သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Friday, January 22, 2010

မေ့ဘဝ ပိုင်သူသခင်....။

ဟိုးတလောလေးဆီတုန်းကပေါ့။ ကျမ အထူးနှစ်သက်ပါသော ကွယ်လွန်သူ အဆိုတော် ထူးအိမ်သင်သီဆိုသော “ဇာတ်ပေါင်းခန်း”သီချင်းလေးကို

ဇာတ်ပေါင်းခန်း-ထူးအိမ်သင်
http://www.youtube.com/watch?v=lOfQryR063s&feature=related
 
ကျမရဲ့ အိမ်ဦးနတ်က နားဆင်စေလိုကာ ပေးတုန်းက ကျမ ဘယ်သီချင်းလေးများ ပြန်ပေးရင်ကောင်းမလဲ စဉ်းစားမိတော့............
စိတ်ထဲမယ် ပေါ်လာတဲ့ သီချင်းလေးကို မှတ်မှတ်ယယဖြစ်စေလိုတာကြောင့်။

နောက်တစ်ခုကတော့ ချိုပြုံးသီချင်းနဲ့ ရုပ်ရှင်တချို့ကိုလည်း နှစ်သက်မိတော့ ရင်ထဲမှာ ရှိနေတဲ့ သီချင်လေးနဲ့ အလုပ်က ပြန်လာမယ့် ခင်ပွန်းသည်ကို အမောတော်ပြေစေရန် နားသောတဆင်စေဖို့....။
(မောင့်မူပိုင်ရှင် မောင့်မူပိုင်ရှင် မေတ္တာအသည်းဆက် သက်နှင်းပေးအပ်ချင် ပျက်မယွင်းတဲ့ ဘဝ တစ်ခွင် မောင့်မူပိုင်ရှင် ချစ်ကမ္ဘာမှာပင် မေတ္တာသာလျှင် ချစ်မြတ်နိုး ဆတစ်ပိုးတိုးလို့ ပင် နှောင်ဖွဲ့  သမုဒယ ငင် သစ္စာပန်ဆင် ချစ်သူနှစ်ဦး ကြည်နူးပြုံးပြုံး ရွှင် ..........ရည်စူးဆုံးဘဝတိုင်ပဲရှင်........... မောင့်မူပိုင်ရှင် မေ့ဘဝ ပိုင်သူသခင် မေ့ကမ္ဘာလည်းမောင့်အတွက်ထင် အသည်း အသက်လို ပမာတင် မောင့်အကြိုက်သဘော လိုက် လျောမတဲ့ရှင် မောင့်မူပိုင်ရှင် မောင့်မူပိုင်ရှင် .......) (ချိုပြုံး)


No comments: