သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Saturday, January 16, 2010

မြောက်လေပြေသွေးပြန်တော့ မောင်ဘယ်ဆီကိုရောက်နေ....။

အော် ဘာလိုလို ခြောက်သွေ့တဲ့ဆောင်းတစ်လမှာ ခရီးလေးတစ်ခု ထွက်ဖြစ်ခဲ့ပါတယ်။ ခရီးထဲမယ် တောင်တန်းတွေနဲ့ မှုန်ပြာရီမှိုင်းညို့ညို့မှာကွဲ့ သီချင်းလေးတစ်ခု စိတ်ထဲကနေ တိုးတိုးလေးညည်းမိပါတယ်။ အဲဒီသီချင်းလေးကတော့...............

ချမ်းအေးတဲ့ နှင်းလပြာသို.....အုံ့မှိုင်းလို့ ဝိုးတဝါး ...မစို တစို... သစ်ရွက်တို့ တဆတ်ဆတ် ရှိုက်ကာငို.... 
ကြွေရည်လူးလွန့်တဲ့...ဆောင်းသဇင်၊ ရနံ့ကြိုင်ကာ ...သင်းတဲ့ ဆောင်းလေ
ကျီစယ်သလို ရင်မှာ ပုန်းရှောင်ခို၊ 
၂(မခို့တရို့နဲ့ သူ့အလှ ကဗျာဆန်၊ ကြည့်ရင်းနဲ့ စွဲမက်လာတာ၊ မှတ်မိသေး...
မင်းနဲ့ ချစ်ချိန်တွေ.................
ကိုယ်ကိုယ်တိုင်ခူးပေးခဲ့တယ် ...ဆောင်းသဇင်တွေ မင်းဆံမြိတ်ထက်မှာ
ဘယ်ချိန်ဘယ်ခါ ....ကိုယ်မမေ့နိုင်ပါ။
နှင်းမြူတွေ ဆိုင်းရင်၊ ဆောင်းသဇင်တွေ ပွင့်နေ.........
မင်းလာမယ့် လမ်းက အမြဲကိုယ်.......ကြိုလင့်စောင့်ရင်း
အရှေ့လေပြေသွေးရင်၊ အချစ်ဘယ်ဆီရောက်နေ၊
မကြွေခင်မှာ လာလေပေါ့အချစ်၊ မေ့မရ ကိုယ့်အချစ်ဆုံး မြခွါညို)



(ဒီသီချင်းလေးကို နှစ်သက်မိတာ အနှစ်နှစ်ဆယ်လောက်ကတည်းကပါ။)

အပါးတော်မှာ ကိုယ်ရံတော်က မရှိလေတော့ အလွမ်းတွေကပဲ စိုးမိုးနေပါတော့တယ်။ 
ခေါင်းစဉ်ကတော့ သီချင်းစာသားကို ယူသုံးလိုက်ရတာပါ။ သင့်တော်သလိုလေး။
အင်း တကယ်တမ်း စဉ်းစားကြည့်တော့လည်း ယုယုယယမရှိလှတဲ့ လင်တော်မောင်ကို သိပ်တော့လည်း မလွမ်းလိုလှပါဘူး(အပြင်မှာဆိုရင် မျက်စောင်းလှလှလေးတစ်ခုလောက်တော့ ထိုးမိမယ်)၊ ပန်းခူးပေးတာဆိုလို့  ကမ္ဘာအေးဘုရားရှေ့မှာ ခရေပင်ပေါ်က ပန်းကို ကျမက အရပ်မမီတာကြောင့် ခူးပေးပါလို့ဆိုပြီး တောင်းဆိုလို့ ပေးဖူးတာပါ။ 
ပန်းပေးတာမျိုးထက် ကျမအတွက် အသုံးလိုမယ့် ပစ္စည်းမျိုး ဝယ်ပေးချင်သူပါ။
ဒါမျိုးဆိုရင်တော့ မိန်းမသဘော မိန်းမသဘော မိန်းမသဘော။ ဒါ့အပြင် ပညာရှိနည်းနဲ့ တရားစာအုပ်တွေဝယ် အလှထားဖို့ အဲလေ ယောင်လို့ ဖတ်ဖို့လည်း ဝယ်ပေးရဲ့။ အိမ်မှာဆို ပေါလိုက်တဲ့ စာအုပ်တွေ၊ သူက ဝယ် ကျမက ဖတ်၊ ကျမကပဲ ဖုန်သုတ်။ အဲလိုပေါ့လေ။

အဲသည်လိုနဲ့ ဒီလိုနေ့ရက်လေးတစ်ခုမှာ ခုနှစ်တစ်ခုဆီတုန်းက ကဗျာမဆန်တဲ့ ယောက်ျားနဲ့ ကဗျာဆန်တဲ့ မိန်းမတို့ရဲ့ ချစ်ခြင်းတစ်ခုမှာ အတူပေါင်းဆုံမိခဲ့ကြတာဖြစ်ပါတယ်။ ဘယ်လိုသောအကြောင်းတရားများကြောင့် မတူညီမှုတွေက ပေါင်းဆုံမိစေခဲ့တာလည်းရယ်လို့ ကျမ စဉ်းစားနေတုန်းပါပဲ။

No comments: