီဥတုတွေ ဖောက်ပြန်၊ ဖောက်ပြန်တယ်လို့သာ ပြောရတာပါ၊ ကမ္ဘာပေါ်မှာ လူတွေက သဘာဝတွေကို ဖျက်ဆီး၊ သဘာဝတရားတွေက ပြန်လည် တုံ့ပြန်လာတဲ့အခါမှာတော့ အခုလိုများ ဆောင်းရာသီမှာ မိုးတွေက ရွာလိုရွာ။ ဆောင်းနှင်းပွင့်တွေ မကျလာပဲ မိုးစက်တွေသာ ခပ်ကြမ်းကြမ်းကျလာပါတော့တယ်။ စနေနေ့မှာ ရွာတဲ့မိုးဆိုရင် မစဲဘူးလို့ တဆင့်စကား တဆင့်နားကြားဖူးခဲ့တာရှိပါတယ်။ ဘာကြောင့်လဲတော့မသိပါဘူးလေ၊ မိုးတွင်းမှာ စနေနေ့မှာ ရွာတဲ့မိုးဆိုရင် လွယ်ကူစွာ မတိတ်နိုင်တော့ဘူး၊ သတိထားမိတာလေးပါ။ အဲဒါနဲ့ ဆိုင်လားတော့ မသိပါဘူး၊ သီချင်းလေးတစ်ပုဒ် တင်ဆက်ထားပါတယ်၊ နားသောတဆင်ပေးကြပါအုံးနော်။



No comments: